Local Industry

မြန်မာ သင်္ဘောသား ၄၆ ဦး တရုတ်တွင် ဖမ်းဆီးခံထားပြီး တရုတ်ကမ်းရိုးတန်း၌ နစ်မြုပ်၊ ၁၀ ဦးပျောက်ဆုံးနေ

မြန်မာ သင်္ဘောသား ၄၆ ဦး တရုတ်တွင် ဖမ်းဆီးခံထားပြီး တရုတ်ကမ်းရိုးတန်း၌ နစ်မြုပ်၊ ၁၀ ဦးပျောက်ဆုံးနေ google

တရုတ်နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းတွင် ကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်သွားမှုကြောင့် အနည်းဆုံးတစ်ဦးသေဆုံးပြီး ၁၀ ဦးပျောက်ဆုံးနေကြောင်း တရုတ်နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

 

မြန်မာနိုင်ငံ ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာနကလည်း တရုတ်နိုင်ငံတွင် ဖမ်းဆီးခံရသည့် သင်္ဘော ၃၆ စင်း၏ အမည်စာရင်းအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ယင်းသင်္ဘောများထဲတွင် တရုတ် မှောင်ခို သင်္ဘောများနှင့် အရေးယူပိတ်ဆို့ခံထားရသည့် မြောက်ကိုရီးယားနိုင်ငံမှ သင်္ဘောများလည်း ပါဝင်လျှက်ရှိသည်။

 

ရှန်ကျန်းခရိုင်၊ တိုင်ဇူမြို့၏ အရှေ့ဘက် ရေမိုင် ၉၀ (၁၆၉ ကီလိုမီတာ) အကွာတွင် ဇန်နဝါရီ ၂ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၄ နာရီခွဲခန့်က နစ်မြုပ်ခဲ့သည့် အဆိုပါသင်္ဘောပေါ်တွင် လူ ၁၅ ဦး ပါရှိကြောင်း ဒေသခံ ရေကြောင်းအာဏာပိုင်များ ထိုင်ဝမ်နိုင်ငံ၏ ဆိပ်ကမ်းမြို့ဖြစ်သည့် ကောင်းရှုန်းမြို့မှ ထွက်ခွာလာသည့် ၂၆၂ ပေရှည် အဆိုပါကုန်တင်သင်္ဘောပေါ်တွင် မြန်မာသင်္ဘောသား ၁၄ ဦးနှင့် ထိုင်ဝမ်နိုင်ငံသားတစ်ဦး ပါရှိပြီး လက်ရှိအချိန်အထိ လေးဦးအား ကယ်ဆယ်ထားပြီးဖြစ်သည်ဟု ဆင်ဟွာက ရေးသားထားခဲ့ပါသည်။

 

၁။ တရုတ်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် မြန်မာ သင်္ဘောသားများနှင့်ပတ်သက်၍ မြန်မာသံရုံး ပေကျင်းမြို့၏ ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ၁၇-၂-၂၀၂၀ ရက်စွဲပါ အသိပေးချက် (၁) နှင့် ၂၀-၂-၂၀၂၀ ရက်စွဲပါ အသိပေးချက်(၂)တို့ဖြင့် အသိပေးခဲ့ပြီးဖြစ်ပါသည်။ ပေကျင်းမြို့၊ မြန်မာသံရုံးတွင် ၂၅-၂-၂၀၂၀ ရက်နေ့အထိ နောက်ဆုံးလက်ခံရရှိထားသည့် စာရင်းများအရ တရုတ်နိုင်ငံရှိ ပြည်နယ်နှင့် မြူနီစီပါယ်မြို့ (၈) ခု တို့ကို ထိန်းသိမ်းရေးနှင့် အကျဉ်းစခန်း (၁၈) ခု တို့တွင် တရားမဝင်မှောင်ခိုပစ္စည်းများ သယ်ဆောင်ရောင်းဝယ်မှုဖြင့် အမှုရင်ဆိုင်နေရခြင်းနှင့် ပြစ်ဒဏ်ကျခံနေရသည့် မြန်မာသင်္ဘောသား စုစုပေါင်း (၆၃)ဦး ရှိကြောင်း သိရှိရပါသည်။

 

၂။ တရုတ်နိုင်ငံရှိ တာဝန်ရှိသူများ၏ ၂၀-၂-၂၀၂၀ ရက်နေ့ ရှာဖွေစစ်ဆေးချက်များအရ တရုတ်နိုင်ငံရှိ ဟူပေ၊ ရှန်းတုန်းနှင့် ကျက်ကျန်းပြည်နယ်များရှိ အကျဉ်းစခန်း(၅)ခုတို့တွင် COVID-19 ဗိုင်းရပ်စ်ကူးစက်ခံနေရသူ (၅၀၀)ကျော်ရှိကြောင်း သိရှိရပြီး၊ ထိုအရေအတွက်တွင် ဝူဟန်မြို့ရှိ အမျိုးသမီးအကျဉ်းစခန်းတွင် ရောဂါပိုးကူးစက်ခံနေရသူ (၂၃၀)ဦးနှင့် ရှန်းတုန်းပြည်နယ်၊ ရန်ချန်းမြို့အကျဉ်းစခန်းတွင် ရောဂါပိုးကူးစက်ခံနေရသူ (၂၀၀)ဦးတို့ ပါဝင်ကြောင်း သိရှိရပါသည်။ သက်ဆိုင်ရာ တရုတ်အာဏာပိုင်များနေဖြင့် အခြားသောအကျဉ်းစခန်းများတွင် ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရေးနှင့် လက်ရှိကူးစက်ခံနေရသူများကိုလည်း သီးခြားခွဲ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

 

၃။ ပေကျင်းမြို့၊ မြန်မာသံရုံးမှ မြန်မာအကျဉ်းသားများရှိသည့် ပြည်နယ်နှင့် မြူနီစီပါယ်မြို့ (၈)ခုတို့ကို ထိန်းသိမ်းရေးနှင့် အကျဉ်းစခန်း(၁၈)ခုတို့ရှိ တာဝန်ခံများထံ ဆက်သွယ်မေးမြန်းသိရှိရချက်အရ မြန်မာသင်္ဘောသားစုစုပေါင်း (၆၃)ဦးတို့မှာ ရောဂါကူးစက်ခံရခြင်း မရှိပါကြောင်းနှင့် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။ ထို့အပြင် မြန်မာသင်္ဘောသားများ ထိန်းသိမ်းခံ နေရသည့် ထိန်းသိမ်းရေးနှင့် အကျဉ်းစခန်း(၁၈)ခုတို့တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားခြင်း မရှိ ပါကြောင်းလည်း သိရှိရပါသည်။

 

၄။ ပေကျင်းမြို့၊ မြန်မာသံရုံးမှာအနေဖြင့် ထိန်းသိမ်းခံနေရသည့် မြန်မာသင်္ဘောသားများ၏ နေရေး၊ စားရေး၊ ကျန်းမာရေးတို့အား ဂရုပြုပေးရေး၊ ရာသီဥတုနှင့်လျော်ညီစွာ ထားရှိရေး၊ ဆောလျင်စွာ အမှုစစ်ပေးရေးနှင့် လက်ရှိရောဂါဖြစ်ပွားမှုအပါအဝင် လူသားချင်းစာနာ ထောက်ထားခြင်းတို့အရလျော့ပေါ့သက်ညှာစွာ စဉ်းစားပေးရေးနှင့် ဖြစ်နိုင်ပါက ပြစ်ဒဏ်မှ လွတ်ကင်းခွင့်ပြုပါရန် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စာထပ်မံပေးပို့ထားပါကြောင်းကိုလည်း အသိပေးအပ်ပါသည်။

 

Moving Services ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ၆၁ ခုကိုရှာဖွေရန်နှိပ်ပါ

 

<<<Zawgyi>>>

 

ျမန္မာ သေဘၤာသား ၄၆ ဦး တ႐ုတ္တြင္ ဖမ္းဆီးခံထားျပီး တ႐ုတ္ကမ္း႐ိုးတန္း၌ နစ္ျမဳပ္၊ ၁၀ ဦးေပ်ာက္ဆုံးေန

 

တ႐ုတ္ႏိုင္ငံအေရွ႕ဘက္ ကမ္း႐ိုးတန္းတြင္ ကုန္တင္သေဘၤာတစ္စင္း နစ္ျမဳပ္သြားမႈေၾကာင့္ အနည္းဆုံးတစ္ဦးေသဆုံးၿပီး ၁၀ ဦးေပ်ာက္ဆုံးေနေၾကာင္း တ႐ုတ္ႏိုင္ငံပိုင္ဆင္ဟြာသတင္းဌာနက သတင္းထုတ္ျပန္ခ်က္အရ သိရပါသည္။

 

ျမန္မာႏိုင္ငံ ေရေၾကာင္းပို႔ေဆာင္ေရး ဦးစီးဌာနကလည္း တ႐ုတ္ႏိုင္ငံတြင္ ဖမ္းဆီးခံရသည့္ သေဘၤာ ၃၆ စင္း၏ အမည္စာရင္းအား ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၂၂ ရက္ေန႔က ထုတ္ျပန္ခဲ့ၿပီး ယင္းသေဘၤာမ်ားထဲတြင္ တ႐ုတ္ ေမွာင္ခို သေဘၤာမ်ားႏွင့္ အေရးယူပိတ္ဆို႔ခံထားရသည့္ ေျမာက္ကိုရီးယားႏိုင္ငံမွ သေဘၤာမ်ားလည္း ပါဝင္လွ်က္ရွိသည္။

 

ရွန္က်န္းခ႐ိုင္၊ တိုင္ဇူၿမိဳ႕၏ အေရွ႕ဘက္ ေရမိုင္ ၉၀ (၁၆၉ ကီလိုမီတာ) အကြာတြင္ ဇန္နဝါရီ ၂ ရက္ေန႔ ေဒသစံေတာ္ခ်ိန္ နံနက္ ၄ နာရီခြဲခန႔္က နစ္ျမဳပ္ခဲ့သည့္ အဆိုပါသေဘၤာေပၚတြင္ လူ ၁၅ ဦး ပါရွိေၾကာင္း ေဒသခံ ေရေၾကာင္းအာဏာပိုင္မ်ား ထိုင္ဝမ္ႏိုင္ငံ၏ ဆိပ္ကမ္းၿမိဳ႕ျဖစ္သည့္ ေကာင္းရႈန္းၿမိဳ႕မွ ထြက္ခြာလာသည့္ ၂၆၂ ေပရွည္ အဆိုပါကုန္တင္သေဘၤာေပၚတြင္ ျမန္မာသေဘၤာသား ၁၄ ဦးႏွင့္ ထိုင္ဝမ္ႏိုင္ငံသားတစ္ဦး ပါရွိၿပီး လက္ရွိအခ်ိန္အထိ ေလးဦးအား ကယ္ဆယ္ထားၿပီးျဖစ္သည္ဟု ဆင္ဟြာက ေရးသားထားခဲ့ပါသည္။

 

၁။ တ႐ုတ္ႏိုင္ငံတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးထိန္းသိမ္းျခင္းခံထားရသည့္ ျမန္မာ သေဘၤာသားမ်ားႏွင့္ပတ္သက္၍ ျမန္မာသံ႐ုံး ေပက်င္းၿမိဳ႕၏ ေဖ့ဘုတ္လူမႈကြန္ရက္စာမ်က္ႏွာတြင္ ၁၇-၂-၂၀၂၀ ရက္စြဲပါ အသိေပးခ်က္ (၁) ႏွင့္ ၂၀-၂-၂၀၂၀ ရက္စြဲပါ အသိေပးခ်က္(၂)တို႔ျဖင့္ အသိေပးခဲ့ၿပီးျဖစ္ပါသည္။ ေပက်င္းၿမိဳ႕၊ ျမန္မာသံ႐ုံးတြင္ ၂၅-၂-၂၀၂၀ ရက္ေန႔အထိ ေနာက္ဆုံးလက္ခံရရွိထားသည့္ စာရင္းမ်ားအရ တ႐ုတ္ႏိုင္ငံရွိ ျပည္နယ္ႏွင့္ ျမဴနီစီပါယ္ၿမိဳ႕ (၈) ခု တို႔ကို ထိန္းသိမ္းေရးႏွင့္ အက်ဥ္းစခန္း (၁၈) ခု တို႔တြင္ တရားမဝင္ေမွာင္ခိုပစၥည္းမ်ား သယ္ေဆာင္ေရာင္းဝယ္မႈျဖင့္ အမႈရင္ဆိုင္ေနရျခင္းႏွင့္ ျပစ္ဒဏ္က်ခံေနရသည့္ ျမန္မာသေဘၤာသား စုစုေပါင္း (၆၃)ဦး ရွိေၾကာင္း သိရွိရပါသည္။

 

၂။ တ႐ုတ္ႏိုင္ငံရွိ တာဝန္ရွိသူမ်ား၏ ၂၀-၂-၂၀၂၀ ရက္ေန႔ ရွာေဖြစစ္ေဆးခ်က္မ်ားအရ တ႐ုတ္ႏိုင္ငံရွိ ဟူေပ၊ ရွန္းတုန္းႏွင့္ က်က္က်န္းျပည္နယ္မ်ားရွိ အက်ဥ္းစခန္း(၅)ခုတို႔တြင္ COVID-19 ဗိုင္းရပ္စ္ကူးစက္ခံေနရသူ (၅၀၀)ေက်ာ္ရွိေၾကာင္း သိရွိရၿပီး၊ ထိုအေရအတြက္တြင္ ဝူဟန္ၿမိဳ႕ရွိ အမ်ိဳးသမီးအက်ဥ္းစခန္းတြင္ ေရာဂါပိုးကူးစက္ခံေနရသူ (၂၃၀)ဦးႏွင့္ ရွန္းတုန္းျပည္နယ္၊ ရန္ခ်န္းၿမိဳ႕အက်ဥ္းစခန္းတြင္ ေရာဂါပိုးကူးစက္ခံေနရသူ (၂၀၀)ဦးတို႔ ပါဝင္ေၾကာင္း သိရွိရပါသည္။ သက္ဆိုင္ရာ တ႐ုတ္အာဏာပိုင္မ်ားေနျဖင့္ အျခားေသာအက်ဥ္းစခန္းမ်ားတြင္ ေရာဂါကူးစက္ ျပန႔္ပြားမႈ မရွိေစေရးႏွင့္ လက္ရွိကူးစက္ခံေနရသူမ်ားကိုလည္း သီးျခားခြဲ၍ က်န္းမာေရးေစာင့္ေရွာက္ေပးလ်က္ရွိေၾကာင္း သိရွိရပါသည္။

 

၃။ ေပက်င္းၿမိဳ႕၊ ျမန္မာသံ႐ုံးမွ ျမန္မာအက်ဥ္းသားမ်ားရွိသည့္ ျပည္နယ္ႏွင့္ ျမဴနီစီပါယ္ၿမိဳ႕ (၈)ခုတို႔ကို ထိန္းသိမ္းေရးႏွင့္ အက်ဥ္းစခန္း(၁၈)ခုတို႔ရွိ တာဝန္ခံမ်ားထံ ဆက္သြယ္ေမးျမန္းသိရွိရခ်က္အရ ျမန္မာသေဘၤာသားစုစုေပါင္း (၆၃)ဦးတို႔မွာ ေရာဂါကူးစက္ခံရျခင္း မရွိပါေၾကာင္းႏွင့္ က်န္းမာေရးေကာင္းမြန္လ်က္ရွိေၾကာင္း သိရွိရပါသည္။ ထို႔အျပင္ ျမန္မာသေဘၤာသားမ်ား ထိန္းသိမ္းခံ ေနရသည့္ ထိန္းသိမ္းေရးႏွင့္ အက်ဥ္းစခန္း(၁၈)ခုတို႔တြင္ COVID-19 ေရာဂါ ကူးစက္ျပန႔္ပြားျခင္း မရွိ ပါေၾကာင္းလည္း သိရွိရပါသည္။

 

၄။ ေပက်င္းၿမိဳ႕၊ ျမန္မာသံ႐ုံးမွာအေနျဖင့္ ထိန္းသိမ္းခံေနရသည့္ ျမန္မာသေဘၤာသားမ်ား၏ ေနေရး၊ စားေရး၊ က်န္းမာေရးတို႔အား ဂ႐ုျပဳေပးေရး၊ ရာသီဥတုႏွင့္ေလ်ာ္ညီစြာ ထားရွိေရး၊ ေဆာလ်င္စြာ အမႈစစ္ေပးေရးႏွင့္ လက္ရွိေရာဂါျဖစ္ပြားမႈအပါအဝင္ လူသားခ်င္းစာနာ ေထာက္ထားျခင္းတို႔အရ
ေလ်ာ့ေပါ့သက္ညႇာစြာ စဥ္းစားေပးေရးႏွင့္ ျဖစ္ႏိုင္ပါက ျပစ္ဒဏ္မွ လြတ္ကင္းခြင့္ျပဳပါရန္ တ႐ုတ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ စာထပ္မံေပးပို႔ထားပါေၾကာင္းကိုလည္း အသိေပးအပ္ပါသည္။

 

87356922_518347639102430_6289700947513835520_o_1.jpg

 

 

87257654_518347619102432_2512677085021995008_o.jpg

 

Moving Services ကုန္ပစၥည္းသယ္ယူပို႔ေဆာင္ေရး၀န္ေဆာင္မႈ ၆၁ ခုကုိရွာေဖြရန္ႏိွပ္ပါ

 

Myanmar Logistics Guide

 

 

Read times
Rate this item
(1 Vote)

Related items