Local Industry

ကန်ပိုက်တီစီးပွားရေးနယ်မြေ စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရင်းနှီး မြှုပ်နှံမည့် ကုမ္ပဏီလီမိတက်တို့ အကြား နားလည်မှု စာချွန်လွှာ(MoU) လက်မှတ်ရေးထိုး

ကန်ပိုက်တီစီးပွားရေးနယ်မြေ စီမံကိန်း အကောင်အထည်ဖော်ရေး အတွက် ကချင်ပြည်နယ်အစိုးရ အဖွဲ့နှင့် ရင်းနှီးမြှုပ်နှံမည့် မြန်မာဟိန်ယ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်တို့အကြား နားလည်မှု စာချွန် လွှာ (MoU) လက်မှတ်ရေးထိုးခြင်းကို ယနေ့ နံနက်(၁၀)နာရီတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မလိ ခန်းမ၌ ပြုလုပ်ခဲ့ကြပါတယ်။

 

နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးဝေလင်း၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွန့်၊ ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာဟိန်ယ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးဘောမ်လမ်းနှင့် တရုတ်- ယူနန်ထိန်ရင်း ကုန်သွယ်ရေး ကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြပါတယ်။

 

လက်မှတ်ရေးထိုးပွဲတွင် ပြည်နယ်ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက စီပွားရေး နယ်မြေ စီမံကိန်း အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ ကန်ပိုက်တီမြို့တွင်ရှိသည့် ဒေသခံ ပြည်သူလူထုများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးကို အဆင့်မြှင့်တင်ရေး၊ တရားမဝင် ကုန်စည်တွေ ထိန်းချုပ်နိုင်ရေးအတွက် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရေး၊ ပွင့်လင်းမြင်သာပြီး အများပြည်သူအတွက် စီးပွားရေးအခွင့်အလမ်းများ ပိုမိုဖြစ်ထွန်းလာရေးအတွက် ဥပဒေနှင့်အညီ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

 

ယင်းနောက် မြန်မာဟိန်ယ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်မှ မန်နေဂျင်း ဒါရိုက်တာ ဦးဘောမ်လမ်းက စီးပွားရေးနယ်မြေစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး စီမံကိန်းနှင့် ပတ်သက်သည့် နားလည်မှု စာချွန်လွှာ(MoU)ကို ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီဘက်မှ မန်နေဂျင်း ဒါရိုက်တာနှင့် တာဝန်ရှိသူများက လက်မှတ်ရေးထိုးကြပြီး စာချွန်လွှာကို လဲလှယ်ခဲ့ကြပါတယ်။

 

ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းသည် ကချင်ပြည်နယ်၏ တဖက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အဓိကကုန်စည် စီးဆင်းလျက်ရှိသည့် နယ်စပ်မြို့ဖြစ်ပြီး နယ်စပ်ဂိတ် အဆင့်မြှင့်တင်နိုင်ရေး အတွက် စီးပွားရေး နယ်မြေ စီမံကိန်းနှင့် ပတ်သက်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ဒုတိယ အကြိမ် ကချင်ပြည်နယ် လွှတ်တော်(၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တင်သွင်းအတည်ပြုချက်ရယူခဲ့ပြီး ရင်းနှီးမြှုပ်နှံမည့် မြန်မာဟိန်ယ ရင်းနှီးမြှုပ်မှုဖွံ့ဖြိုးရေးကုမ္ပဏီမှာ ကန်ပိုက်တီဖွံ့ဖြိုးရေး ကုမ္ပဏီ လီမိတက်နှင့် တရုတ်-ယူနန်ထိန်ရင်းကုန်သွယ်ရေးကုမ္ပဏီလီမိတက်တို့ အကျိုးတူဖက်စပ်တည်ထောင်ထားသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။

 

Insurance Agents အာမခံဝန်ဆောင်မှုပေါင်း ၈၂ ခုကိုရှာရန်နှိပ်ပါ

 

<<<Zawgyi>>>

 

ကန္ပိုက္တီစီးပြားေရးနယ္ေျမ စီမံကိန္း အေကာင္အထည္ေဖာ္ေရးအတြက္ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ရင္းႏွီး ျမႇဳပ္ႏွံမည့္ ကုမၸဏီလီမိတက္တို႔ အၾကား နားလည္မႈ စာခြၽန္လႊာ(MoU) လက္မွတ္ေရးထိုး

 

ကန္ပိုက္တီစီးပြားေရးနယ္ေျမ စီမံကိန္း အေကာင္အထည္ေဖာ္ေရး အတြက္ ကခ်င္ျပည္နယ္အစိုးရ အဖြဲ႕ႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမည့္ ျမန္မာဟိန္ယ ရင္းႏွီးျမႇဳပ္ႏွံမႈ ဖြံ႕ၿဖိဳးတိုးတက္ေရး ကုမၸဏီလီမိတက္တို႔အၾကား နားလည္မႈ စာခြၽန္ လႊာ (MoU) လက္မွတ္ေရးထိုးျခင္းကို ယေန႔ နံနက္(၁၀)နာရီတြင္ ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕႐ုံး မလိ ခန္းမ၌ ျပဳလုပ္ခဲ့ႀကပါတယ္။

 

နားလည္မႈစာခြၽန္လႊာ လက္မွတ္ေရးထိုးပြဲသို႔ ျပည္နယ္အစိုးရအဖြဲ႕ဝင္ ဘ႑ာ၊ အခြန္၊ စီမံကိန္းႏွင့္ စီးပြားေရး ဝန္ႀကီး ဦးေဝလင္း၊ လမ္းပန္းဆက္သြယ္ေရး၊ လွ်ပ္စစ္ႏွင့္စက္မႈလက္မႈဝန္ႀကီး ဦးဝင္းၫြန႔္၊ ျပည္နယ္ အစိုးရအဖြဲ႕ ၫႊန္ၾကားေရးမႉးႏွင့္ ျပည္နယ္အဆင့္ဌာန ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ျမန္မာဟိန္ယ ရင္းႏွီးျမႇဳပ္ႏွံမႈ ဖြံ႕ၿဖိဳးတိုးတက္ေရး ကုမၸဏီလီမိတက္ မန္ေနဂ်င္းဒါ႐ိုက္တာ ဦးေဘာမ္လမ္းႏွင့္ တ႐ုတ္- ယူနန္ထိန္ရင္း ကုန္သြယ္ေရး ကုမၸဏီလီမိတက္တို႔မွ တာဝန္ရွိသူမ်ားက တက္ေရာက္ခဲ့ၾကပါတယ္။

 

လက္မွတ္ေရးထိုးပြဲတြင္ ျပည္နယ္ဘ႑ာ၊ အခြန္၊ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးေဝလင္းက စီပြားေရး နယ္ေျမ စီမံကိန္း အေကာင္အထည္ေဖာ္ေရးႏွင့္ ပတ္သက္၍ ကန္ပိုက္တီၿမိဳ႕တြင္ရွိသည့္ ေဒသခံ ျပည္သူလူထုမ်ား အလုပ္အကိုင္ အခြင့္အလမ္းရရွိေရး၊ ကန္ပိုက္တီ နယ္စပ္ကုန္သြယ္ေရးကို အဆင့္ျမႇင့္တင္ေရး၊ တရားမဝင္ ကုန္စည္ေတြ ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ႏွစ္ဖက္ပူးေပါင္း ေဆာင္႐ြက္ေရး၊ ပြင့္လင္းျမင္သာၿပီး အမ်ားျပည္သူအတြက္ စီးပြားေရးအခြင့္အလမ္းမ်ား ပိုမိုျဖစ္ထြန္းလာေရးအတြက္ ဥပေဒႏွင့္အညီ ပူးေပါင္း ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

 

ယင္းေနာက္ ျမန္မာဟိန္ယ ရင္းႏွီးျမႇဳပ္ႏွံမႈ ဖြံ႕ၿဖိဳးတိုးတက္ေရး ကုမၸဏီလီမိတက္မွ မန္ေနဂ်င္း ဒါ႐ိုက္တာ ဦးေဘာမ္လမ္းက စီးပြားေရးနယ္ေျမစီမံကိန္းႏွင့္ ပတ္သက္၍ ရွင္းလင္းတင္ျပၿပီး စီမံကိန္းႏွင့္ ပတ္သက္သည့္ နားလည္မႈ စာခြၽန္လႊာ(MoU)ကို ျပည္နယ္အစိုးရအဖြဲ႕မွ ၫႊန္ၾကားေရးမႉးႏွင့္ တာဝန္ရွိသူမ်ား၊ ရင္းႏွီးျမႇဳပ္ႏွံမည့္ ကုမၸဏီဘက္မွ မန္ေနဂ်င္း ဒါ႐ိုက္တာႏွင့္ တာဝန္ရွိသူမ်ားက လက္မွတ္ေရးထိုးၾကၿပီး စာခြၽန္လႊာကို လဲလွယ္ခဲ့ၾကပါတယ္။

 

ကန္ပိုက္တီနယ္စပ္ကုန္သြယ္ေရးစခန္းသည္ ကခ်င္ျပည္နယ္၏ တဖက္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံႏွင့္ အဓိကကုန္စည္ စီးဆင္းလ်က္ရွိသည့္ နယ္စပ္ၿမိဳ႕ျဖစ္ၿပီး နယ္စပ္ဂိတ္ အဆင့္ျမႇင့္တင္ႏိုင္ေရး အတြက္ စီးပြားေရး နယ္ေျမ စီမံကိန္းႏွင့္ ပတ္သက္၍ ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕ အေနျဖင့္ ဒုတိယ အႀကိမ္ ကခ်င္ျပည္နယ္ လႊတ္ေတာ္(၁၈)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝးတြင္ တင္သြင္းအတည္ျပဳခ်က္ရယူခဲ့ၿပီး ရင္းႏွီးျမႇဳပ္ႏွံမည့္ ျမန္မာဟိန္ယ ရင္းႏွီးျမႇဳပ္မႈဖြံ႕ၿဖိဳးေရးကုမၸဏီမွာ ကန္ပိုက္တီဖြံ႕ၿဖိဳးေရး ကုမၸဏီ လီမိတက္ႏွင့္ တ႐ုတ္-ယူနန္ထိန္ရင္းကုန္သြယ္ေရးကုမၸဏီလီမိတက္တို႔ အက်ိဳးတူဖက္စပ္တည္ေထာင္ထားေသာ ကုမၸဏီတစ္ခုျဖစ္ေၾကာင္း သိရွိခဲ့ရပါတယ္။

 

Insurance Agents အာမခံဝန္ေဆာင္မႈေပါင္း ၈၂  ခုကိုရွာရန္ႏွိပ္ပါ

 

Myanmar Logistics Guide

 

Read times
Rate this item
(0 votes)