Local Industry

ကူးစက်ရောဂါဖြစ်ပွားသော်လည်း အမေရိကန်ကုန်ပစ္စည်းဝယ်မည့် ကတိကဝတ်ကို တရုတ် ပြောင်းလဲမည်မဟုတ်

ကူးစက်ရောဂါဖြစ်ပွားသော်လည်း အမေရိကန်ကုန်ပစ္စည်းဝယ်မည့် ကတိကဝတ်ကို တရုတ် ပြောင်းလဲမည်မဟုတ် google

ကူးစက်မှုလျင်မြန်သော ကိုရိုနာ ရောဂါဖြစ်ပွားနေသော်လည်း နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားသော ကုန်သွယ် မှုသဘောတူညီချက်ကို တရုတ်နိုင်ငံက စောင့်ထိန်းလိမ့်မည်ဟု အမေရိကန် အစိုးရက မျှော်လင့်ကြောင်း ဖေဖော် ဝါရီ ၂၀ ရက်က အမေရိကန်အဆင့်မြင့် အရာရှိတစ်ဦး၏ ပြောကြားချက်ကို ရိုက်တာသတင်းတွင် ဖော်ပြသည်။ ဗိုင်းရပ်စ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးအား မည်မျှထိခိုက်မည်ကို အတိအကျခန့်မှန်းရန် စောလွန်းသေးသော်လည်း အခြေခံခန့်မှန်းချက်များ အရ တရုတ်နိုင်ငံ ၏ စီးပွားရေးတိုးတက် မှုနှုန်းသည် ပထမသုံးလပတ်တွင် ကျ ဆင်းပြီး နောက်ပိုင်းမှသာ ရုတ်တရက် ထိုးတက်လာနိုင်ကြောင်း အမေရိကန် ဘဏ္ဍာရေးအရာရှိတစ်ဦးက ပြော သည်။ ရောဂါပြန့်ပွားမှုသည် ပိုဆိုးလာ ပါက ဂယက်ရိုက်ခတ်မှုကလည်း ထူးထူးခြားခြား ပြင်းထန်လာနိုင်ကြောင်း အမည်မဖော်လိုသူ အရာရှိကပြော သည်။

 

ရောဂါပိုးကူးစက်မှုကြောင့် တရုတ် နိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးမှုကို ထိခိုက် ခဲ့ပြီဖြစ်ကြောင်းနှင့် အကယ်၍ အခြား နိုင်ငံများကိုပါ ကူးစက်လာပါက ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့စီးပွားရေးပြန်လည် နာလန်ထူမှုသည် ဆိုးရွားစွာလမ်းချော် သွားနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ယခုသီတင်း ပတ်တွင် ပြောသည်။ အဆင့်(၁)ကုန်သွယ်ရေးသဘော တူညီချက်ကို ယခုအဆင့်တွင်ပြောင်း လဲလိမ့်မည်ဟု မျှော်လင့်မထားကြောင်း နှင့် သူတို့၏ကတိကဝတ်ကို ထိန်းလိမ့် မည်ဟုမျှော်လင့်ကြောင်း ရောဂါဖြစ် ပွားမှုကြောင့် တရုတ်နိုင်ငံနှင့် ချုပ်ဆို သော အဆင့်(၁)ကုန်သွယ်ရေးသဘော တူစာချုပ်ကို ပြောင်းလဲရန် လိုအပ်ပါ သလားဟူသော မေးခွန်းကိုဖြေကြားရာ တွင် အရာရှိက သတင်းထောက်များ ကိုပြောသည်။

 

ယခုလတွင် စတင်အကောင် အထည်ဖော်မည့် သဘောတူညီမှုအရ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ကုန် ပစ္စည်း အမေရိကန်ဒေါ်လာ ၇၇ ဘီလီယံ ဖိုး နှင့် ၂၀၂၁ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၂၃ ဘီလီယံဖိုး ၂၀၁၇ ခုနှစ် ကထက် ပိုမိုဝယ်ယူရန် တရုတ်နိုင်ငံက ကတိပြုထားသည်။ ဝယ်ယူမည်ဟု ပေးထားသည့် များပြားလှသော ကတိကဝတ်များကို တရုတ်နိုင်ငံက ဝယ်ယူနိုင်ပါမည်လား ဟု ကျွမ်းကျင်သူတို့က သံသယရှိသည်။ သဘာဝဓာတ်ငွေ့များ တရုတ်နိုင်ငံတွင် အလျှံပယ်ရှိနေသော် လည်း အမေ ရိကန်၏ သဘာဝဓာတ်ငွေ့ကို တရုတ် နိုင်ငံက တန်ချိန် ၁၀ သန်း ဝယ်ယူမှာ ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ Global Times သတင်းစာတွင်ဖော်ပြသည်။

 

Courier Services & Delivery Services သယ်ယူပို့ဆောင်ရးဝန်ဆောင်မှု ၉၃ ခုကိုရှာဖွေရန်နှိပ်ပါ 

 

<<<Zawgyi>>>

 

ကူးစက္ေရာဂါျဖစ္ပြားေသာ္လည္း အေမရိကန္ကုန္ပစၥည္းဝယ္မည့္ ကတိကဝတ္ကို တ႐ုတ္ေျပာင္းလဲမည္မဟုတ္

 

ကူးစက္မႈလ်င္ျမန္ေသာ ကို႐ိုနာ ေရာဂါျဖစ္ပြားေနေသာ္လည္း ႏွစ္ႏိုင္ငံ လက္မွတ္ေရးထိုးထားေသာ ကုန္သြယ္ မႈသေဘာတူညီခ်က္ကို တ႐ုတ္ႏိုင္ငံက ေစာင့္ထိန္းလိမ့္မည္ဟု အေမရိကန္ အစိုးရက ေမွ်ာ္လင့္ေၾကာင္း ေဖေဖာ္ ဝါရီ ၂၀ ရက္က အေမရိကန္အဆင့္ျမင့္ အရာရွိတစ္ဦး၏ ေျပာၾကားခ်က္ကို ႐ိုက္တာသတင္းတြင္ ေဖာ္ျပသည္။ ဗိုင္းရပ္စ္ေရာဂါေၾကာင့္ ကမာၻ႔စီးပြားေရးအား မည္မွ်ထိခိုက္မည္ကို အတိအက်ခန္႔မွန္းရန္ ေစာလြန္းေသးေသာ္လည္း အေျခခံခန္႔မွန္းခ်က္မ်ား အရ တ႐ုတ္ႏိုင္ငံ ၏ စီးပြားေရးတိုးတက္ မႈႏႈန္းသည္ ပထမသုံးလပတ္တြင္ က် ဆင္းၿပီး ေနာက္ပိုင္းမွသာ ႐ုတ္တရက္ ထိုးတက္လာႏိုင္ေၾကာင္း အေမရိကန္ ဘ႑ာေရးအရာရွိတစ္ဦးက ေျပာသည္။ ေရာဂါျပန္႔ပြားမႈသည္ ပိုဆိုးလာ ပါက ဂယက္႐ိုက္ခတ္မႈကလည္း ထူးထူးျခားျခား ျပင္းထန္လာႏိုင္ေၾကာင္း အမည္မေဖာ္လိုသူ အရာရွိကေျပာခဲ့ပါတယ္။

 

ေရာဂါပိုးကူးစက္မႈေၾကာင့္ တ႐ုတ္ ႏိုင္ငံတြင္ စီးပြားေရးဖြံ႕ၿဖိဳးမႈကို ထိခိုက္ခဲ့ၿပီျဖစ္ေၾကာင္းႏွင့္ အကယ္၍ အျခား ႏိုင္ငံမ်ားကိုပါ ကူးစက္လာပါက ၂၀၂၀ ျပည့္ႏွစ္တြင္ ကမာၻ႔စီးပြားေရးျပန္လည္ နာလန္ထူမႈသည္ ဆိုး႐ြားစြာလမ္းေခ်ာ္ သြားႏိုင္ေၾကာင္း အျပည္ျပည္ဆိုင္ရာ ေငြေၾကးရန္ပုံေငြအဖြဲ႕က ယခုသီတင္း ပတ္တြင္ ေျပာသည္။ အဆင့္(၁)ကုန္သြယ္ေရးသေဘာ တူညီခ်က္ကို ယခုအဆင့္တြင္ေျပာင္း လဲလိမ့္မည္ဟု ေမွ်ာ္လင့္မထားေၾကာင္း ႏွင့္ သူတို႔၏ကတိကဝတ္ကို ထိန္းလိမ့္ မည္ဟုေမွ်ာ္လင့္ေၾကာင္း ေရာဂါျဖစ္ ပြားမႈေၾကာင့္ တ႐ုတ္ႏိုင္ငံႏွင့္ ခ်ဳပ္ဆို ေသာ အဆင့္(၁)ကုန္သြယ္ေရးသေဘာ တူစာခ်ဳပ္ကို ေျပာင္းလဲရန္ လိုအပ္ပါ သလားဟူေသာ ေမးခြန္းကိုေျဖၾကားရာတြင္ အရာရွိက သတင္းေထာက္မ်ားကိုေျပာျပခ်က္အရ သိရပါတယ္။

 

ယခုလတြင္ စတင္အေကာင္ အထည္ေဖာ္မည့္ သေဘာတူညီမႈအရ ၂၀၂၀ ျပည့္ႏွစ္တြင္ အေမရိကန္ကုန္ ပစၥည္း အေမရိကန္ေဒၚလာ ၇၇ ဘီလီယံ ဖိုး ႏွင့္ ၂၀၂၁ ခုႏွစ္တြင္ အေမရိကန္ ေဒၚလာ ၁၂၃ ဘီလီယံဖိုး ၂၀၁၇ ခုႏွစ္ ကထက္ ပိုမိုဝယ္ယူရန္ တ႐ုတ္ႏိုင္ငံက ကတိျပဳထားသည္။ ဝယ္ယူမည္ဟု ေပးထားသည့္ မ်ားျပားလွေသာ ကတိကဝတ္မ်ားကို တ႐ုတ္ႏိုင္ငံက ဝယ္ယူႏိုင္ပါမည္လားဟု ကြၽမ္းက်င္သူတို႔က သံသယရွိသည္။ သဘာဝဓာတ္ေငြ႕မ်ား တ႐ုတ္ႏိုင္ငံတြင္ အလွ်ံပယ္ရွိေနေသာ္လည္း အေမရိကန္၏ သဘာဝဓာတ္ေငြ႕ကို တ႐ုတ္ ႏိုင္ငံက တန္ခ်ိန္ ၁၀ သန္း ဝယ္ယူမွာ ျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံ၏ Global Times သတင္းစာတြင္ေဖာ္ျပထားခဲ့ပါတယ္။

 

Courier Services & Delivery Services သယ္ယူပို႔ေဆာင္ရးဝန္ေဆာင္မႈ ၉၃ ခုကိုရွာေဖြရန္ႏွိပ္ပါ 

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)