Local Industry

MSC က ကမ္ဘာ့အကြီးမားဆုံး ကွန်တိန်နာသင်္ဘောများဖြင့် တရုတ်ပြည်မှ စုပုံနေသော ကွန်တိန်နာအလွတ်များကို အမေရိကန်သို့ ပို့ဆောင်မည်

MSC က ကမ္ဘာ့အကြီးမားဆုံး ကွန်တိန်နာသင်္ဘောများဖြင့် တရုတ်ပြည်မှ စုပုံနေသော ကွန်တိန်နာအလွတ်များကို အမေရိကန်သို့ ပို့ဆောင်မည် google

MSC က ကမ္ဘာ့အကြီးမားဆုံး ကွန်တိန်နာသင်္ဘောများဖြင့် တရုတ်ပြည်မှ စုပုံနေသော ကွန်တိန်နာအလွတ်များကို အမေရိကန်သို့ ပို့ဆောင်မည်ဟု ကြေညာသည်။

 

တရုတ်ပြည်တွင် ဇန်နဝါရီလကုန်ပိုင်း တရုတ်နှစ်သစ်ကူး အလုပ်ပိတ်ရက်ရှည်နှင့် ကိုရိုနာဗိုင်းရပ်ပြဿနာကြောင့် အလုပ်ပိတ်ရက် တိုးမြှင့် သတ်မှတ်ခဲ့ခြင်းကြောင့် ကုန်ထုတ်လုပ်ငန်းများ အလုပ်ရပ်ထားရသည့် ရလဒ်အဖြစ် ပြည်ပတင်ပို့မှု လျော့ကျခဲ့ရာမှ ကွန်တိန်နာ သုံးစွဲမှု လျော့ကျခဲ့သည်။ သို့ဖြစ်ရာ ကွန်တိန်နာအလွတ်များ တောင်ပုံရာပုံ ဖြစ်နေခဲ့သည်။ပစိဖိတ်သမုဒ္ဒရာတစ်ဖက်ကမ်းရှိ အမေရိကန်နိုင်ငံသို့ တရုတ်ကုန်စည်များ ထည့်ထားသည့် ကွန်တိန်နာများ ရောက်မလာသဖြင့် ထည့်စရာ ကွန်တိန်နာ ပြတ်လပ်မှု စတင်ဖြစ်ပေါ်လာခဲ့သည်။

 

တစ်ဖက်စောင်းနင်း ဖြစ်နေသော အခြေအနေကို ကုစားရန် တရုတ်ပြည်မှ ကွန်တိန်နာ အလွတ်များကို ယခုလို အမေရိကန်သို့ ပို့ဆောင်ရန် MSC က ကမ္ဘာ့အကြီးမားဆုံး ကွန်တိန်နာသင်္ဘောများ ပြေးဆွဲပေးခြင်းဖြစ်သည်။

 

MSC က 23,756 teu တင်ဆောင်နိုင်သော ယင်း၏ MSC Mia ဖြင့် ပစိဖိတ်ကို ဖြတ်သန်းကာ အမေရိကန် အနောက်ဘက်ကမ်းခြေရှိ ဆိပ်ကမ်းများနှင့် ဥရောပမြောက်ပိုင်းရှိ ဆိပ်ကမ်းများသို့ ကွနိတိန်နာအလွတ်များ တင်ပို့ပေးမည် ဖြစ်သည်။ MSC Mia အမေရိကန်ရှိ ဆိပ်ကမ်းများသို့ ဆိုက်ကပ်ဖူးသည့် ကွန်တိန်နာများတွင် အကြီးမားဆုံး အဖြစ် မှတ်တမ်းတင်ခံရမည် ဖြစ်သည်။

 

Custom Clearing Agents အကောက်ခွန်အကျိုးဆောင် ၂၀၁ ခုကိုရှာဖွေရန်နှိပ်ပါ

 

ယခင်ပုံမှန်အခြေအနေများတွင် 23,000 teu နှင့် အထက် ကွန်ထိန်နာသင်္ဘောများကို အာရ-ဥရောပ ခရီးစဉ်များအတွက်သာ သီးသန့် အသုံးပြုသည်။ ဤအရွယ်အစားသည် အမေရိကန်ရှိ ဆိပ်ကမ်းများအဖို့ ကြီးမားလွန်းသည်ဟု သတ်မှတ်ခဲ့ကြသည်။ သို့ဖြစ်ရာ 13,000 teu သင်္ဘောများကိုသာ အသုံးပြုခဲ့သည်။

 

ထုတ်ပြန်ခဲ့သော စာရင်းများအရ အမေရိကန်ရှိ အကြီးမားဆုံး ဆိပ်ကမ်း လော့အိန်ဂျယ်လိစ်နှင့် အနီးအနားရှိ ဆိပ်ကမ်းဖြစ်သော လောင်းဘိချ်တို့တွင် ကွန်တိန်နာအလွတ် မှာကြားမှုများကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိဘဲ ကွန်တိန်နာအလွတ်များ ပြတ်လပ်လျက် ရှိသည်။

 

ဗိုင်းရပ်စ်ကိုက်ခြင်းကြောင့် ကွန်တိန်နာ ကုန်စည်ပို့ဆောင်မှု ပမာဏ သိသိသာသာ ထိုးကျသည်။ ပမာဏအားဖြင် တစ်ကမ္ဘာလုံးတွင် teu ၁၇ သန်း လျော့ကျမည်ဖြစ်ပြီး ကွန်တိန်နာ သင်္ဘောလိုင်းများနှင့် ကွန်တိန်နာ ဆိပ်ကမ်းများအနေဖြင့် teu သန်း ၈၀ အထိ လျော့ကျဖွယ် ရှိသည်ဟု SeaIntelligence Consulting က ခန့်မှန်းထားသည်။

 

89597769_1658912260917480_4377376590149976064_n.png

 

<<<Zawgyi>>>

 


 


 


 


 


 

ထုတ်ပြန်ခဲ့သော စာရင်းများအရ အမေရိကန်ရှိ အကြီးမားဆုံး ဆိပ်ကမ်း လော့အိန်ဂျယ်လိစ်နှင့် အနီးအနားရှိ ဆိပ်ကမ်းဖြစ်သော လောင်းဘိခ်ျတို့တွင် ကွန်တိန်နာအလွတ် မှာကြားမှုများကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိဘဲ ကွန်တိန်နာအလွတ်များ ပြတ်လပ်လျက်ရှိသည်။

 


 

Custom Clearing Agents အကောက်ခွန်အကျိုးဆောင် ၂၀၁ ခုကိုရှာဖွေရန်နှိပ်ပါ

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)