Local Industry

သီလဝါတွင် Dongfeng Motor corporation က မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်မည်

သီလဝါတွင် Dongfeng Motor corporation က မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်မည် google

သီလဝါအထူးစီးပွားရေးဇုန်တွင် Dongfeng Motor corporation Limited က မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းကို ရာနှုန်းပြည့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအဖြစ် လုပ်ကိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

 

ဆောင်ရွက်ဆဲလုပ်ငန်းကိုးခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် ကုန်ထုတ်လုပ်မှု၊ မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့တွင် ဒေါ်လာ (၁၃၁) သန်းကျော်နှင့် ကျပ် (၁၁၃) ဘီလျံကျော်ရှိသည့် လုပ်ငန်းအသစ် (၆) ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့သည်။

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ (၁၃၁ ဒသမ ၁၂၅) သန်းနှင့် ကျပ် (၁၁၃၈၁၀ ဒသမ ၃၃၅) သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၂၈၅၀) နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သည့် နိုင်ငံမှာ စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။ နိုင်ငံပေါင်း ၅၀ မှ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် အများဆုံးရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ၇၀) ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ၄၅) ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄ ဒသမ ၁၃) ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇန်နဝါရီ ၂၄ ရက်အထိ လေးလအတွင်း အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံရန် ဒေါ်လာ ၇၆ သန်းကျော် ခွင့်ပြုပေးခဲ့မှုအပါအဝင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ (၂ ဒသမ ၁၅၆) ဘီလျံကျော်အထိ ဝင်ရောက်မြှုပ်နှံထားသည်။

 


89597769_1658912260917480_4377376590149976064_n.png

<<<Zawgyi>>>

 

သီလဝါတြင္ Dongfeng Motor corporation က ေမာ္ေတာ္ယာဥ္တပ္ဆင္ထုတ္လုပ္ျခင္းလုပ္ငန္း လုပ္ကိုင္မည္

 

သီလဝါအထူးစီးပြားေရးဇုန္တြင္ Dongfeng Motor corporation Limited က ေမာ္ေတာ္ယာဥ္တပ္ဆင္ ထုတ္လုပ္ေရာင္းခ်ျခင္းလုပ္ငန္းကို ရာႏႈန္းျပည့္ ႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈအျဖစ္ လုပ္ကိုင္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္မွ သိရသည္။

 

ေဆာင္႐ြက္ဆဲလုပ္ငန္းကိုးခုမွ မတည္ေငြရင္းတိုးျမႇင့္ျခင္းအပါအဝင္ ကုန္ထုတ္လုပ္မႈ၊ ေမြးျမဴေရး၊ စိုက္ပ်ိဳးေရးႏွင့္ အျခားဝန္ေဆာင္မႈက႑တို႔တြင္ ေဒၚလာ (၁၃၁) သန္းေက်ာ္ႏွင့္ က်ပ္ (၁၁၃) ဘီလ်ံေက်ာ္ရွိသည့္ လုပ္ငန္းအသစ္ (၆) ခုကို ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က ခြင့္ျပဳခဲ့သည္။

 

ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္၏ (၄/၂၀၂၀) ႀကိမ္ေျမာက္ အစည္းအေဝးတြင္ ခြင့္ျပဳေပးလိုက္ျခင္းျဖစ္သည္။ အဆိုပါလုပ္ငန္းမ်ား၏ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏမွာ ေဒၚလာ (၁၃၁ ဒသမ ၁၂၅) သန္းႏွင့္ က်ပ္ (၁၁၃၈၁၀ ဒသမ ၃၃၅) သန္းရွိၿပီး ျပည္တြင္းလုပ္သားမ်ားအတြက္ အလုပ္အကိုင္အခြင့္အလမ္းေပါင္း (၂၈၅၀) ေနရာကို ဖန္တီးေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

 

၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလကုန္အထိ ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံးျပဳလုပ္သည့္ ႏိုင္ငံမွာ စင္ကာပူ၊ တ႐ုတ္ႏွင့္ ထိုင္းႏိုင္ငံတို႔ျဖစ္သည္။ ႏိုင္ငံေပါင္း ၅၀ မွ စီးပြားေရးက႑ ၁၂ ခုတြင္ အမ်ားဆုံးရင္းႏွီးျမႇဳပ္ႏွံထားရွိမႈမွာ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕က႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ (၂၆ ဒသမ ၇၀) ရာခိုင္ႏႈန္းျဖင့္လည္းေကာင္း၊ လွ်ပ္စစ္က႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ (၂၆ ဒသမ ၄၅) ရာခိုင္ႏႈန္းျဖင့္လည္းေကာင္း၊ ကုန္ထုတ္လုပ္မႈက႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ (၁၄ ဒသမ ၁၃) ရာခိုင္ႏႈန္းျဖင့္လည္းေကာင္း ရင္းႏွီးျမႇဳပ္ႏွံထားသည္။

 

၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ေအာက္တိုဘာ ၁ ရက္မွ ဇန္နဝါရီ ၂၄ ရက္အထိ ေလးလအတြင္း အထူးစီးပြားေရးဇုန္ဥပေဒအရ သီလဝါအထူးစီးပြားေရးဇုန္တြင္ ရင္းႏွီးျမႇဳပ္ႏွံရန္ ေဒၚလာ ၇၆ သန္းေက်ာ္ ခြင့္ျပဳေပးခဲ့မႈအပါအဝင္ ျမန္မာႏိုင္ငံအတြင္းသို႔ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ေဒၚလာ (၂ ဒသမ ၁၅၆) ဘီလ်ံေက်ာ္အထိ ဝင္ေရာက္ျမႇဳပ္ႏွံထားသည္။

 

Custom Clearing Agents အကောက်ခွန်အကျိုးဆောင် ၂၀၁ ခုကိုရှာဖွေရန်နှိပ်ပါ

 

Myanmar Logistics Guide

 

Read times
Rate this item
(1 Vote)