Local Industry

နိုင်ငံတော် ဗဟိုဘဏ်၏ အတိုးနှုန်း ထပ်ချ

နိုင်ငံတော် ဗဟိုဘဏ်၏ အတိုးနှုန်း ထပ်ချ google

ယခင်က ဘဏ်တိုးနှုန်းကို တစ်နှစ်လျှင် ၁၀ရာခိုင်နှုန်းဟု သတ်မှတ်ထားခဲ့ပြီးယခုအခါ ဝ ဒသမ ၅ရာခိုင်နှုန်းတစ်ကြိမ်၊ယခု ၁ ဒသမ ၀ ရာခိုင်နှုန်းတစ်ကြိမ် စုစုပေါင်း တစ်လအတွင်း နှစ်ကြိမ်လျှော့ ချလိုက်သော ကြောင့် ၈ ဒသမ၅ ရာခိုင်နှုန်းဖြစ်သွားကာ ယင်းမှာ ဧပြီလ ၁ ရက်တွင် အကျုံးဝင် မည်ဖြစ်ပါတယ်။

 

နိုင်ငံတော် ဗဟိုဘဏ်၏ အတိုးနှုန်းကို တစ်နှစ်လျှင် ၉ ဒသမ ၅ ရာခိုင်နှုန်းမှ ၁ ဒသမ ၀ ရာခိုင်နှုန်းသို့ ထပ်မံ လျှော့ချလိုက်ပြီး ၈ ဒသမ၅ ရာခိုင်နှုန်းသို့ ပြင်ဆင်သတ်မှတ်ထားမည် ဖြစ်ပါတယ်။

 

ပြင်ဆင်သတ်မှတ်လိုက်သောကြောင့် ငွေစုစာရင်းအပ်ငွေ၊ငွေစုလက်မှတ်နှင့် အချိန်စေ့မှပေးရသော အနည်းဆုံးအတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်းအောက် ၂ ရာခိုင်နှုန်း ၈ ဒသမ ၅ရာခိုင်နှုန်း -၂ရာခိုင်နှုန်း ၆ ဒသမ ၅ရာခိုင်နှုန်းထက်မနည်းစေရ၊အာမခံပစ္စည်းများရယူထုတ်ချေးသည့် ချေးငွေအပေါ် တောင်း ခံနိုင်သည့် အများဆုံးအတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်းထက် ၃ရာခိုင်နှုန်း ၈ ဒသမ ၅ရာခိုင်နှုန်း အ ပေါင်း ၃ရာခိုင်နှုန်း ၁၁ ဒသမ ၅ဝ ရာခိုင်နှုန်းထက်ကျော်လွန် ကောက်ခံခြင်း မပြုရ၊အခြား အာမခံ ပစ္စည်းများ၊အာမခံပစ္စည်းမယူဘဲ ထုတ်ချေးသည့် အများဆုံး အတိုးကို ၈ ဒသမ ၅ရာခိုင်နှုန်း အပေါင်း ၆ရာခိုင်နှုန်း၁၄ ဒသမ ၅ရာခိုင်နှုန်းထက်မကျော်စေရဟူ၍ ဖြစ်သွားမည်ဟုဗဟို ဘဏ်၏ ထုတ်ပြန် ချက်တွင်ပါရှိပါတယ်။

 

ပြီးခဲ့သည့် ရက်ပိုင်းကလည်း အတိုးနှုန်းကို ဝ ဒသမ ၅ရာခိုင်နှုန်းလျှော့ချခဲ့စဉ် အတိုးစတင်လျှော့ချမည့် ရက်ကို ဧပြီလ ၁ ရက်ဟုထုတ်ပြန်ခဲ့သော်လည်း မတ်လ ၁၆ရက်တွင် စတင်မည် ဖြစ်ကြောင်း ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။

 

89597769_1658912260917480_4377376590149976064_n.png

 

 <<<Zawgyi>>>

 

ႏုိင္ငံေတာ္ ဗဟိုဘဏ္၏ အတုိးနႈန္း ထပ္ခ်

 

ယခင္က ဘဏ္တိုးႏႈန္းကို တစ္ႏွစ္လၽွင္ ၁၀ရာခိုင္ႏႈန္းဟု သတ္မွတ္ထားခဲ့ၿပီးယခုအခါ ဝ ဒသမ ၅ရာခိုင္ႏႈန္းတစ္ႀကိမ္၊ယခု ၁ ဒသမ ၀ ရာခိုင္ႏႈန္းတစ္ႀကိမ္ စုစုေပါင္း တစ္လအတြင္း ႏွစ္ႀကိမ္ေလွ်ာ့ ခ်လိုက္ေသာ ေၾကာင့္ ၈ ဒသမ၅ ရာခုိင္ႏႈန္းျဖစ္သြားကာ ယင္းမွာ ဧၿပီလ ၁ ရက္တြင္ အက်ဳံးဝင္ မည္ျဖစ္ပါတယ္။

 

ႏုိင္ငံေတာ္ ဗဟိုဘဏ္၏ အတုိးနႈန္းကို တစ္ႏွစ္လွ်င္ ၉ ဒသမ ၅ ရာခုိင္နႈန္းမွ ၁ ဒသမ ၀ ရာခုိင္နႈန္းသို႔ ထပ္မံ ေလွ်ာ့ခ်လိုက္ၿပီး ၈ ဒသမ၅ ရာခုိင္ႏႈန္းသုိ႔ ျပင္ဆင္သတ္မွတ္ထားမည္ ျဖစ္ပါတယ္။

 

ျပင္ဆင္သတ္မွတ္လိုက္ေသာေၾကာင့္ ေငြစုစာရင္းအပ္ေငြ၊ေငြစုလက္မွတ္ႏွင့္ အခ်ိန္ေစ့မွေပးရေသာ အနည္းဆုံးအတိုးႏႈန္းကို ဗဟိုဘဏ္အတိုးႏႈန္းေအာက္ ၂ ရာခိုင္ႏႈန္း ၈ ဒသမ ၅ရာခိုင္ႏႈန္း -၂ရာခိုင္ႏႈန္း ၆ ဒသမ ၅ရာခိုင္ႏႈန္းထက္မနည္းေစရ၊အာမခံပစၥည္းမ်ားရယူထုတ္ေခ်းသည့္ ေခ်းေငြအေပၚ ေတာင္း ခံႏိုင္သည့္ အမ်ားဆုံးအတိုးႏႈန္းကို ဗဟိုဘဏ္အတိုးႏႈန္းထက္ ၃ရာခိုင္ႏႈန္း ၈ ဒသမ ၅ရာခိုင္ႏႈန္း အ ေပါင္း ၃ရာခိုင္ႏႈန္း ၁၁ ဒသမ ၅ဝ ရာခိုင္ႏႈန္းထက္ေက်ာ္လြန္ ေကာက္ခံျခင္း မျပဳရ၊အျခား အာမခံ ပစၥည္းမ်ား၊အာမခံပစၥည္းမယူဘဲ ထုတ္ေခ်းသည့္ အမ်ားဆုံး အတိုးကို ၈ ဒသမ ၅ရာခိုင္ႏႈန္း အေပါင္း ၆ရာခိုင္ႏႈန္း၁၄ ဒသမ ၅ရာခိုင္ႏႈန္းထက္မေက်ာ္ေစရဟူ၍ ျဖစ္သြားမည္ဟုဗဟို ဘဏ္၏ ထုတ္ျပန္ ခ်က္တြင္ပါရွိပါတယ္။

 

ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း အတိုးႏႈန္းကို ဝ ဒသမ ၅ရာခိုင္ႏႈန္းေလၽွာ့ခ်ခဲ့စဥ္ အတိုးစတင္ေလၽွာ့ခ်မည့္ ရက္ကို ဧၿပီလ ၁ ရက္ဟုထုတ္ျပန္ခဲ့ေသာ္လည္း မတ္လ ၁၆ရက္တြင္ စတင္မည္ ျဖစ္ေၾကာင္း ျပန္လည္ထုတ္ျပန္ခဲ့ပါတယ္။

 

Courier Services & Delivery Services သယ္ယူပို႔ေဆာင္ရးဝန္ေဆာင္မႈ ၉၃ ခုကိုရွာေဖြရန္ႏွိပ္ပါ 

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)