Local Industry

ရန်ကုန် အဝင်အထွက်ကို ပိတ်မည်မဟုတ်ဘဲ Home Stay ၁၀ ရက်အတွင်း အသွားအလာကန့်သတ်သည့် နေရာများတွင် အခြေခံအသုံးအဆောင်ပစ္စည်းများ ကုလပံ့ပိုး ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

ရန်ကုန် အဝင်အထွက်ကို ပိတ်မည်မဟုတ်ဘဲ Home Stay ၁၀ ရက်အတွင်း အသွားအလာကန့်သတ်သည့် နေရာများတွင် အခြေခံအသုံးအဆောင်ပစ္စည်းများ ကုလပံ့ပိုး ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား google

ရန်ကုန် အဝင်အထွက်ကို ပိတ်မည်မဟုတ်ဘဲ Home Stay ၁၀ ရက်အတွင်း လုံခြုံရေးအတွက် တိုင်းရဲတပ်ဖွဲ့ကို ညွှန်ကြားထားကာ အစားအသောက်အခက်အခဲမရှိစေရန် ကုန်သည်ကြီးများအသင်းများနှင့် ညှိနိူင်းထားဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားချက်အရသိခဲ့ရပါတယ်။

 

အသွားအလာကန့်သတ်သည့် နေရာများတွင်လည်း အရေးတကြီးလိုအပ်သည့် အသုံးအဆောင် ပစ္စည်းများ အပါအဝင် အခြေခံ အသုံးအဆောင်ပစ္စည်း ၅,၀၀၀ကျော်ကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ကုလသမဂ္ဂက ပံ့ပိုးမည်ဖြစ်ပါတယ်။COVID-19 ထိန်းချုပ်ရေးအတွက် ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ရွှေ့ပြောင်းနေထိုင်မှုအတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း (IOM)၊ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၊ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့က စုပေါင်းကူညီနေကြောင်း ဧပြီ ၂ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြချက်အရ သိခဲ့ရပါတယ်။

 

အခြေခံ အသုံးအဆောင် ၅,၀၀၀ ကျော်ကို ပံ့ပိုးမှုအပြင် WFP ကလည်း ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ အသွားအလာကန့် သတ်ထားသည့် နေရာများတွင် ခေတ္တနေထိုင်သူများကို ထပ်မံပံ့ပိုးပေးမည်ဟု ဆိုပါတယ်။COVID-19 ကပ်ရောဂါတုံ့ပြန်နေသည့် မြန်မာအစိုးရ ကြိုးပမ်းမှုများကို ကုလအဖွဲ့က အင်တိုက်အားတိုက် ပံ့ပိုးကူညီမည်ဖြစ်သည်။ ယခုကူညီမှုမှာ ကနဦးကြေညာထားသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သို့ Test Kits အခုငါးသောင်း ပေးပို့မည့် အစီအစဉ်၏ ထပ် ဆောင်းပံ့ပိုးမှု ဖြစ်သည်ဟုလည်း ကုလအဖွဲ့ကဆိုပါတယ်။

 

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပြန့်ပွားမှုကို တားဆီးတုံ့ပြန်ရန် ကုလအထူးအေဂျင် စီများ၊ ရန်ပုံငွေနှင့် အကူအညီပေး ရေး အစီအစဉ်များက နေ့စဉ် ပူးပေါင်းဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားခဲ့ပြီး Home stay ပြုလုပ်ခြင်းအား ဌာနဆိုင်ရာများ ကိုဗစ်ကော်မတီ မြို့နယ်အဆင့်အလိုက် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်မည်ဖြစ်ပြီး မြို့အဝင်အထွက်ကို ပိတ်ထားမည်မဟုတ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

 

"တိုင်းအတွင်းကို မဝင်ရဘူး မထွက်ကဘူးဆိုပြီး မလုပ်ပါဘူး။ ဒါပေမယ့် ဒီသြက်န်ကာလအတွင်း ၁၀ ရက် လောက်ကို ဖိဖိစီးစီး နေထိုင်လိုက်မယ်ဆိုရင် အခြေအနေကို တစ်စုံတစ်ရာ တားဆီးနိုင်တဲ့အဆင့် ရနိုင်မယ်လို့ ယုံကြည်ပါတယ်" ထပ်မံ၍ ပြောခဲ့ပါတယ်။ထို့အပြင် လတ်တလောကာလမှာ မြန်မာနိုင်ငံအတွက်သာ မက ကမ္ဘာ့နိုင်ငံများအတွက် အ ခက်ခဲဆုံးအချိန်ဖြစ်ပြီး COVID- 19 နှင့်ပတ်သက်၍ လက်တွဲရင် ဆိုင်ဖြတ်သန်းရန် မြန်မာနိုင်ငံကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် က တိုက်တွန်းထားခဲ့ပါတယ်။

 

သင်္ကြန်ရုံးပိတ်ရက် ဧပြီ ၁၀ ရက်မှ ၁၉ ရက်အထိ ကျန်းမာရေးကိစ္စနှင့် အစားအသောက်ဝယ်ယူရန်မှ အပ မိမိအိမ်တွင်သာနေထိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ covid-19 ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးမိုးဟိန်းလက်မှတ်ဖြင့် ဧပြီ ၂ရက် ရက်စွဲဖြင့် ညွှန်ကြားစာတစ်စောင် ထုတ်ပြန်ထားခဲ့ပါတယ်။

 

ထို့ကြောင့် covid-19ရောဂါနှင့်ပတ်သက်ပြီး ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ကူညီပံပိုး ထောက်ပံရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသူများမှအပ ပြည်သူများအနေဖြင့် သြက်န်ကာလ ရုံးပိတ်ရက်များဖြစ်သည့် ဧပြီ ၁ဝရက်မှ ၁၉ရက်အထိ မဖြစ်မနေဆောင်ရွက်ရမည့် ကျန်းမာရေးကိစ္စရပ်များနှင့် အစားအသောက်အဝယ်ယူခြင်း ကိစ္စရပ်မှလွဲပြီး နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်းများမပြုလုပ်ဘဲ မိမိနေအိမ်၌ (home stay)နေထိုင်ခြင်းဖြင့် အသွားအလာကန့်သတ်ခြင်း အစီအစဉ်နှင့် လုပ်ငန်းများတွင် ပြည်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန် ယင်းစာတွင်ဖော်ပြထားချက်အရ သိရပါတယ်။

 

89597769_1658912260917480_4377376590149976064_n_1.png


<<<Zawgyi>>>

 

ရန်ကုန် အဝင်အထွက်ကို ပိတ်မည်မဟုတ်ဘဲ Home Stay ၁၀ ရက်အတွင်း အသွားအလာကန့်သတ်သည့် နေရာများတွင် အခြေခံအသုံးအဆောင်ပစ္စည်းများ ကုလပံ့ပိုး ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြားရန်ကုန် အဝင်အထွက်ကို ပိတ်မည်မဟုတ်ဘဲ Home Stay ၁၀ ရက်အတွင်း လုံခြုံရေးအတွက် တိုင်းရဲတပ်ဖွဲ့ကို ညွှန်ကြားထားကာ အစားအသောက်အခက်အခဲမရှိစေရန် ကုန်သည်ကြီးများအသင်းများနှင့် ညှိနိုင်းထားဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားချက်အရသိခဲ့ရပါတယ်။

 




 


 


 


 


 

 

Read times
Rate this item
(4 votes)