Local Industry

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ COVID-19 ကာလအတွင်း မြန်မာသင်္ဘောသားများလိုက်နာရန်ကြေညာချက်အမှတ် (၆/၂၀၂၀)ဖြင့်ထုတ်ပြန်

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ COVID-19 ကာလအတွင်း မြန်မာသင်္ဘောသားများလိုက်နာရန်ကြေညာချက်အမှတ် (၆/၂၀၂၀)ဖြင့်ထုတ်ပြန်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် COVID-19 ရောဂါကာလအတွင်း မြန်မာသင်္ဘော သားများအနေဖြင့် သင်္ဘောပေါ်တွင်ဆက်လက်တာဝန်ထမ်းဆောင်ခြင်း၊ တာဝန်ထမ်းဆောင်ရန်ထွက်ခွာခြင်းနှင့် သင်္ဘောမှ sign off ပြုလုပ်၍ မိခင်နိုင်ငံပြန်လာခြင်းများဆောင်ရွက်ရာတွင် မြန်မာသင်္ဘောသားများလိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအား ကြေညာချက် အမှတ် (၆/၂၀၂၀) ဖြင့်ထုတ်ပြန်ကြေညာထားသည်။
ကမ္ဘာ့နိုင်ငံများ၌ဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါကြောင့် နိုင်ငံ အများအပြားတွင် Lock Down ပြုလုပ်ခြင်း၊ လေဆိပ်များကို ပြည်ပလေ‌ယာဉ်ဆင်းသက်ခွင့်များရပ်ဆိုင်းခြင်းနှင့်လေယာဉ်ခရီးစဉ် ဖျက်သိမ်းခြင်းများကြောင့် လက်ရှိသင်္ဘောပေါ်တွင်တာဝန်ထမ်းဆောင်လျှက်ရှိသော သင်္ဘောသားများအတွက် Crew Change ပြုလုပ်ခြင်းများဆောင်ရွက်ရန်အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။
သင်္ဘောပေါ်တွင်လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော သင်္ဘောသားများဆက်လက်တာဝန်ထမ်းဆောင်ရခြင်း ၊ မိခင်နိုင်ငံသို့ ပြန်လာရန်လေယာဉ်ခရီးစဉ်များဖျက်သိမ်းခြင်း ၊လေဆိပ်များတွင် ပြည်ပလေယာဉ်များဆင်းသက်ခွင့် ရပ်ဆိုင်းထားခြင်းတို့ကြောင့် လက်တလောဖြစ်ပေါ်လျက်ရှိသောအခြေအနေများတွင် မြန်မာသင်္ဘောသားများအဆင်ပြေရေးအတွက် အောက်ပါအတိုင်းလိုက်နာဆောင်ရွက်ကြရန် အသိပေးကြေညာထားသည်။
(က) သင်္ဘောပေါ်တွင်တာဝန်ထမ်းဆောင်ခြင်း
(၁) Seafarer Recruitment and Placements (SRPS) ကုမ္ပဏီများမှသင်္ဘောများတွင် တာဝန်ထမ်းဆောင်ရန်စေလွှတ်ထားသော မြန်မာသင်္ဘောသားများသည် ယခုကာလအတွင်းစာချုပ်သက်တမ်းကုန်ဆုံးခဲ့ပါက ဖြစ်ပေါ်လျက်ရှိသောအခြေအနေများကြောင့် နှစ်ဦးနှစ်ဖက်သဘောတူညီချက်ဖြင့် သင်္ဘောပေါ် (onboard)၌ စာချုပ်သက်တမ်းတိုးခြင်းကိုဆောင်ရွက်နိုင်သည်။
(၂) သင်္ဘောပေါ်တွင်သက်ဆိုင်ရာ Flag State များမှထုတ်ပြန်ထားသော COVID-19 ကာကွယ်ရေးညွှန်ကြားချက်များအား လိုက်နာဆောင် ရွက်ရမည်။
(၃) သင်္ဘောတွင်ဆက်လက်တာဝန်ထမ်း ဆောင်ရန် all in one(COC/ COP) လက်မှတ်သက်တမ်းကုန်ဆုံးခြင်းများအတွက် လက်မှတ်ယာယီ ၏ သက်တမ်းတိုးခြင်း ကို ဦးစီးဌာန၏ ကြေညာချက်အမှတ် (၂/၂၀၂၀) ပါအတိုင်း လိုက်နာဆောင်ရွက်ရမည်
(၄) သင်္ဘောပေါ်တွင်ဆက်လက်တာဝန်ထမ်း ဆောင်ရန် Seafarer Identification and Record Book (SIRB) သက်တမ်းကုန်ဆုံးခြင်းနှင့်စပ်လျဉ်း၍ onboard သက်တမ်းတိုးခြင်းအားဦးစီးဌာနမှ ကြေညာချက် အမှတ်(၅/၂၀၂၀)ဖြင့်ထုတ်ပြန်ထားပြီး ဖြစ်သည်။
(ခ) သင်္ဘောမှ Sign Off ပြုလုပ်၍ မိခင်နိုင်ငံသို့ပြန်လာခြင်း
(၁) သင်္ဘောမှ Sign Off လုပ်ပြီးပြန်လာသော သင်္ဘောသားများသည် သက်ဆိုင်ရာနိုင်ငံများ၏ သတ်မှတ်ချက်များနှင့်အညီ ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များကိုလိုက်နာဆောင်ရွက်ရမည်။
(၂) ယခုကာလတွင်ပြည်ပလေယာဉ်ဆင်း သက်ခွင့်ရပ်ဆိုင်းထားသော် လည်း COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ ညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်အရ လူသားချင်းစာနာမှုအကူအညီ လေယာဉ်(Relief Flights) များ ပျံသန်းပေးသွားမည်ဖြစ်၍ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့်ဆက်သွယ်ဆောင်ရွက်ကြရမည်။
(၃) မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိပြီးနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ မတ်လ ၂၂ ရက်နေ့တွင်ထုတ်ပြန်ထားသော လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်များမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်း
သို့ဝင်ရောက်လာသူများအတွက် COVID-19 ရောဂါနှင့်ပတ်သက်သော
ကျန်းမာရေးဆိုင်ရာသတိပေးအချက်အလက်များ ၊ ဧပြီလ ၁၁ ရက်ကထုတ်ပြန်ထားသော Community Based Facility Quarantine (၂၁) ရက်နှင့် မိမိနေအိမ်တွင် သီးခြားနေထိုင်ခြင်း Home Quarantine
ကာလ (၇) ရက် ဆောင်ရွက်သွားလာရေး လိုက်နာဆောင်ရွက်ရန် အသိပေးထုတ်ပြန်ခြင်းနှင့် သက်ဆိုင်သောထုတ်ပြန်ချက်များကိုလိုက်နာဆောင်ရွက်ရမည်။
(ဂ) သင်္ဘောတွင်တာဝန်ထမ်းဆောင်ရန်ထွက်ခွာခြင်း
(၁) သင်္ဘောတွင်တာဝန်ထမ်းဆောင်ရန်ပြန်လည်ထွက်ခွာသည့်သင်္ဘောသားများသည် ဦးစီးဌာနမှ ယခင်သတ်မှတ်ထားသောညွှန်ကြား ချက်များအပြင် သက်ဆိုင်ရာနိုင်ငံများမှသတ်မှတ်ထားသော COVID-19 နှင့်သက်ဆိုင်သည့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက် နှင့် စစ်ဆေးခြင်း
များကို လိုက်နာဆောင်ရွက်ရမည် ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကြေညာ ချက်အရ သိရသည်။
#Transcom

 

ေရေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ COVID-19 ကာလအတြင္း ျမန္မာသေဘၤာသားမ်ားလိုက္နာရန္ေၾကညာခ်က္အမွတ္ (၆/၂၀၂၀)ျဖင့္ထုတ္ျပန္

ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ေရေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနသည္ COVID-19 ေရာဂါကာလအတြင္း ျမန္မာသေဘၤာ သားမ်ားအေနျဖင့္ သေဘၤာေပၚတြင္ဆက္လက္တာဝန္ထမ္းေဆာင္ျခင္း၊ တာဝန္ထမ္းေဆာင္ရန္ထြက္ခြာျခင္းႏွင့္ သေဘၤာမွ sign off ျပဳလုပ္၍ မိခင္ႏိုင္ငံျပန္လာျခင္းမ်ားေဆာင္႐ြက္ရာတြင္ ျမန္မာသေဘၤာသားမ်ားလိုက္နာေဆာင္႐ြက္ရမည့္ အခ်က္အလက္မ်ားအား ေၾကညာခ်က္ အမွတ္ (၆/၂၀၂၀) ျဖင့္ထုတ္ျပန္ေၾကညာထားသည္။
ကမာၻ႔ႏိုင္ငံမ်ား၌ျဖစ္ပြားလ်က္ရွိေသာ COVID-19 ေရာဂါေၾကာင့္ ႏိုင္ငံ အမ်ားအျပားတြင္ Lock Down ျပဳလုပ္ျခင္း၊ ေလဆိပ္မ်ားကို ျပည္ပေလ‌ယာဥ္ဆင္းသက္ခြင့္မ်ားရပ္ဆိုင္းျခင္းႏွင့္ေလယာဥ္ခရီးစဥ္ ဖ်က္သိမ္းျခင္းမ်ားေၾကာင့္ လက္ရွိသေဘၤာေပၚတြင္တာဝန္ထမ္းေဆာင္လွ်က္ရွိေသာ သေဘၤာသားမ်ားအတြက္ Crew Change ျပဳလုပ္ျခင္းမ်ားေဆာင္႐ြက္ရန္အခက္အခဲမ်ားျဖစ္ေပၚလ်က္ရွိသည္။
သေဘၤာေပၚတြင္လက္ရွိတာဝန္ထမ္းေဆာင္လ်က္ရွိေသာ သေဘၤာသားမ်ားဆက္လက္တာဝန္ထမ္းေဆာင္ရျခင္း ၊ မိခင္ႏိုင္ငံသို႔ ျပန္လာရန္ေလယာဥ္ခရီးစဥ္မ်ားဖ်က္သိမ္းျခင္း ၊ေလဆိပ္မ်ားတြင္ ျပည္ပေလယာဥ္မ်ားဆင္းသက္ခြင့္ ရပ္ဆိုင္းထားျခင္းတို႔ေၾကာင့္ လက္တေလာျဖစ္ေပၚလ်က္ရွိေသာအေျခအေနမ်ားတြင္ ျမန္မာသေဘၤာသားမ်ားအဆင္ေျပေရးအတြက္ ေအာက္ပါအတိုင္းလိုက္နာေဆာင္႐ြက္ၾကရန္ အသိေပးေၾကညာထားသည္။
(က) သေဘၤာေပၚတြင္တာဝန္ထမ္းေဆာင္ျခင္း
(၁) Seafarer Recruitment and Placements (SRPS) ကုမၸဏီမ်ားမွသေဘၤာမ်ားတြင္ တာဝန္ထမ္းေဆာင္ရန္ေစလႊတ္ထားေသာ ျမန္မာသေဘၤာသားမ်ားသည္ ယခုကာလအတြင္းစာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့ပါက ျဖစ္ေပၚလ်က္ရွိေသာအေျခအေနမ်ားေၾကာင့္ ႏွစ္ဦးႏွစ္ဖက္သေဘာတူညီခ်က္ျဖင့္ သေဘၤာေပၚ (onboard)၌ စာခ်ဳပ္သက္တမ္းတိုးျခင္းကိုေဆာင္႐ြက္ႏိုင္သည္။
(၂) သေဘၤာေပၚတြင္သက္ဆိုင္ရာ Flag State မ်ားမွထုတ္ျပန္ထားေသာ COVID-19 ကာကြယ္ေရးၫႊန္ၾကားခ်က္မ်ားအား လိုက္နာေဆာင္ ႐ြက္ရမည္။
(၃) သေဘၤာတြင္ဆက္လက္တာဝန္ထမ္း ေဆာင္ရန္ all in one(COC/ COP) လက္မွတ္သက္တမ္းကုန္ဆုံးျခင္းမ်ားအတြက္ လက္မွတ္ယာယီ ၏ သက္တမ္းတိုးျခင္း ကို ဦးစီးဌာန၏ ေၾကညာခ်က္အမွတ္ (၂/၂၀၂၀) ပါအတိုင္း လိုက္နာေဆာင္႐ြက္ရမည္
(၄) သေဘၤာေပၚတြင္ဆက္လက္တာဝန္ထမ္း ေဆာင္ရန္ Seafarer Identification and Record Book (SIRB) သက္တမ္းကုန္ဆုံးျခင္းႏွင့္စပ္လ်ဥ္း၍ onboard သက္တမ္းတိုးျခင္းအားဦးစီးဌာနမွ ေၾကညာခ်က္ အမွတ္(၅/၂၀၂၀)ျဖင့္ထုတ္ျပန္ထားၿပီး ျဖစ္သည္။
(ခ) သေဘၤာမွ Sign Off ျပဳလုပ္၍ မိခင္ႏိုင္ငံသို႔ျပန္လာျခင္း
(၁) သေဘၤာမွ Sign Off လုပ္ၿပီးျပန္လာေသာ သေဘၤာသားမ်ားသည္ သက္ဆိုင္ရာႏိုင္ငံမ်ား၏ သတ္မွတ္ခ်က္မ်ားႏွင့္အညီ က်န္းမာေရးဆိုင္ရာၫႊန္ၾကားခ်က္မ်ားကိုလိုက္နာေဆာင္႐ြက္ရမည္။
(၂) ယခုကာလတြင္ျပည္ပေလယာဥ္ဆင္း သက္ခြင့္ရပ္ဆိုင္းထားေသာ္ လည္း COVID-19 ကာကြယ္၊ထိန္းခ်ဳပ္၊ ကုသေရးဗဟိုေကာ္မတီ၏ ညႇိႏႈိင္း အစည္းအေဝးဆုံးျဖတ္ခ်က္အရ လူသားခ်င္းစာနာမႈအကူအညီ ေလယာဥ္(Relief Flights) မ်ား ပ်ံသန္းေပးသြားမည္ျဖစ္၍ သက္ဆိုင္ရာႏိုင္ငံမ်ားရွိ ျမန္မာသံ႐ုံးမ်ားႏွင့္ဆက္သြယ္ေဆာင္႐ြက္ၾကရမည္။
(၃) ျမန္မာႏိုင္ငံသို႔ျပန္လည္ေရာက္ရွိၿပီးေနာက္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ မတ္လ ၂၂ ရက္ေန႔တြင္ထုတ္ျပန္ထားေသာ ေလေၾကာင္း၊ ေရေၾကာင္းႏွင့္ နယ္စပ္မ်ားမွ တစ္ဆင့္ ျမန္မာႏိုင္ငံအတြင္း
သို႔ဝင္ေရာက္လာသူမ်ားအတြက္ COVID-19 ေရာဂါႏွင့္ပတ္သက္ေသာ
က်န္းမာေရးဆိုင္ရာသတိေပးအခ်က္အလက္မ်ား ၊ ဧၿပီလ ၁၁ ရက္ကထုတ္ျပန္ထားေသာ Community Based Facility Quarantine (၂၁) ရက္ႏွင့္ မိမိေနအိမ္တြင္ သီးျခားေနထိုင္ျခင္း Home Quarantine
ကာလ (၇) ရက္ ေဆာင္႐ြက္သြားလာေရး လိုက္နာေဆာင္႐ြက္ရန္ အသိေပးထုတ္ျပန္ျခင္းႏွင့္ သက္ဆိုင္ေသာထုတ္ျပန္ခ်က္မ်ားကိုလိုက္နာေဆာင္႐ြက္ရမည္။
(ဂ) သေဘၤာတြင္တာဝန္ထမ္းေဆာင္ရန္ထြက္ခြာျခင္း
(၁) သေဘၤာတြင္တာဝန္ထမ္းေဆာင္ရန္ျပန္လည္ထြက္ခြာသည့္သေဘၤာသားမ်ားသည္ ဦးစီးဌာနမွ ယခင္သတ္မွတ္ထားေသာၫႊန္ၾကား ခ်က္မ်ားအျပင္ သက္ဆိုင္ရာႏိုင္ငံမ်ားမွသတ္မွတ္ထားေသာ COVID-19 ႏွင့္သက္ဆိုင္သည့္ က်န္းမာေရးဆိုင္ရာ လိုအပ္ခ်က္ ႏွင့္ စစ္ေဆးျခင္း
မ်ားကို လိုက္နာေဆာင္႐ြက္ရမည္ ဟု ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ေရေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနမွ ေၾကညာ ခ်က္အရ သိရသည္။
#Transcom

Read times
Rate this item
(0 votes)