Local Industry

မြန်မာနိုင်ငံ၏ ပထမဆုံး Multimodal Transport Services စတင်

မြန်မာနိုင်ငံ၏ ပထမဆုံး Multimodal Transport Services အား RGL Dryport, MITT Port , COSCO Shipping line တို့မှပူးပေါင်း၍

အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။ RG Logistics ၏ ခြေလှမ်းသစ်တစ်ခုအနေဖြင့် မြန်မာ့မီးရထား ကဏ္ဍတွင် ပထမဆုံး Ywarthargyi Dry Port-Myitnge Dry Port-MITT Port တို့ပူးပေါင်းကာ Export Cargo အဖြစ် ယခုနှစ်ဇွန်လ၁ရက်တွင် မှတ်တမ်းတင်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

 

ကုန်ပစ္စည်းများအတွက် RG Logistics တွင် Import/Export Customer Clearance oန်ဆောင်မှု များနှင့် သယ်ယူပို့ဆောင် သိုလှောင်ရေး ဝန်ဆောင်မှုများအား One stop Services ပေးနေခြင်းဖြစ်သည်။

RGL Dry port သည် သင်္ဘောဆိပ်ကမ်းများအား ကားဖြင့်ဖြစ်စေ၊ ရထားဖြင့်ဖြစ်စေ တိုက်ရိုက်ချိတ်ဆက်ထားသော ကုန်းတွင်းကြားခံဆိပ်တစ်ခုဖြစ်ပြီး ပင်လယ်ရေကြောင်းကုန်စည်များအား ကုန်းတွင်းဆိပ်သို့ပို့ဆောင်ခြင်းအတွက် အချက်အခြာ နေရာ တစ်ခုဖြစ်လည်းဖြစ်သည်။

Resources Group Logistics Co.,ltd ၏ ရွာသာကြီးကုန်းတွင်းဆိပ်ကမ်းကို ၂၀၁၈ နိုဝင်ဘာ ၁၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ Resources Group Logistics Co.,ltd သည် ကုန်းတွင်းဆိပ်တည်ဆောက်ရေး လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ရန်ကုန်ရွာသာကြီးကုန်းတွင်းဆိပ်တွင် ၃၂၇၅၇.၂၉သန်း(ကျပ်)၊ မြစ်ငယ်ကုန်းတွင်းဆိပ်တွင် ၃၃၄၁၇.၉၃သန်း(ကျပ်)ဖြင့် လုပ်ငန်းဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါကုန်းတွင်းဆိပ်လုပ် ငန်းများတည်ဆောက်လုပ်ကိုင်အတွက် ရန်ကုန်ရှိ ရွာသာကြီးဘူ တာအနီးနှင့် မန္တလေးရှိ မြစ်ငယ် ဘူတာအနီးတို့တွင် လုပ်ငန်းလုပ်ကိုင်ရန် ၂၀၁၄ စက်တင်ဘာတွင် တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ပြီး Resources Group Logistics Co.,ltd နှင့်(၃.၄.၂၀၁၇)တွင် စာချုပ်ချုပ်ဆိုကာ မြန်မာ့ မီးရထားက BOT စနစ်ဖြင့် နှစ် ၅၀ မြေငှားရမ်းခွင့် ပြုပေးထားခြင်းဖြစ်သည်။

ရန်ကုန်ရှိ ရွာသာကြီးတွင် တည်ဆောက်မည့် ကုန်းတွင်းဆိပ် လုပ်ငန်းအတွက် Resources Group of Logistics ကုမ္ပဏီမှ မြေဧက ၄၀ ရရှိ ထားပြီး မန္တလေးရှိ မြစ်ငယ်ကုန်း တွင်းဆိပ်လုပ်ငန်းအတွက် Resources Group of Logistics က ၃၂ ဧကကျော် အသီးသီးလုပ်ငန်းလုပ်ကိုင်ခွင့်များ ရရှိ ထားခြင်းဖြစ်သည်။
#Transcom



Read times
Rate this item
(0 votes)