Local Industry

မြန်မာသင်္ဘောသားများCOVID-19 ရောဂါကင်းရှင်းကြောင်း ဆေးစစ်ခြင်းနှင့် ဆေးလက်မှတ် ထုတ်ပေးခြင်းများဆောင်ရွက်ပေးလျက်ရှိ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL)နှင့်

မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (MSF) တို့ပူးပေါင်း၍ မြန်မာသင်္ဘောသားများအတွက် COVID-19 ရောဂါကင်းရှင်းကြောင်း ဆေးစစ်ခြင်းနှင့် ဆေးလက်မှတ် ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေး လျက်ရှိကြောင်း မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် ဥက္ကဌ ကပ္ပတိန် စိုးမင်းအောင်ထံမှသိရသည်။

မြန်မာသင်္ဘောသားများအတွက် COVID-19 ရောဂါ ရှိ၊မရှိ စစ်ဆေးခြင်းကို မေ လ မှ စတင်ကာဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်တွင် ရောဂါရှိ ၊ မရှိစစ်ဆေးရန် အွန်လိုင်းမှ စာရင်းပေးသွင်းထားသည့် သင်္ဘောသား ၉၀ ကျော်ရှိ ကာ ရောဂါပိုးကင်းရှင်းကြောင်းဆေးလက်မှတ်ထုတ်ပေးထားသည့် သင်္ဘောသား ၆၀ ခန့်ရှိသည်။
" ကျွန်တော်တို့ နဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန နဲ့ သဘောတူထားတာက ဆေးစစ်ခံလိုတဲ့ရက်ထက် ၇၂ နာရီ ကြိုပြီးအကြောင်းကြားရတယ်။ဆေးစစ်ခံမယ့်လူစားရင်းပို့ရတယ်။ကျွန်တော်တို့ဆီကို ဆေးစစ်ခံလိုတဲ့ သင်္ဘောသား
ကို လေးရက်အချိန်ပေးပြီး အွန်လိုင်းကနေလျှောက်ပါလို့ တိုက်တွန်းထားတယ်။ ဒါမှလဲ NHL ကို စာရင်း ၇၂ နာရီ ကြိုပို့တဲ့ အချိန်အဆင်ပြေမယ်လို့ ယူဆတဲ့အတွက် လေးရက်ကြိုလျှောက်ခိုင်းထားတယ်။အခုလိုဆေးစစ်တာနဲ့ပတ်သက်ပြီး နိုင်ငံတကာကလဲ အသိအမှတ်ပြုပါတယ်။ ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာန၊WHO တို့က သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့လုပ်တာဖြစ်တဲ့အတွက်ရော ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန က ထုတ်ပေးတာဖြစ်တဲ့အတွက်‌ရော ၊ နိုင်ငံတကာကလက်ခံတာဖြစ်ပါတယ် " မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (MSF) ၊ ဥက္ကဌ ကပ္ပတိန်စိုးမင်းအောင်မှပြောသည်။
မြန်မာသင်္ဘောသားများအနေဖြင့် COVID-19 ရောဂါရှိ၊မရှိ ဆေးစစ်နိုင်ရန် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ် (MSF) ၏ Facebook Page (www.facebook.com/msf.myanmar) သို့ ဝင်ရောက်ကြည့်ရှူ၍ လျှောက်ထားနိုင်ကြောင်းသိရသည်။
ယခုအခါ မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်အနေဖြင့် COVID-19 ကာလအတွင်း စာချုပ်သက်တမ်းပြည့်၍ မြန်မာနိုင်ငံသို့ပြန်လာမည့် သင်္ဘောသားများအခက်အခဲမရှိ အဆင်ပြေချောမွေ့စာပြန်လာနိုင်ရန်အတွက် သက်ဆိုင်ဝန်ကြီးဌာနများ နှင့်ညှိနှိုင်းဆောင်ရွက်လျှက်ရှိကြောင်း၊ ရေကြောင်းပို့‌ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ၌ သင်္ဘောသားမှတ်ပုံတင်ထားသူ ဦးရေ တစ်သိန်းကျော်ရှိကြောင်းနှင့် နှစ်စဉ် သင်္ဘောပေါ်တွင်တာဝန်ထမ်း‌ဆောင်နေသည့် အရာရှိများအပါအဝင် သင်္ဘောသားဦးရေ ငါးသောင်းကျော်ရှိကာ နှစ်စဉ်နိုင်ခြားဝင်ငွေ တိုးတက်စေရန်ရှာဖွေပေးလျက်ရှိကြောင်းသိရသည်။
#Transcom

ျမန္မာသေဘၤာသားမ်ားCOVID-19 ေရာဂါကင္းရွင္းေၾကာင္း ေဆးစစ္ျခင္းႏွင့္ ေဆးလက္မွတ္ ထုတ္ေပးျခင္းမ်ားေဆာင္႐ြက္ေပးလ်က္ရွိ
*******************************************
က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ၊ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (NHL)ႏွင့္ ျမန္မာႏိုင္ငံပင္လယ္ကူးသေဘၤာသားအလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္ (MSF) တို႔ပူးေပါင္း၍
ျမန္မာသေဘၤာသားမ်ားအတြက္ COVID-19 ေရာဂါကင္းရွင္းေၾကာင္း ေဆးစစ္ျခင္းႏွင့္ ေဆးလက္မွတ္ ထုတ္ေပးျခင္းတို႔ကို ေဆာင္႐ြက္ေပး လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံပင္လယ္ကူးသေဘၤာသားအလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္ ဥကၠဌ ကပၸတိန္ စိုးမင္းေအာင္ထံမွသိရသည္။
ျမန္မာသေဘၤာသားမ်ားအတြက္ COVID-19 ေရာဂါ ရွိ၊မရွိ စစ္ေဆးျခင္းကို ေမ လ မွ စတင္ကာေဆာင္႐ြက္ခဲ့ၿပီး လက္ရွိအခ်ိန္တြင္ ေရာဂါရွိ ၊ မရွိစစ္ေဆးရန္ အြန္လိုင္းမွ စာရင္းေပးသြင္းထားသည့္ သေဘၤာသား ၉၀ ေက်ာ္ရွိ ကာ ေရာဂါပိုးကင္းရွင္းေၾကာင္းေဆးလက္မွတ္ထုတ္ေပးထားသည့္ သေဘၤာသား ၆၀ ခန႔္ရွိသည္။
" ကြၽန္ေတာ္တို႔ နဲ႔ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန နဲ႔ သေဘာတူထားတာက ေဆးစစ္ခံလိုတဲ့ရက္ထက္ ၇၂ နာရီ ႀကိဳၿပီးအေၾကာင္းၾကားရတယ္။ေဆးစစ္ခံမယ့္လူစားရင္းပို႔ရတယ္။ကြၽန္ေတာ္တို႔ဆီကို ေဆးစစ္ခံလိုတဲ့ သေဘၤာသား
ကို ေလးရက္အခ်ိန္ေပးၿပီး အြန္လိုင္းကေနေလွ်ာက္ပါလို႔ တိုက္တြန္းထားတယ္။ ဒါမွလဲ NHL ကို စာရင္း ၇၂ နာရီ ႀကိဳပို႔တဲ့ အခ်ိန္အဆင္ေျပမယ္လို႔ ယူဆတဲ့အတြက္ ေလးရက္ႀကိဳေလွ်ာက္ခိုင္းထားတယ္။အခုလိုေဆးစစ္တာနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာကလဲ အသိအမွတ္ျပဳပါတယ္။ က်န္မာေရးႏွင့္အားကစားဝန္ႀကီးဌာန၊WHO တို႔က သတ္မွတ္ထားတဲ့ စံခ်ိန္စံၫႊန္းနဲ႔လုပ္တာျဖစ္တဲ့အတြက္ေရာ ၊ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန က ထုတ္ေပးတာျဖစ္တဲ့အတြက္‌ေရာ ၊ ႏိုင္ငံတကာကလက္ခံတာျဖစ္ပါတယ္ " ျမန္မာႏိုင္ငံပင္လယ္ကူးသေဘၤာသားအလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္ (MSF) ၊ ဥကၠဌ ကပၸတိန္စိုးမင္းေအာင္မွေျပာသည္။
ျမန္မာသေဘၤာသားမ်ားအေနျဖင့္ COVID-19 ေရာဂါရွိ၊မရွိ ေဆးစစ္ႏိုင္ရန္ ျမန္မာႏိုင္ငံပင္လယ္ကူးသေဘၤာသားအလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္ (MSF) ၏ Facebook Page (www.facebook.com/msf.myanmar) သို႔ ဝင္ေရာက္ၾကည့္ရႉ၍ ေလွ်ာက္ထားႏိုင္ေၾကာင္းသိရသည္။
ယခုအခါ ျမန္မာႏိုင္ငံပင္လယ္ကူးသေဘၤာသားအလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္အေနျဖင့္ COVID-19 ကာလအတြင္း စာခ်ဳပ္သက္တမ္းျပည့္၍ ျမန္မာႏိုင္ငံသို႔ျပန္လာမည့္ သေဘၤာသားမ်ားအခက္အခဲမရွိ အဆင္ေျပေခ်ာေမြ႕စာျပန္လာႏိုင္ရန္အတြက္ သက္ဆိုင္ဝန္ႀကီးဌာနမ်ား ႏွင့္ညႇိႏႈိင္းေဆာင္႐ြက္လွ်က္ရွိေၾကာင္း၊ ေရေၾကာင္းပို႔‌ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန ၌ သေဘၤာသားမွတ္ပုံတင္ထားသူ ဦးေရ တစ္သိန္းေက်ာ္ရွိေၾကာင္းႏွင့္ ႏွစ္စဥ္ သေဘၤာေပၚတြင္တာဝန္ထမ္း‌ေဆာင္ေနသည့္ အရာရွိမ်ားအပါအဝင္ သေဘၤာသားဦးေရ ငါးေသာင္းေက်ာ္ရွိကာ ႏွစ္စဥ္ႏိုင္ျခားဝင္ေငြ တိုးတက္ေစရန္ရွာေဖြေပးလ်က္ရွိေၾကာင္းသိရသည္။
#Transcom

Read times
Rate this item
(1 Vote)