Local Industry

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ရဲ့ Terminal 3 ရှိ Gate 4 အား ယာယီ ပိတ်မည်

ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်အသုံးပြသူ ပြည်တွင်းခရီးသည်များ ပိုမိုအဆင်ပြေချောမွေ့သော ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် Terminal 3 ရှိ Gate 4 တွင် အမိုးအကာအသစ်တစ်ခု တိုးချဲ့ဆောက်လုပ်သွားမှာဖြစ်တာကြောင့် ဩဂုတ် ၄ ရက်မှ ၁၀ ရက်အထိ Gate 4 အား ယာယီပိတ်ထားမည် ဖြစ်ကြောင်း လေဆိပ်ဝန်ဆောင်မလုပ်ငန်းများအား တာဝန်ယူဆောင်ရွက်နေသည့် Yangon Aerodrome Company Limited(YACL) ၏ထုတ်ပြန်ကြေညာချက်အရ သိရသည်။

 

ထိုသို့ တိုးချဲ့လုပ်ငန်းများ လုပ်ဆောင်နေစဉ်ကာလအတွင်း လေဆိပ်အသုံးပြုသူ ခရီးသည်များအနေဖြင့် Gate 1 နှင့် Gate 2 ကို ဝင်/ထွက်ပေါက်အဖြစ်လည်းကောင်း၊ Gate 3 ကို ထွက်ပေါက်အဖြစ်လည်းကောင်း အသုံးပြုသွားရန်နှင့် ခရီးသည်များသွားလာရေး လွယ်ကူအဆင်ပြေစေရန် ကားရပ်နားရာနေရာနှင့် T3 ပလက်ဖောင်းများအကား အမိုးပါ လျှောက်လမ်းတစ်ခု ယာယီစီစဉ်ထားကြောင်း YACL ၏‌ကြေညာချက်တွင် ဖော်ပြထားသည်။

 

ခရီးသည်များ အနေနဲ့ လတ်တေလာကာလအတွင်း အဆင်မပြေမှုများပေါ်ပေါက်ခဲ့ပါက သည်းခံပေးပါရန်နှင့် လေဆိပ်အတွင်း ချမှတ်ထားသောကျန်းမာရေးကာကွယ်မှု အစီအမံများကို ဆက်လက်လိုက်နာပေးကြရန်တိုက်တွန်းလိုကြောင်း၊ YACL အနေဖြင့် လေဆိပ်အသုံးပြုသူခရီးသည်များနှင့် လေဆိပ်ဝန်ထမ်းများအားလုံး၏ ကျန်းမာရေး၊ လုံးဝ စိတ်ချမှုရှိရေးစသည်တို့အတွက် ဦးစားပေးလုပ်ဆောင်နေပီး လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများကို ထိရောက်မြန်ဆန်မှုရှိအောင် အစဉ်မပြတ်ကြိုးပမ်းလျက်ရှိကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

 

Read times
Rate this item
(0 votes)