Local Industry

သတ္တမအကြိမ်မြောက် ဖိလစ်ပိုင်နိုင်ငံ၌ မြန်မာနိုင်ငံသားများအား မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေး

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (COVID-19) ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေး စီမံချက်များကြောင့်

 

မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည်ထွက်ခွာနိုင်ခြင်းမရှိဘဲ ဖိလစ်ပိုင်နိုင်ငံတွင် ဆက်လက်နေထိုင်ရန် အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၁)ဦး သည် မြန်မာသံရုံး၊ မနီလာမြို့မှ စီစဉ်သည့် သတ္တမအကြိမ်မြောက် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ် (Relief Flight)၊ ခရီးစဉ်အမှတ် (UB 9906) ဖြင့် မနီလာမြို့၊ NAIA အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ယနေ့ ၁၃-၈-၂၀၂၀ ရက်၊ ဒေသစံတော်ချိန် မွန်းလွဲ ၁၅:၀၀နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာသွားခဲ့ပါသည်။

အဆိုပါကယ်ဆယ်ရေးလေယာဉ်တွင် Frontiir Co.Ltd( Myanmar Net) မှ ဖိလစ်ပိုင်နိုင်ငံသား (၂) ဦး၊ Norwegian Cruise ၊Zett Empire Co.Ltdနှင့် Golden Eagle သင်္ဘောလိုင်းတို့မှ မြန်မာသင်္ဘောသား (၅) ဦး၊ တက္ကသိုလ်အသီးသီးမှ ပညာတော်သင် ကျောင်းသူ/သား (၃)ဦးနှင့် အခြားမြန်မာနိုင်ငံသား (၁၄၁) ဦး၊ စုစုပေါင်း (၁၅၁) ဦး လိုက်ပါသွားခဲ့ပါသည်။

အဆိုပါ ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါကြမည့် မြန်မာနိုင်ငံသားများ လေဆိပ်တွင် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာသံရုံး၊ မနီလာမြို့မှ မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများနှင့် ဖိလစ်ပိုင်နိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

 

Ministry of Foreign Affairs Myanmar

Read times
Rate this item
(0 votes)