Local Industry

ထောက်ပံ့ဖြည့်ဆည်းစီမံဆောင်ရွက်မှု (Logistics)ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းဆိုင်ရာအစည်းအဝေးကျင်းပ

ထောက်ပံ့ဖြည့်ဆည်းစီမံဆောင်ရွက်မှု (Logistics)ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းဆိုင်ရာအစည်းအဝေးကျင်းပ Google

မြန်မာနိုင်ငံတွင် ထောက်ပံ့ဖြည့်ဆည်းစီမံဆောင်ရွက်မှု (Logistics)ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်းပြမြေပုံရေးဆွဲနိုင်ရေး၊

 

Logistics ကဏ္ဍနှင့်ဆက်စပ်သည့် သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များပူးပေါင်း၍ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီတစ်ရပ် ဖွဲ့စည်းရေးနှင့် သင့်တော်သောစည်းမျဉ်းစည်းကမ်းများနှင့် Logistics လုပ်ငန်းများ လွယ်ကူချောမွေ့စေရေး အထောက်အပံ့ပေးနိုင်‌မည့် အခြေအနေတစ်ရပ်ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ထောက်ပံ့ဖြည့်ဆည်း စီမံဆောင်ရွက်မှု (Logistics)ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းဆိုင်ရာအစည်းအဝေးကို ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ဦးဆောင်၍ နေပြည်တော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၅)၌ ကျင်းပခဲ့သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ထောက်ပံ့ဖြည့်ဆည်း စီမံဆောင်ရွက်မှုဟုခေါ်သည့် Logistics ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် အစဉ်တစိုက်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 

 

 

အမျိုးသားအဆင့် ထောက်ပံ့ဖြည့်ဆည်းစီမံဆောင်ရွက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာဖို့ရည်ရွယ်ချက်ဖြင့် National Logistics Master Plan တစ်ရပ်ကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၏အထောက်အပံ့ဖြင့် ရေးဆွဲခဲ့ပြီးဖြစ်သည်။ 

 

နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် Logistics ဝန်ဆောင်မှုလုပ်ငန်းများ မဖြစ်မနေတိုးတက်ရမည်ဖြစ်သည့်အတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍကြားမှာ ကောင်းမွန်သောပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆောင်ရွက်နိုင်မယ်လို့  ပြောကြားခဲ့သည်။ 

 

ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာမျိုးငြိမ်းအေး က National Logistics Master Plan ကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး၊ Logistics ကဏ္ဍဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များမှ လုပ်ငန်းနယ်ပယ်အလိုက် National Logistics Master Plan ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စများကို တင်ပြဆွေးနွေးခဲ့ကြသည်။

 

၎င်းအစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနမှ ဌာနအကြီးအကဲများ၊ မြန်မာနိုင်ငံ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ဖြည့်ဆည်းစီမံဆောင်ရွက်မှုအသင်းချုပ်(MTLF)၊ မြန်မာ ကုန်သွယ်ရေကြောင်းဆိုင်ရာ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအသင်း(MMMDA)၊ မြန်မာနိုင်ငံကုန် သေတ္တာတင်မော်တော်ယာဉ်များအသင်း(MCTA)၊

 

မြန်မာနိုင်ငံအကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင် များအသင်း (MCBA)၊ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုများအသင်း (MIFFA)၊ ကမ်းရိုးတမ်းသွားသင်္ဘောပိုင်ရှင်များအသင်း(CVSA)၊ မြန်မာနိုင်ငံအဝေးပြေးကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MHFTSA)တို့မှ ဥက္ကဋ္ဌများနှင့် အလုပ်မှုဆောင် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့ သိရသည်။

 

By Myanmar Logistics Guide

Transcom News Journal

Read times
Rate this item
(2 votes)