Local Industry

ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခြင်း ကိစ္စနှင့် စပ်လျဉ်း၍ ထုတ်ပြန်ကြေညာ

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နေပြည်တော်ကောင်စီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ (အားလုံး) ၊ (ရခိုင်ပြည်နယ်အစိုးရအဖွဲ့မပါ) ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၇ ရက် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခြင်း ကိစ္စနှင့် စပ်လျဉ်း၍ ထုတ်ပြန်ကြေညာ ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 

၁။ Covid-19 ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီး ကာကွယ်၊ ထိန်းချုပ်နေစဉ်ကာလ အတွင်း နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကုန်စည်သယ်ယူ ပို့ဆောင်မှုပြတ်တောက်မှုမရှိစေရေးနှင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာရာတွင် အဆင်ပြေ လွယ်ကူချောမွေ့စေရေးအတွက် နေပြည်တော်ကောင်စီ၊

 

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် များသို့ သွားလာနေသော ကုန်စည်ပို့ဆောင်မည့်ယာဉ်များအား မောင်းနှင်သည့် ယာဉ်မောင်း များနှင့် ယာဉ်နောက်လိုက်များကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဝင်/ထွက်စစ်ဆေးရေးဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီး ဝင်/ထွက်ခွင့်ပြုရန်နှင့်

 

လုပ်ငန်းဆောင်ရွက်ပြီးသည်နှင့် လုပ်ငန်းခွင်အပြင်ဘက် အခြားနေရာများသို့ သွားရောက်ခွင့် မပြုဘဲ သတ်မှတ်ထားသောနေရာတွင်သာ အခြေပြုစေပြီး နေရပ်သို့ ပြန်လည်စေလွှတ်သွားရန် အကြောင်းကြားခဲ့ပြီးဖြစ်သော်လည်း အချို့သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့များမှ ကုန်ပစ္စည်းအမျိုးအစားများအပေါ် မူတည်၍ ကုန်တင်ယာဉ်ဝင်ရောက်မှုကို ကန့်သတ် လျက်ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

 

၂။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ (၉-၉-၂၀၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် Coronavirus Disease 2019 (covID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးတွင် ရည်ညွှန်း(၁)နှင့် (၂)ပါ ညွှန်ကြားချက်အား တိကျစွာ လိုက်နာဆောင်ရွက် ကြရန်နှင့်

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဓါတ်ခွဲအတည်ပြုနမူနာ ပို့ဆောင်သည်ယာဉ် များ၊ အရေးပေါ်လူနာတင်ယာဉ်များနှင့် တာဝန်ဖြင့်သွားလာသည့်ယာဉ်များ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ ဝင်ရောက်ခွင့်နှင့် ဖြတ်သန်းသွားလာမှုကို အဆင်ပြေလွယ်ကူချောမွေ့အောင်

 

စီစဉ်ဆောင်ရွက်ပေးသွားရန် ဆုံးဖြတ်ခဲ့ပါကြောင်း သိရှိ လိုက်နာဆောင်ရွက်နိုင်ပါရန် လမ်းညွှန်မှုအရ အကြောင်းကြားပါသည် ဟု ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

ထုတ်ပြန်ချက် 

Read times
Rate this item
(1 Vote)