Local Industry

Logistics လုပ်ငန်းငန်း Ninja Van နှင့် NearMe ပူးပေါင်းလုပ်ကိုင်မည်

မြန်မာအခြေစိုက် ဒစ်ဂျစ်တယ် ဝန်ဆောင်မှု ပလက်ဖောင်း NearMe က logistics ထောက်ပံ့ပို့ဆောင်လုပ်ငန်း Ninja Van နဲ့

တွဲဖက်လုပ်ကိုင်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ထောက်ပံ့ပို့ဆောင်လုပ်ငန်း Ninja Van အနေဖြင့် ဒစ်ဂျစ်တယ်နည်းလမ်းများဖြင့် ငွေပေးချေမှုများကို လုပ်ကိုင်နိုင်စေမှာ ဖြစ်ပါတယ်။ 

NearMe ရဲ့ e-payments platform ကို အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်။ NearMe အနေဖြင့်လည်း Ninja Van ရဲ့ ကွန်ရက်ထဲ ရှိနေတဲ့သူတွေကို e-payments platform မှာ ရောက်ရှိလာတဲ့ အကျိုးကျေးဇူးကို ရရှိမှာ ဖြစ်ပါတယ်။
NearMe ကို ၂၀၁၅ ခုနှစ်မှာ စင်ကာပူအခြေစိုက် payments platform ဖြစ်တဲ့ 2C2P က မြန်မာနိုင်ငံမှ စိုက်ပျိုးရေးကဏ္ဍာ စူးစိုက်လုပ်ကိုင်တဲ့ Myanma Awba Group ၊ အမြန်ဆိုင်တင်ရောင်းချကုန်စည် FMCG
Fast-moving consumer goods လုပ်ငန်းဖြစ်တဲ့ Pahtama Group တို့နဲ့အတူ ထူထောင်ခဲ့ပါတယ်။
NearMe အနေဖြင့် လက်လီအရောင်း၊ဒစ်ဂျစ်တယ် ကုန်စည်များနဲ့ ဝန်ဆောင်မှုများကို e-payment ဖြင့် လက်ခံဆောင်ရွက်နိုင်အောင် လုပ်ကိုင်ပေးပါတယ်။
NearMe ရဲ့ ပလက်ဖောင်းပေါ်မှာ လက်လီအရောင်းတွေကို ရောင်းချပြီး ကျသင့်ငွေကိ ကောက်ခံနိုင်တယ်၊ ဝန်ဆောင်မှုအနေဖြင့် NearMe ပလက်ဖောင်း သုံးစွဲသူတွေက မီတာခပေးတာဦ ချေးငွေအတွက် ပေးချေတာတွေ လုပ်ကိုင်နိုင်ပါတယ်။ ကိုဗစ်ကြောင့် လုပ်ငန်းတွေ အထိနာနေကြပေမဲ့လည်း NearMe ဟာ လက်လီအရောင်းသမား ၅၀,၀၀၀ ကျော်နဲ့အတူ လက်ရှိလုပ်ကိုင်လျက် ရှိပြီး ငွေပေးငွေယူလုပ်ကြတဲ့ ပမာဏ တိုးများလာနေပါတယ်။
Ninja Van ကို ၂၀၁၄ ခုနှစ်မှာ ထူထောင်ခဲ့ပြီး စင်ကာပူအခြေစိုက် လုပ်ငန်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။ ဥရောပမှ ထောက်ပံ့ပို့ဆောလုပ်ငန်းကြီး GeoPost ဉီးဆောင်တဲ့ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၇၉ သန်း ရရှိထားပြီး ဖြစ်ပါတယ်။

အရှေ့တောင်အာရှဟာ ဒစ်ဂျစ်တယ် ငွေပေးငွေယူစနစ်ကျင့်သုံးကြတဲ့ဆီသို့ လျင်မြန်စွာ ရွေ့လျားနေပြီး ပမာဏလည်း ကြီးထွားမှု မြန်ဆန်နေပါတယ်။ ယခုနှစ်ကုန်မှာ ၃ % အထိ မြင့်တက်ပြီး အမေရိကန်ဒေါ်လာ ၆၂၀ ဘီလျံအထိရှိလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ၂၀၂၅ ခုနှစ်ကျရင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ထရီလျံ ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

NearMe Ninja Van

Read times
Rate this item
(0 votes)