Local Industry

ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၃၃၇ ဦးတွေ့ရှိ

ကုန်စည်စီးဆင်းမူမှန်ကန်စေရေးနှင့် လျင်မြန်ချောမွေ့စွာပို့ဆောင်နိုင်ရေးအတွက် ကုန်တင်ယာဉ်မောင်း များနှင့် ယာဉ်နောက်လိုက်များ COVID-19 ရောဂါကင်းရှင်းကြောင်း စစ်ဆေးခြင်းကို မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ဆောင်ရွက်လျက်ရှိရာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၃၃၇ ဦးတွေ့ရှိ ရကြောင်း ကုန်သည်စက်မူအသင်းချုပ် (UMFCCI)ထံမှ သိရသည် ။

 

COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ကုန်စည်စီးဆင်းမူ မပြတ်တောက်စေရန်အတွက် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ရန်ကုန်မြို့မှ မထွက်ခွာမီနှင့်ရန်ကုန်မြို့သို့ မဝင်ရောက်မီ ကျန်းမာရေးစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၄ ရက်မှ နိုဝင်ဘာ ၁၀ ရက်ထိ ၉၆၄၅ ဦး စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၃၃၇ ဦး တွေ့ရှိရသည်။ အဆိုပါလူနာများကို COVID-19 ကုသရေးစင်တာများသို့ ပို့ဆောင်ပေးခဲ့သည် ။

 

MCC ခန်းမတွင်ကျန်းမာရေးစစ်ဆေးခြင်းကို ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအတွက် အဓိကထားဆောင်ရွက်ပေးလျက်ရှိပြီး အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများမှ လုပ်ငန်းလိုအပ်ချက်အရ မဖြစ် မနေ ခရီးသွားရမည့်သူများကို သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ကျန်းမာရေးထောက်ခံချက်ဖြင့် ဆောင်ရွက် ပေးလျက်ရှိသည်။ အခြားခရီးသွားပြည်သူများမှ လာရောက်စစ်ဆေးခြင်းကို ကြုံတွေ့နေရသဖြင့် အခက်အခဲ အနည်းငယ်ရှိကြောင်း သိရသည် ။

 

COVID-19 ရောဂါကင်းရှင်းကြောင်း စစ်ဆေးခြင်းကို ယခင်ကတစ်ရက်ကြိုတင်ရက်ချိန်းယူပြီး ဆောင်ရွက် ပေးခဲ့ရာမှ ယခုအခါ Call Center နံပါတ် ၂၀၁၉ မှ တစ်ဆင့်မှတ်ပုံတင်စာရင်းပေးသွင်းပြီး လာရောက်စစ်ဆေး နိုင်သည်။ ကျန်းမာရေးအဖြေသိရှိရန် ၁ နာရီ ခန့်ကြာပြီး တစ်နေ့လျှင် လူဦးရေ ၅၀၀ ကျန်းမာရေးစစ်ဆေးပေးခြင်း ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

myotaw.news

Read times
Rate this item
(0 votes)