Local Industry

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာန၏ ကနဦးမှတ်ပုံတင် ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်စတင်မည်

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်အရ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာနသည် ကနဦးယာဉ်မှတ်ပုံတင်ဌာန (နေပြည်တော်၊ ထောက်ကြန့်၊ ရွာသာကြီး၊ မန္တလေး)ရုံးများ၏ ကနဦးမှတ်ပုံတင် ဝန်ဆောင်မှုလုပ်ငန်းများကို ၁.၁၂.၂၀၂၀ ရက်(အင်္ဂါနေ့)မှ စတင်၍ ပြန်လည်လက်ခံဆောင်ရွက်သွားမည် ဖြစ်သည်။
 

 

မော်တော်ယာဉ်များ ကနဦးမှတ်ပုံတင်ရာတွင် ပေးဆောင်ရမည့် ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးကို ဝန်ဆောင်မှု ရပ်ဆိုင်းထားသည့် ၁၄.၉.၂၀၂၀ ရက်နေ့မှ ၃၀.၁၁.၂၀၂၀ ရက်နေ့အထိ (၇၈)ရက် ကာလအား ထည့်သွင်းရေတွက်ခြင်းမပြုဘဲ လျှော့ပေါ့ဆောင်ရွက်ပေးမည်ဖြစ်သည်။
 
သို့သော် ၂၈.၂.၂၀၂၁ ရက်နောက်ပိုင်းမှ လာရောက်ဆောင်ရွက်သည့် ကနဦးမှတ်ပုံတင်ယာဉ်များသည် ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေးငွေ လျှော့ပေါ့ခွင့်ရမည်မဟုတ်ဘဲ မူလသတ်မှတ်ချက်များအတိုင်း ဒဏ်ကြေးများ ပေးဆောင်ရမည်ဖြစ်သည်။
 
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဉီးစီးဌာန၏ မှတ်ပုံတင်ရုံးများ ပြန်လည်ဖွင့်လှစ်ရာ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန် (Version-1.0)ပါ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ရာ ယာဉ်မှတ်ပုံတင်ရန် လာရောက်မည့်သူများ လိုက်နာဆောင်ရွက်ရန် သတ်မှတ်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊
 
လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်များနှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်စေရန်အတွက် Online Booking လျှောက်ထားရာ Application Letter ၌ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားပြီးဖြစ်ကြောင်း၊ သို့ပါ၍ ယာဉ်မှတ်ပုံတင်ရန် လာရောက်မည့်သူများသည် ၎င်းသတ်မှတ်ချက်များအား သေချာစွာဖတ်ရှုပြီး တိကျစွာ အလေးထားလိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာနမှ သတင်းရရှိသည်။
 
 
MDN
Read times
Rate this item
(0 votes)