Local Industry

ရန်ကုန်မြစ်တွင်း အပျော်စီးသင်္ဘော စီးရန် ဆေးစစ်ချက် ယူရန်မလို

ဒီဇင်ဘာလ ၂၀ ရက် မှစ၍ ရန်ကုန်မြစ်တွင်း အပျော်စီးသင်္ဘောခရီးစဉ် ( Yangon Cruise Tour) ပြေးဆွဲမည်ဖြစ်သည်။ 

ခရီးတို ခရီးစဉ်မှာ ၃ နာရီ ကြာမြင့်မည်ဖြစ်ပြီး ဗိုလ်တစ်ထောင် - ဘုရင့်နောင် - မြစ်သုံးဆိုင် - ဗိုလ်တစ်ထောင် ပြေးဆွဲမည် ဖြစ်သည်။
ခရီးစဉ်တစ်ကြောင်းတွင် ခရီးသည် ၃၀ ဦးသာ စီးနင်းခွင့်ရရှိမည်။

လိုက်ပါမည့်သူများ ဆေးစစ်ချက် ရယူရန် မလိုအပ်သော်လည်း အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ပြဌာန်းထားသည့် လိမ်းညွှန်ချက်များကို လိုက်နာရ မည်ဖြစ်သည်။

လက်မှတ်ဈေးနှုန်းမှာ တစ်ဦးလျှင် ကျပ်တစ်သောင်းခွဲ ဖြစ်သည်။
ဗိုလ်တထောင်ဆိပ်ခံမှ ညနေ ၄ နာရီတွင် စတင်ထွက်ခွာမည် ဖြစ်သည်။

UMTA

Read times
Rate this item
(0 votes)