Local Industry

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က မှာယူထားသည့် Embraer E 190 - 100 LR XY - ALP လေယာဉ်အသစ် ထပ်မံရောက်ရှိ

COVID – 19 ကြောင့် ယာယီရပ်နားထားသော ပြည်တွင်းခရီးစဉ်များကို ဒီဇင်ဘာလ (၁၆) ရက်နေ့မှာ စတင်ပျံသန်းပြေးဆွဲခဲ့ရာ

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) ကလည်း ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် စတင်ပျံသန်းပြေးဆွဲမှုစတင်ခဲ့ပါသည်။ 

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)အနေဖြင့် ပြည်တွင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲရန် လေယာဉ်သစ်များ ထပ်မံဖြည့်တင်းခြင်း ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၌ COVID – 19 ရောဂါ ကာလ မဖြစ်ပွားမီကတည်းက စီစဉ်မှာယူထားသည့် Brazil နိုင်ငံထုတ် Embraer E 190 - 100 LR XY - ALP လေယာဉ်သည် ဒီဇင်ဘာလ (၂၃)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာကြောင်း သိရသည်။

ပြည်တွင်းလေကြောင်းခရီးစဉ်များ ပြန်လည်ဖွင့်လှစ်သည့်အလျောက် အဆိုပါခရီးစဉ်များ၌ Embraer E190 လေယာဉ်ကို မိတ်ဆက်ပြေးဆွဲခြင်းဖြင့် MAI သည် ၎င်း၏လေကြောင်းခရီးစဉ်ကွန်ယက်နှင့် လေယာဉ်အုပ်စုအင်အားတိုးချဲ့ခြင်း မဟာဗျူဟာကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
E190 သည် မတူကွဲပြားသောလုပ်ငန်းစွမ်းဆောင်ရည်နှင့် အကောင်းဆုံးလေယာဉ်ခန်းဝန်ဆောင်မှုများ ပေါင်းစပ်လျက် ရန်ကုန်မြို့မှ မြိတ်နှင့် စစ်တွေမြို့များသို့ ပထမဆုံးအဖွင့်ခရီးစဉ်များအဖြစ် ပျံသန်းခဲ့သည်။

E190 လေယာဉ်များကို မြန်မာနိုင်ငံ၏ပြည်တွင်းခရီးစဉ်လမ်းကြောင်းများတွင် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများပေးနိုင်ရန် Air KBZ နှင့် အကျိုးတူပူးပေါင်း၍ ပြေးဆွဲသွားမည်ဖြစ်သည်။
အဆိုပါခရီးစဉ်များတွင် လိုက်ပါစီးနင်းကြသည့်ခရီးသည်များအား အကန့်အသတ်ဖြင့်ထုတ်ဝေသည့် MAI နှင့် Embraer ၏ အမှတ်တရလက်ဆောင်ပစ္စည်းအိတ်များဖြင့် ကြိုဆိုခဲ့ကြောင်း သိရသည်။

Read times
Rate this item
(1 Vote)