Local Industry

အင်းစိန်မီးရထားခုံး​ကျော်တံတား တံတားလမ်းခွဲအသစ် ဇန်နဝါရီ ၄ ရက်(လွတ်လပ်​ရေး​နေ့) ဖွင့်လှစ်မည်

ရန်ကုန်​မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်အတွင်းရှိ အင်းစိန်မီးရထားခုံး​ကျော်တံတားမှ ထပ်မံတည်​ဆောက်​နေသည့် တံတားလမ်းခွဲအသစ်ကို ဇန်နဝါရီ ၄ ရက်(လွတ်လပ်​ရေး​နေ့)တွင်

ဖွင့်လှစ်မည်ဖြစ်​ကြောင်း ဒီဇင်ဘာ ၂၅ ရက်က သိရသည်။
“ပင်မ အင်းစိန်မီးရထားခုံး​ကျော်တံတားကြီးက​နေ ဖြာထွက်သွားမယ့် လမ်းခွဲတံတားအသစ်ကို လာမယ့် လွတ်လပ်​ရေး​နေ့မှာ ဖွင့်ဖို့ရည်ရွယ်ထားပါတယ်” ဟု အင်းစိန်မြို့နယ် အမှတ်(၂) တိုင်း​ဒေသကြီး လွှတ်​တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောသည်။
ယင်းတံတားလမ်းခွဲအသစ်ကို မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာဌာနက ကြီးကြပ်၍ ​အေဝမ်း ဆောက် လုပ်​ရေးကုမ္ပဏီက တာ၀န်ယူတည်​ဆောက်​နေခြင်းဖြစ်သည်။ အင်းစိန်မီးရထားခုံး​ကျော် မူလတံတားအ​ဟောင်းကို ၁၉၈၉ ခုနှစ်က တည်​ဆောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ မြို့တွင်းယာဉ်များ ပိုမို သွားလာမှုများ ပြားလာခြင်း​ကြောင့် ပင်မတံတားကြီးကို ၂၀၁၅ ခုနှစ်က ပြန်လည်တိုးချဲ့ တည်​ဆောက်ခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။
ယခုတံတားလမ်းခွဲအသစ်ကို ၂၀၁၉ ခုနှစ်က စတင်၍ တိုးချဲ့တည်​ဆောက်​နေခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့အတွက် အင်းစိန်မီးရထားခုံး​ကျော်တံတားမှာ ပင်မတံတားကြီးမှ​နေ၍ ဘယ်ညာလမ်း နှစ်လမ်းဖြင့် လမ်းကွန်ရက်များ ပြည့်စုံစွာ မြို့တွင်းခရီး ဆက်သွယ်မှုများ ပိုမိုအဆင်​ပြေ​ချောမွေ့လာ​တော့ မည်ဖြစ်သည်။
ပင်မတံတားကြီးမှာ အင်းစိန်မြို့နယ်အတွင်း လမ်းသစ်လမ်းမှသည် ပြည်လမ်းဘက်ဆီသို့ ခရီး​ပေါက်နိုင်မည်ဖြစ်ပြီး ပထမလမ်းခွဲတံတားသည် အင်းစိန်မြို့နယ်အတွင်း ပန်းခြံနှင့်​ဘောလုံးကွင်း အနီးမှ ဖြတ်သန်း၍ ရှေ့ခရီးဆက်နိုင်​သော လမ်းဖြစ်သည်။ ယခု အသစ်ထပ်မံ ဖြည့်စွက်တည်​ဆောက်​နေ​သော တံတားလမ်းခွဲအသစ်မှာ အင်းစိန်မြို့နယ်အတွင်း မင်းကြီးလမ်းမှ​နေ၍ ဗဟိုလမ်းအထိတိုင်​​ရောက်နိုင်သော လမ်းဖြစ်သည်။ တံတားလမ်းခွဲအသစ်တစ်စင်း ထပ်မံဖြည့်စွက် တည်​ဆောက်ရခြင်းမှာ အင်းစိန်​ပေါက်​တောဘက်မှ အလာ​များပြား​သော​ မော်​တော်ယာဉ်များ သွားလာမှုပိုမိုအဆင်​ပြေ​စေရန်အတွက်ဖြစ်သည်ဟု သိရသည်။
လက်ရှိအ​​ခြေအ​နေအရ အင်းစိန်မြို့နယ်အတွင်းရှိ စု​ပေါင်းရုံး၊ အင်းစိန်ပြည်သူ့​ဆေးရုံ၊ ပုဂ္ဂလိက​ဆေးရုံကြီး၊ အ ထ က(၁)၊ မြို့နယ်ခန်းမ စသည်တို့မှ​နေပြီး​ ကွေ့၍​မောင်းနှင်​နေရ​သော​ကြောင့် ပိုမိုအဆင်​ပြေ​စေရန်နှင့် အချိန် အလဟဿကုန်ဆုံး​နေရခြင်းတို့မှ​ ဖြေ​လျှော့နိုင်ရန်အတွက် ဖြစ်သည်။
တိုင်း​ဒေသကြီး လွှတ်​တော်ကိုယ်စားလှယ်က “အဓိကက​တော့ အရင်တုန်းက ဂငယ်​ကွေ့​ကွေ့​နေရတဲ့​ယာဉ်​ကြောပိတ်နေတဲ့နေရာမှာ ​ကွေ့မသွားရ​တော့ ပိုအဆင်​ပြေသွားနိုင်တာ​ပေါ့ ဟု ရှင်းပြသည်။
ထပ်မံတည်​ဆောက် ​ဖွင့်လှစ်​တော့မည့် တံတားလမ်းခွဲအသစ်မှာ ပင်မတံတားအရှည် ၄၄၁ ​ပေရှိမည် ဖြစ်ပြီး ​အောက်​ခြေကားလမ်းမှ​ ပေ ၂၀ အမြင့်တွင် တည်​​ဆောက်ထား၍ တံတားခံနိုင်၀န်မှာ တန် ၇၀ ဖြစ်သည်ဟု သိရသည်။

MDN

Read times
Rate this item
(0 votes)