Local Industry

အကာအကွယ်တန်းများ ပြည့်စုံစွာ တပ်ဆင်ထားခြင်းမရှိသော ကုန်တင်ယာဉ်၊ နောက်တွဲယာဉ်များ အရေးယူတော့မည်

အကာအကွယ်တန်းများ ပြည့်စုံစွာ တပ်ဆင်ထားခြင်းမရှိသော မော်တော်ယာဉ်၊ နောက်တွဲယာဉ်များကို စစ်ဆေးတွေ့ရှိပါက

၁.၅.၂၀၂၁ ရက်နေ့မှစတင်၍ 

ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၁၈ အရလည်းကောင်း၊ 

အများပြည်သူဆိုင်ရာလမ်းပေါ်တွင် မောင်းနှင်းသွားလာစဉ် တပ်ဆင်ထားခြင်းမရှိပါက ပုဒ်မ-၈၁ အရလည်းကောင်း

အရေးယူဆောင်ရွက်သွားပါမည်။

ယာဉ်အကာအကွယ်တန်းဆိုသည်မှာ- 
-မော်တော်ယာဉ်အောက်သို့ ရောက်ရှိထိခိုက်မိခြင်းမှ ကာကွယ်နိုင်ရန် 
  မော်တော်ယာဉ်၏ 
     ရှေ့အကာအကွယ်တန်း၊ 
     နောက်အကာအကွယ်တန်းနှင့် 
    ဘေးအောက်ဘက်အကာအကွယ်တန်းများသည် 
မူလစက်ရုံထုတ်ပါ ပုံစံအတိုင်း ပါရှိရပါမည်။

အဆိုပါ အကာအကွယ်တန်းများသည် အထူးကောင်းမွန်ခိုင်ခံ့သော သံမဏိဖြင့် ပြုလုပ်ထားရမည်။

တပ်ဆင်ထားရမည့် တန်းများမှာ-
(က)ဝန်တင်အင်အားကုန်အလေးချိန် နှစ်တန်နှင့်အထက် သုံးတန်အောက် ကုန်တင်ယာဉ်တွင် ရှေ့အကာအကွယ်တန်းနှင့် နောက်အကာအကွယ်တန်း 
(ခ) ဝန်တင်အင်အား သုံးတန်နှင့်အထက် ကုန်တင်ယာဉ်တွင် ရှေ့အကာအကွယ်တန်း၊ နောက်အကာအကွယ်တန်းနှင့် ဘေးအောက်ဘက် အကာအကွယ်တန်း 
(ဂ)နောက်တွဲယာဉ်တွင် ဘေးအောက်ဘက်အကာအကွယ်တန်းနှင့် နောက်အကာအကွယ်တန်း များ ပါရှိရပါမည်။

တိုက်တွန်းလိုသည်မှာ-
ရှေ့ကာတန်း၊ နောက်ကာတန်း၊ ဘေးကာတန်း၊ ခွေးကာဘန် ဘာများ တပ်ဆင်ကြဖို့ဖြစ်ပြီး
မပါခဲ့လျှင် စစ်ဆေးတွေ့ရှိပါက ဥပဒေအရအရေးယူမည့်အပြင် မော်တော်ယာဉ်သက်တမ်းတိုးခြင်းကိုလည်း ပိတ်ပင်ထားမည်ဟု သိရပါသည်။

truck_2.jpg

truck_3.jpg

 

truck_4.jpg

 

truck_5.jpg

Read times
Rate this item
(0 votes)