Local Industry

SINGHA BESAR 2801 ရေတက်ချိန် ပြန်ဆွဲချရန် စီစဉ်

SINGHA BESAR 2801 ရေတက်ချိန် ပြန်ဆွဲချရန် စီစဉ် https://www.facebook.com/msuportal

သံဖြူဇရပ်မြို့နယ်အတွင်း သောင်တင်နေသော SINGHA BESAR 2801 စက်မဲ့ ဝမ်းပြားရေယာဉ်ကို ရေတက်ချိန်၌ ပြန်လည်ဆွဲချမည်ဟု သိရသည်။

အဆိုပါ ဝမ်းပြားရေယာဉ်သည် ဇူလိုင် ၂၂ ရက် ည ၇ နာရီဝန်းကျင်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငချောင်းဝအနီး၊ ကျိုက်ဝဲဗိုင်ကမ်းခြေတွင် သောင်တင်ခဲ့သည်။ ရာသီဥတုဆိုးရွားမှုကြောင့် ဆွဲသင်္ဘေ (BRANTAS 1301 မှ တွဲကြိုးများပြတ်ကာ သောင်တင်သွားခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံပိုင် SINGHA BESAR 2801 PENANG ကုန်တင်တွဲသင်္ဘောအား ရေတက်ချိန်၌ ပြန်လည်ဆွဲယူရန် နှစ်ဖက်အဖွဲ့အစည်းများ စီစဉ်နေကြောင်း Myanmar Seamen Union တွင် ဖော်ပြထားသည်။ အဆိုပါရေယာဉ်ကို ရေထဲသို့ ပြန်ဆွဲချနိုင်ရန် ရေယာဉ်ပိုင်ရှင်ဖြစ်သော Singa Marine Sdn Bhdနှင့် ဆက်သွယ်ချိတ်ဆက် ဆောင်ရွက်နေကြောင်း သိရှိရသည်။

အဆိုပါစက်မဲ့ဝမ်းပြားယာဉ်အမျိုးအစား ကုန်သင်္ဘောပေါ်တွင် အကြီးစားဆောက်လုပ်ရေးလုပ်ငန်းခွင်များ၌ အသုံးပြုသည့် ကွန်ကရစ်ပိုက် ၄၅၀ ကျော်ကို ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ပို့ဆောင်ရန်အတွက် တင်ဆောင်ထားသည်။

ဆွဲသင်္ဘော BRANTAS 1301 ပေါ်တွင် မလေးရှားနိုင်ငံသား ၂ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ၆ ဦးပါဝင်သည်။

MRCC မှ သတင်းရလျှင်ရခြင်း ရေယာဥ်အား Monitorပြုလုပ်ခြင်း၊ မြန်မာ့ရေပိုင်နက်အတွင်းဖြစ်ပွားသော Incident အတွက် တာဝန်ရှိသောရေယာဥ်ပိုင်ရှင်ထံ DMA Initial Incident Report ပေးပို့ရန် ပါတ်ဝန်းကျင်ထိခိုက်မှုအတွက်တာဝန်ယူရန် နှင့် ဆက်လက်ဆောင်ရွက်ရန် Action Plan တောင်းခံခြင်းများအားပြုလုပ်ထားရှိပြီးဖြစ်သည်။


ရေယာဥ်ပိုင်ရှင်ဖြစ်သော Singa Marine Sdn Bhd မှ DMA Initial Incident Report နှင့် သောင်တင်သွားသော Barge အားပြန်လည်ဆွဲယူမည့် Towing Plan တင်ပြထားပြီး​ရေတက်ချိန်ပြန်လည်ဆွဲယူနိုင်​ရေး​ တာဝန်ရှိသူများနှင့်ဆောင်ရွက်လျက်ရှိပါသည်ဟု M S U (Myanmar Seamen Union) Facebook Page တွင် ဖေါ်ပြထားသည်။

 

ကနဦးသတင်း ဖတ်ရှုရန် ခေါင်းစဉ်ကို ထိပါ

ကွန်ကရိပိုက်လုံးတင် barge တစ်စီး သံဖြူဇရပ်တွင် သောင်တင်

Read times
Rate this item
(0 votes)