Local Industry

(ပသက) လျှောက်ထားခြင်း လုပ်ငန်းစဉ်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အချို့အား အသိပေးထုတ်ပြန်ခြင်း

TRADENET 2.0 စနစ်တွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင် (ပသက) လျှောက်ထားခြင်း လုပ်ငန်းစဉ်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အချို့ အားအသိပေး ထုတ်ပြန်ခြင်း။

၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်(ပသက)နှင့် ဆက်စပ်ကတ်များကို Tradenet 2.0 စနစ်မှ ခွင့်ပြုထုတ်ပေးလျက်ရှိရာ Tradenet 2.0 စနစ်တွင် အောက်ပါအကြောင်းအမျိုးမျိုး ကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်(ပသက)များလျှောက်ထားရာတွင် ဖော်ပြပါလုပ် ငန်းစဉ်များအတိုင်း ဆောင်ရွက်သွားရန်ဖြစ်သည် -

(က) ကုမ္ပဏီအမျိုးအစားပြောင်းလဲခြင်းအတွက် ဆောင်ရွက်ရန်လုပ်ငန်းစဉ်

မြန်မာကုမ္ပဏီမှ နိုင်ငံခြားကုမ္ပဏီ (သို့မဟုတ်) နိုင်ငံခြားကုမ္ပဏီမှ မြန်မာ ကုမ္ပဏီသို့ အမျိုးအစားပြောင်းလဲလျှောက်ထားလိုသော ပသကများအတွက် အောက်ပါလုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်သည် -

(၁) Tradenet 2.0 စနစ်တွင်Cancel Process အားဦးစွာဆောင်ရွက်ရန်(Cancel လျှောက်ထားပြီးပါ ပသကအပါအဝင် လျှောက်ထားပြီး ဆက် စပ်ကတ်အားလုံး Auto Cancel ဖြစ်သွားမည်ဖြစ်သည်။

(၂) ၎င်း ပသကကိုပင် ပြန်လည်အသုံးပြုလိုပါက De-Cancel Process ဖြင့် ပြန်လည်လျှောက်ထားရန်၊ (မူလပသကအမှတ်အတိုင်းရရှိမည်ဖြစ်ပြီး ငွေပေးသွင်းသည့်ရက်မှစ၍ သက်တမ်းပြန်လည်စတင်မည်ဖြစ်သည်)
(၎င်းပသကဖြင့် လျှောက်ထားသည့်ဆက်စပ်ကတ်များအားလုံး အသစ် ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး ကတ်နံပါတ်အသစ်များရရှိမည် ဖြစ်သည်)

 

(ခ) 9digits ပြောင်းလဲပြီးသော ပသကများ၏ သက်တမ်း(၁)နှစ်ကျော်သည်အထိ သက်တမ်းတိုးထားခြင်းမရှိသော ပသကများအား ပြန်လည်အသုံးပြုလိုခြင်း အတွက် ဆောင်ရွက်ရန်လုပ်ငန်းစဉ်
ပသကအား 9digits ပြောင်းလဲပြီးသော်လည်း သက်တမ်းတစ်နှစ်ကျော် သည်အထိ သက်တမ်းတိုးထားခြင်းမရှိသဖြင့် Expire ဖြစ်နေသော ပသကများကို ပြန်လည် အသုံးပြုလိုပါက အောက်ပါလုပ်ငန်းစဉ်များ အတိုင်းဆောင်ရွက်ရမည် ဖြစ်သည် -

 

(၁) Tradenet 2.0 စနစ်တွင် (၁) နှစ်ကျော်သည်အထိ သက်တမ်းတိုးခြင်း မရှိသည့် ပသကများအား Auto Cancel စနစ်မှ ဆောင်ရွက်ရန်၊ (Auto Cancel ဖြစ်ပြီးသည် ပသကနှင့် ဆက်စပ်သည့်ကတ်အားလုံး Auto Cancel ဖြစ်သွားမည်ဖြစ်သည်။


(၂) ၎င်းပသကကို ပြန်လည်အသုံးပြုလိုပါက De-Cancel Process ဖြင့် ပြန်လည်လျှောက်ထားရန်။
(မူလပသကအမှတ်အတိုင်းရရှိမည်ဖြစ်ပြီး ငွေပေးသွင်းသည့်ရက်မှစ၍ သက်တမ်းပြန်လည်စတင်မည်ဖြစ်သည်) (၎င်းပသကဖြင့် လျှောက်ထားသည့်ဆက်စပ်ကတ်များအားလုံး အသစ် ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး ကတ်နံပါတ်အသစ်များရရှိမည် ဖြစ်သည်)

 

(ဂ) ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ(၁၆)ရက်နေ့မတိုင်မီ Tradenet 2.0တွင် အကြောင်း အမျိုးမျိုးကြောင့် Migrate မပြုလုပ်နိုင်ခဲ့သည့် ပသကများကို Tradenet 2.0 စနစ်တွင် အသုံးပြုလိုခြင်းအတွက် ဆောင်ရွက်ရန်လုပ်ငန်းစဉ်

Tradenet 2.0 စနစ် မစတင်မီ 9 Digits ပြောင်းလဲပြီးသော ပသကများ အား Tradenet 2.0 စနစ်ပေါ်တွင် ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာ(၁၆)ရက်နေ့မတိုင်မီ Migrate ပြုလုပ်ရန်သတ်မှတ်ကြေညာခဲ့သော်လည်း ယင်းကာလအတွင်း လုပ်ငန်းရှင်များဘက်မှ အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်ခြင်းမရှိသည့် ပသက များ(Tradenet 2.0 စနစ်ပေါ်တွင် မရှိသည့် ပသကများ)အား လျှောက်ထားလိုပါ က အောက်ပါလုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်ရမည်ဖြစ်သည် -

(၁) Tradenet 2.0 စနစ်တွင် New(Re-New) Process ဖြင့်ပြန်လည် လျှောက်ထားရန်။ (MyCo စနစ်ရှိ Upgrade ကုမ္ပဏီအချက်အလက်များဖြင့် ချိတ်ဆက် နိုင်စေရန်ဖြစ်ပါသည်)

 

၂။ သို့ဖြစ်ပါ၍ အထက်အပိုဒ်ပါ ကိစ္စရပ်များအတွက် ပသကလျှောက်ထားမှုများကို (၁-၉ ၂၀၂၁) ရက်နေ့မှစ၍ ဖော်ပြပါလုပ်ငန်းစဉ်များအတိုင်း Tradenet 2.0 စနစ်တွင် ဆောင်ရွက်သွား ရန်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

ကုန်သွယ်ရေးဦးစီးဌာန

1.jpg

2.jpg

3.jpg

Read times
Rate this item
(0 votes)