Local Industry

ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ် လျှောက်ထားမှုများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်သတ်မှတ်ချက်များအား အသိပေး ထုတ်ပြန်ခြင်း။

Myanmar Tradenet 2.0 စနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ် လျှောက်ထားမှုများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်သတ်မှတ်ချက်များအား အသိပေး ထုတ်ပြန်ခြင်း။

၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန် သွင်းကုန်လိုင်စင်ပါမစ်များအား MyanmarTradenet 2.0 စနစ်မှ ခွင့်ပြုထုတ်ပေးလျက်ရှိရာတွင် အသစ်လျှောက်ထားသည့် ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ်များအား ဌာနဘက်မှခွင့်ပြုခြင်း Approve ပြုလုပ်ပြီး(၁၀)ရက်အတွင်း ငွေပေးသွင်းခြင်းမပြုသည့်လိုင်စင်ပါမစ်များအား စနစ်မှ Auto Cancel ပြုလုပ်သည့်လုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ထောက်ခံချက်ပါရှိသည့် လိုင်စင်ပါမစ်များ၏ ထောက်ခံချက်သက်တမ်းနှင့် လက်ကျန်အရေအတွက်များအား မူလအတိုင်း (Auto Cancel ဖြစ်ခဲ့သည့်လိုင်စင်လျှောက်ထားမှုအတိုင်း)ကျန်ရှိစေရန်အတွက် ပို့ကုန်သွင်းကုန် လုပ်ငန်းဌာနခွဲ၏ သက်ဆိုင်ရာ Section မှ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

၂။ ယခုအခါ Tradenet 2.0 စနစ်အသုံးပြု၍ ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ် (သက်တမ်း တိုး/ ပြင်ဆင်/ ပယ်ဖျက်/ အပ်နှံ/ ပိတ်သိမ်း) လျှောက်ထားမှုများတွင် ဌာနဘက်မှခွင့်ပြုခြင်း Approve ပြုလုပ်ပြီး(၁၀)ရက်အတွင်း ငွေပေးသွင်းခြင်း မပြုပါက စနစ်မှ Auto Cancel ပြုလုပ် သွားမည်ဖြစ်ပါသည်။ အဆိုပါ Cancelled ဖြစ်ထားသည့်ကိစ္စရပ်များအတွက် မူလလျှောက်ထားမှု Process အတိုင်း ပြန်လည် လျှောက်ထားလိုပါက ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲသို့ Auto Cancel ဖြစ်သည့် လိုင်စင်/ပါမစ်များ (သက်တမ်းတိုး/ပြင်ဆင်/ပယ်ဖျက်/အပ်နှံ/ပိတ်သိမ်း)အား Delete ဆောင်ရွက်ပေးနိုင်ပါရန် Complain ပြုလုပ်ပြီးမှသာလျှင် မူလလျှောက်ထားမှုအတိုင်း ပြန်လည် လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ Tradenet 2.0 စနစ်တွင် လိုင်စင်/ ပါမစ်(အသစ်) လျှောက်ထားမှုများ အတွက် အပိုဒ်(၁)ပါလုပ်ငန်းစဉ်များအား ထပ်မံသိရှိစေနိုင်ရန်နှင့်လိုင်စင်/ပါမစ် (သက်တမ်းတိုး/ ပြင်ဆင်/ပယ်ဖျက်/အပ်နှံ/ပိတ်သိမ်း) လျှောက်ထားမှုများအတွက် (၁-၉-၂၀၂၁) ရက်နေ့မှစ၍ အပိုဒ်(၂)ပါလုပ်ငန်းစဉ်များအတိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သိရှိလိုက်နာဆောင်ရွက် နိုင်ပါရန် အသိပေးကြေငြာအပ်ပါသည်။

ကုန်သွယ်ရေးဦးစီးဌာန

240390178_4081153748677399_4390847436524084291_n.jpg

 

240565565_4081153865344054_9071363422358160376_n.jpg

 

Read times
Rate this item
(0 votes)