Local Industry

ရန်ကုန်-ကွမ်ကျိုး ခရီးစဉ် COVID-19 ရောဂါတွေ့ရှိခြင်းကြောင့် နှစ်ပတ်ရပ်နားမည်

တရုတ်နိုင်ငံ၏ မြို့ပြလေကြောင်းစည်းကမ်းထိန်းသိမ်းရေးက ခရီးသည်များတွင် COVID-19 ရောဂါတွေ့ရှိပြီးနောက် Xiamen Airlines ခရီးစဉ်တစ်ခုနှင့် China Southern Airlines ခရီးစဉ်တစ်ခုတို့အား ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့သည်။

ဩဂုတ် ၁၃ ရက်က Xiamen လေကြောင်းလိုင်း၏ Manila-Xiamen ခရီးစဉ်အမှတ် MF820 တွင် ခရီးသည် ၈ ဦး၌ ရောဂါပိုးတွေ့ရှိခဲ့ခြင်းကြောင့် ယင်းခရီးစဉ်အား ဩဂုတ် ၃၀ ရက်မှစတင်ကာ ရက်သတ္တပတ်နှစ်ပတ် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ မြို့ပြလေကြောင်းဦးစီးဌာန (CAAC) က ဩဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် China Southern လေကြောင်းလိုင်း၏ ဩဂုတ် ၁၄ ရက် ခရီးစဉ်၌ ခရီးသည် ၉ ဦးတွင် ရောဂါပိုးတွေ့ရှိပြီးနောက် ရန်ကုန်-ကွမ်ကျိုး ခရီးစဉ်အမှတ် CZ3056 ကိုလည်း ဩဂုတ် ၃၀ ရက်မှစတင်၍ ရက်သတ္တပတ်နှစ်ပတ်ကြာ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်များမှ မူလခွင့်ပြုထားသောပမာဏအား အခြားလမ်းကြောင်းသို့ လွှဲပြောင်းခွင့် မပြုထားကြောင်း CAAC က ဆိုသည်။

CAAC မူဝါဒအရ လေကြောင်းလိုင်းများအနေဖြင့် သီတင်းနှစ်ပတ်ကြာခရီးစဉ်ဆိုင်းငံ့ခြင်းများ သို့မဟုတ် COVID-19 ရောဂါတွေ့ရှိသည့် ခရီးသည် အရေအတွက် ၅ ဦးအထိ ရောက်ရှိလာပါက လေးပတ်ကြာ ၄၀ ရာခိုင်နှုန်းထက်မကျော်သော ခရီးသည်များဖြင့် မောင်းနှင်ပျံသန်းခြင်း တစ်ခုခုကို ရွေးချယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
(Xinhua)

Read times
Rate this item
(0 votes)