Local Industry

K-Alliance လုပ်ငန်းစတင်လည်ပတ်

တောင်ကိုရီးယားမှ သင်္ဘောလိုင်း ငါးခုတို့က အာရှတခွင် ပြေးဆွဲမှုအတွက် ပူးပေါင်းလုပ်ကိုင်ကြဖို့ ကေ-မဟာမိတ် K-Alliance ကို ထူထောင်ပြီး စက်တင်ဘာလ ၁ ရက်မှာ လုပ်ငန်းစတင်လည်ပတ်ခဲ့ပါတယ်။


ကေ-မဟာမိတ်မှာ
HMM,
SM Line Corporation,
Pan Ocean,
Sinokor Merchant Marine နဲ့
Heung-A Line
တို့ ပူးပေါင်းပါဝင်ထားပါတယ်။


အခုလို ကေ-မဟာမိတ် ပေါ်ပေါက်လာဖို့ တောင်ကိုရီးယားမှ Ministry of Oceans and Fisheries (MOF) က ဉီးဆောင်လုပ်ကိုင်ပေးခဲ့ပါတယ်။ ဘဏ္ဍာရေးကို အစိုးရဘဏ်လုပ်ငန်း Korea Ocean Business Corporation က ငွေကြေးကျောထောက်နောက်ခံပြုပေးပါတယ်။ ယမန်နှစ်မှာ ကေ-မဟာမိတ် ပေါ်ပေါက်ရေးကို စတင်ခဲ့ပြီး ယခု လုပ်ငန်းစတင်လည်ပတ်လိုက်တာ ဖြစ်ပါတယ်။


အာရှတစ်ခွင် ဆိပ်ကမ်းများအကြား ပြေးဆွဲနေတဲ့ ကုန်စည်ပို့ဆောင်ရေး ဈေးကွက်လိုအပ်ချက် ပြည့်ဝနေပြီဖြစ်လို့
ဈေးကွက်ဝေစု လုယူဖို့ ပြည်ပပြိုင်ဘက်များရဲ့ ယှဉ်ပြိုင်မှု ကြီးထွားလာနေတာကို MOF က စိုးရိမ်မကင်း ဖြစ်တဲ့အတွက် အခုလို ကေ-မဟာမိတ် အစီအစဉ်ကို အကောင်အထည်ဖော်လိုက်တာ ဖြစ်ပါတယ်။ အာရှတစ်ခွင် ပြေးဆွဲနေတဲ့ တောင်ကိုရီးယား သင်္ဘောလိုင်း ၁၃ လိုင်း ရှိပြီး ၎င်းတို့ကို ဖိတ်ခေါ်ခဲ့တာမှာ ငါးလိုင်းက ပါဝင်ခဲ့ကြပါတယ်။ အဖွဲ့ဝင်အဖြစ်ကို မိမိဆန္ဒအလျောက်သာ ပါဝင်ရတာ ဖြစ်ပြီး အဖွဲ့ထဲ ဝင်ဖို့ သင်္ဘောလိုင်းတွေမှာ တာဝန်နဲ့ ကတိကဝတ် မထားရှိပါဘူး။


K-Alliance အဖွဲ့ဝင်တွေက အာရှမှ ကုန်စည်တွေကို ရယူပြီး အမေရိကန်နဲ့ ဥရောပသို့ ပို့ဆောင်ပေးဖို့ ရည်ရွယ်ချက် ထားရှိပါတယ်။


တောင်ကိုရီးယား သင်္ဘောလိုင်းတွေက အာရှတစ်ခွင်မှာ ၂၀၀,၀၀၀ TEU ဝန်းကျင် သယ်ပို့ပေးနိုင်စွမ်း ရှိကြပြီး မှာကြားထားတဲ့ သင်္ဘောအသစ်တွေ ရရှိလာတဲ့အခါ ၂၀၂၅ ခုနှစ်မှာ ၂၅၀,၀၀၀ TEU အထိ ရှိလာမယ်လို့ မျှော်မှန်းထားပါတယ်။


Source: container-news.com

Read times
Rate this item
(0 votes)