Local Industry

CMA CGM က James Bond ရုပ်ရှင်ကားသစ်တွင် လက်တွဲကူညီ

 CMA CGM က ၂၅ ကားမြောက် James Bond ရုပ်ရှင်ဖြစ်သည့် No Time To Die တွင် official partner အဖြစ် ပါဝင်ကူညီမည်ဖြစ်ကြောင် ထုတ်ပြန်ကြေညာခဲ့သည်။ 

 CMA CGM က EON Productions ရုပ်ရှင်ထုတ်လုပ်ရေးကို Jamaica တွင် တည်ရှိသည့် Kingston Container Terminal တွင် ရေယာဉ်ပျံတစ်စီးပါဝင်မည့် အက်ရှင်ဇာတ်ဝင်ခန်းများ ရိုက်ကူးရန် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် No Time To Die ရုပ်ရှင်ဇာတ်ဝင်ခန်းတွင် CMA CGM ကွန်တိန်နာသင်္ဘော CMA CGM Fort Saint Georges Fort Saint Georges လည်း ပါဝင်မည်ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။ 

James Bond ကို ပင်လယ်ထဲမှ ကယ်ဆယ်သည့် ဇာတ်ဝင်ခန်းဖြစ်သည်ဟု ကုမ္ပဏီကကြေညာချက်တွင် ဖော်ပြထားသည်။

 

 

BOND.jpg

 

ပြင်သစ် ကွန်တိန်တာသင်္ဘောလိုင်း CMA CGM က ရုပ်ရှင်ရိုက်ကွင်းကို ပနားမား တူမြောင်း အထွက်တွင် တည်ရှိသော Jamaica ရှိ CMA CGM က လုပ်ကိုင်သည့် Kingston South Quay Terminal တွင် ရိုက်ကူးပြီး ထိုနေရာသည် တောင်-မြောက်နှင့် အရှေ့-အနောက် ရေကြောင်းလမ်းတို့ ဆုံသည့်နေရာဖြစ်သည်။


CMA CGM Fort Saint Georges သည် ပြင်သစ်အလံ လွှင့်ထူထားပြီး ရေယာဉ်မှူးမှာလည်း ပြင်သစ်နိုင်ငံသား ဖြစ်သည်။ 2,260TEU သယ်ဆောက်နိုင်သော ကွန်တိန်နာသင်္ဘော ဖြစ်သည်။ ဇာတ်ဝင်ခန်းအတွက် ကွန်တိန်နာ အလုံး ၁၀၀၀ ကျော်ကို အရွေ့အပြောင်း ပြုသည်။

 

Screenshot_2021-09-20_115314.jpg

 

 

No Time To Die ကို ဒါရိုက်တာ Cary Joji Fukunaga က ရိုက်ကူးပြီး Daniel Craig က James Bond အဖြစ် သရုပ်ဆောင်ထားသည်။

စာရေးဆရာ Ian Fleming ၏ ဝတ္ထုများကို James Bond ရုပ်ရှင်ကားများ ရိုက်ကူးရာတွင် Daniel Craig က ပဉ္စမအကြိမ်မြောက် ပါဝင်ရိုက်ကူးခြင်းဖြစ်ပြီး ယခုရုပ်ရှင်သည် သူနောက်ဆုံး အကြိမ်အဖြစ် ပါဝင်ခြင်း ဖြစ်ကြောင်းလည်း ကြေညာခဲ့သည်။

 

James Bond "NoTimeToDie" - The CMA CGM Trailer

 

Read times
Rate this item
(0 votes)