Local Industry

အမေရိကန်ရေတပ်က တစ်စင်းလျှင် ဒေါ်လာ ၁ ပြားစီဖြင့် လေယာဉ်တင်သင်္ဘောဟောင်းနှစ်စင်းကို သင်္ဘောဖျက်ကုမ္ပဏီထံ ရောင်းချ

အမေရိကန်ရေတပ်သည် ယခင်လေယာဉ်တင်သင်္ဘောဟောင်းနှစ်စင်းဖြစ်သော USS Kitty Hawk နှင့် USS John F. Kennedy တို့ကို တစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၁ ပြား (1 cent) စီဖြင့် တက္ကဆက်စ်မြို့ရှိ သင်္ဘောဖျက်ကုမ္ပဏီတစ်ခုထံသို့ ရောင်းချလိုက်ပြီဖြစ်ကြောင်း ရေတပ်အထူးတပ်ဖွဲ့ (NAVSEA) က အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

“ စာချုပ်ချုပ်လိုက်တဲ့ကုမ္ပဏီအနေနဲ့ သင်္ဘောကိုဖျက်လိုက်တဲ့အခါမှာ ထွက်လာမယ့် သံမဏိ သံတိုသံစတွေ နဲ့ သင်္ဘောတည်ရောက်ရာမှာအသုံးပြုထားတဲ့ သတ္တုအမျိုးမျိုး(non-ferrous metal ores) ကို အကျိုးကျေးဇူးခံစားခွင့်ရမှာပါ” ဟု အမေရိကန်ရေတပ် Naval Sea Systems Command မှ ပြောရေးဆိုခွင့်ရှိသူ အလန်ဘာရီဘိုး က ဆိုသည်။

ယင်းစစ်သင်္ဘောနှစ်စင်းစလုံးသည် သက်တမ်းရင့်ရော်မှု နှင့် အိုဟောင်းပျက်စီးမှုများကြောင့် ယခုကဲ့သို့ရောင်းချလိုက်ရခြင်းဖြစ်သည်။

Kitty Hawk လေယာဉ်တင်သင်္ဘောအတွက် ဆွဲတင်သင်္ဘောနှစ်စင်း အသုံးပြုကာ တောင်အမေရိကအစွန်အဖျားပတ်၍ ဝါရှင်တန် ၊ Bremerton မှ ဆွဲယူလာမည်ဖြစ်ပြီး John F. Kennedy လေယာဉ်တင်သင်္ဘောအတွက်မူ Philadelphia ရေတပ်သင်္ဘောကျင်းမှ မောင်းနှင်လာမည်ဖြစ်ကြောင်း USA Today သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

တက္ကဆက်စ်မြို့ Brownsville ကောင်တီရှိ International Shipbreaking Limited သင်္ဘောဖျက်ကုမ္ပဏီနှင့်ချုပ်ဆိုထားသော စာချုပ်အရ သင်္ဘောဆွဲရန် ၊ ဖြုတ်တပ်ရန် ၊ သင်္ဘောဖျက်ဆီးရန် နှင့် စွန့်ပစ်ပစ္စည်းပြန်လည်အသုံးပြုရန် စသည်တို့အတွက်

အဆိုပါ စစ်သင်္ဘောနှစ်စင်းသည် ရေတပ်သင်္ဘောအုပ်စုမှ မကြာခင် မဖြစ်မနေ ထွက်ခွာသွားရတော့မည်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

မည်သည့်သင်္ဘောက ဦးစွာ ထွက်ခွာပြီး တစ်စစီဖြုတ်ဖျက်ခံမည် ဆိုခြင်းနှင့်ပတ်သက်၍ အချိန်ဇယား သတ်မှတ်ထားခြင်းမရှိကြောင်း သတင်းက ဆိုသည်။

(Xinhua)

Read times
Rate this item
(0 votes)