Local Industry

တရုတ်ပြည်ရဲ့ ဒုတိယအကြီးမားဆုံး သင်္ဘောလိုင်း CMES က Sinolines ကို ဝယ်ယူ

ကွန်တိန်နာသင်္ဘောကဏ္ဍကို ဝင်ရောက် လုပ်ကိုင်တော့မယ်လို့ China Merchants Energy Shipping (CMES) က ပြောကြားပါတယ်။


ကွန်တိန်နာသင်္ဘောများ ပြေးဆွဲနိုင်ဖို့အတွက် Sinotrans Container Lines (Sinolines) ကို အမေရိကန်ဒေါ်လာ ၃၁၆ သန်းဖြင့် ဝယ်ယူလိုက်ပါတယ်။


တရုတ်ပြည်မှာ အကြီးမားဆုံး သင်္ဘောလိုင်းက China Cosco Shipping Corporation (Cosco) ဖြစ်ပြီး CMES က ဒုတိယအကြီးမားဆုံး သင်္ဘောလိုင်း ဖြစ်ပါတယ်။ CMES က ရေနံစိမ်းတင် သင်္ဘောများနဲ့ ကုန်ခြောက်ဝမ်းပုံတင် bulk သင်္ဘောများ ပြေးဆွဲပါတယ်။ LNG ကိုတော့ Cosco နဲ့ ဖက်စပ်လုပ်ငန်းအဖြစ်ဖြင့် ပြေးဆွဲပါတယ်။ ကွန်တိန်နာသင်္ဘောများ ပြေးဆွဲခြင်း မရှိခဲ့ပါဘူး။
နိုင်ငံပိုင် လုပ်ငန်း China Merchants Group က CMES နဲ့ Sinolines သင်္ဘောလိုင်း နှစ်ခုစလုံးမှာ ရှယ်ယာ အများစု ပိုင်ဆိုင်ထားပါတယ်။

တရုတ်အစိုးရက နိုင်ငံပိုင် သင်္ဘောလိုင်းတွေအကြား ပြေပြစ်ချောမွေ့စေဖို့အတွက် စီစဉ်တဲ့အခါ ၂၀၁၇ ခုနှစ် ဧပြီလမှာ Sinotrans Group ကို China Merchants Group က ဝယ်ယူခဲ့ပါတယ်။



theloadstar.com

Read times
Rate this item
(0 votes)