Local Industry

လွယ်ဂျယ်-လိုင်းရင်းဂိတ်တွင် တရုတ်ဘက်မှ ကုန်အဝင်အထွက် စိစစ်မှုကြန့်ကြာသဖြင့် ငှက်ပျောစိုက်တရုတ်လုပ်ငန်းရှင်များက တရုတ်အစိုးရကို ဆန္ဒပြ

လွယ်ဂျယ်-လိုင်းရင်းဂိတ်တွင် တရုတ်ဘက်မှ ကုန်အဝင်အထွက် စိစစ်မှုကြန့်ကြာသဖြင့် ငှက်ပျောစိုက်တရုတ်လုပ်ငန်းရှင်များက တရုတ်အစိုးရကို ဆန္ဒပြ

မြန်မာ-တရုတ်နယ်စပ် ကချင်ပြည်နယ် လွယ်ဂျယ်နှင့် တရုတ် လိုင်းရင်းနယ်စပ်ဂိတ်တွင် တရုတ်နိုင်ငံဘက်မှ ကုန်အဝင်အထွက် စိစစ်မှုကြန့်ကြာသဖြင့် မြန်မ

ာနိုင်ငံ၌ ငှက်ပျောစိုက်နေသည့် လုပ်ငန်းရှင်များက တရုတ် အစိုးရကို ဆန္ဒပြခဲ့ကြောင်း တစ်ရှူးငှက်ပျော ပို့ဆောင်နေသည့် လုပ်ငန်းရှင်များက ပြောကြားသည်။


တရုတ်နိုင်ငံ ၊ယူနန်ပြည်နယ် ၊ကျန်းဖုန်းမြို့တွင်ဇန်နဝါရီ ၂၃ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တစ်ရှူးငှက်ပျော ပို့ဆောင်နေသည့် ကားလုပ်ငန်းရှင်များကပြောကြားသည်။

လက်ရှိတွင် လွယ်ဂျယ်-လိုင်းရင်း နယ်စပ်ဂိတ်မှ တစ်ရက်လျှင် ငှက်ပျောကား ၁၀ စီးနှင့် ကြံကား ၁၅ စီးခန့်ကုန်သွယ်နေပြီး တစ်ရှူး ငှက်ပျောသယ်ကားအဝင်မှာ တစ်ရက်လျှင် အစီးရေ ၅၀ ဝန်းကျင်ရှိနေသဖြင့် ရာနှင့်ချီသည့် တစ်ရှူး ငှက်ပျောသယ်ကားများ ပိတ်မိနေကြောင်း သိရသည်။

ကားလုပ်ငန်းရှင်တစ်ဦးက “ကြံကကြတော့ တရုတ်ပြည်နယ်နယ်စပ်ဂိတ်ကျော်တာနဲ့ စက်ရုံထဲ တန်းရောက်တယ်။ လူတွေနဲ့ ထိတွေ့မှု နည်းတယ် ။အတင်အချကြတော့ ငှက်ပျောထက်လွယ်တယ်။ ငှက်ပျောက နိုင်ငံတကာသွားရတော့ စိစစ်မှုများတယ်။ ဒီက ဂိတ်ဖြတ်ပြီး တရုတ်နိုင်ငံကားကွင်းထဲမှာ နှစ်ရက် စောင့်ရတယ်။ စောင့်ရတဲ့ကြာတော့ ငှက်ပျောတွေမှည့်ကုန်တယ်။ ဆုံးရှုံးမှုများတော့ မြန်မာနိုင်ငံမှာ လာရင်းနှီးပြီး ငှက်ပျောစိုက်တဲ့ တရုတ်တွေက သူတို့ပြည်နယ်အစိုးရကို တောင်းဆိုတယ်လို့သိရတယ်။ကျွန် တော်အမြင်ကတော့တရုတ်က ကိုဗစ်ကာကွယ်ရေးကို လုပ်တယ်။ ပြည်ပပို့ကုန်တွေ ကို စနစ်တကျစစ်ဆေးမှုတွေ လုပ်တော့ကြာတယ်။ တဖြည်းဖြည်းလုပ်ရင်းနဲ့ ဒီလကုန် လောက်မှ ပြင်ရင်းနဲ့ပုံမှန်ဖြစ်မယ်ထင်ပါတယ်”ဟု ပြောကြားသည်။

တစ်ရှူးငှက်ပျောစိုက်သည့် တရုတ် လုပ်ငန်းရှင်အများစုသည် နှစ်နှစ်ဆက်တိုက် အရှုံးပေါ်ခဲ့ပြီးသည့်နောက် တရုတ်အစိုးရထံ ချေးငွေများ ပြန်မဆပ်နိုင်သည့် အခြေအနေများ သို့ရောက်ရှိခဲ့ပြီး လက်ရှိငှက်ပျောရာသီတွင် အရင်းငွေပြန်မရပါက လုပ်ငန်းများရပ်နားထားရမည့် အခြေအနေဖြစ်ေကြောင်း သီးနှံ လုပ်ငန်းရှင်းများအသင်းကအသင်းဝင် တစ်ဦးက ပြောကြားသည်။

လွယ်ဂျယ်-လိုင်းရင်းနယ်စပ်ဂိတ်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က စတင်ဖွင့် လှစ်ခဲ့ပြီး လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင် ၁၁ ရက်မှစတင်ပိတ်ထားခဲ့သည်မှာ ခြောက်လကျော် ကြာမြင့်ခဲ့သည်။

လက်ရှိတွင် ကန်ပိုင်တည် နယ်စပ်ဂိတ် ကို ဒီဇင်ဘာလလယ်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့သော်လည်း ကိုဗစ်ကပ်ဘေး ကာကွယ်မှု၊ စစ်ဆေးမှုနှင့် ကုန်စည်စစ်ဆေးမှုများကြောင့် တစ်ရက်လျှင် အစီးရေဆယ်ဂဏန်းသာ ကုန်သွယ်မှုပြုနိုင်သေးကြောင်းသိရသည်။

လွယ်ဂျယ်-လိုင်းရင်း နယ်စပ်ဂိတ်ကို အချိန်မီမဖွင့်နိုင်သဖြင့် တစ်ရှူး ငှက်ပျောကား များစွာစွန့်ပစ်ခဲ့ရကြောင်းလည်းသိရသည်။

လွယ်ဂျယ်နယ်စပ်ဂိတ်မှ လွန်ခဲ့သည့် သုံးနှစ်ကျော်က တစ်ရှူးငှက်ပျော ကားများ အစီးရေ သုံးထောင်ကျော်မှ ငါးထောင်ကျော် အထိ ကုန်သွယ်မှုပြုခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံမှ လာရောက်စိုက်ပျိုးသည့် တစ်ရှူး ငှက်ပျောလုပ်ငန်းများနှင့် ဆက်နွယ်ပတ်သက်နေသည့် လုပ်ငန်းရှင်များ၊ အလုပ်သမားများ၊စျေးရောင်းသူများတွင် အကြွေးစနစ် လည်ပတ်မှု မြင့်မားနေခြင်း၊ လုပ်ငန်းခွင်နှင့် ပတ်သက်သည့် အခြေအနေအတိအကျမရှိခြင်း၊ ပုံစံမမှန်သည့်လုပ်ငန်း လည်ပတ်မှုဖြင့် လည်ပတ်နေရခြင်းကြောင့် ပြဿနာပေါင်းများစွာကို နေ့စဉ်ဖြေရှင်းနေကြရကြောင်း တစ်ရှူးငှက်ပျောခင်းအနီးရှိ ကျေးရွာလူကြီးများက ပြောကြားသည်။

ကန်ပိုင်တီနယ်စပ်ကုန်သွယ်ရေးစခန်းသည် မြစ်ကြီးနားမြို့နှင့် ၈၅ မိုင်ကွာဝေးပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါက်ဆန်းခရိုင် ထိန်ချုံးမြို့နယ်နှင့် ထိစပ်နေပြီး ထိန်ချုံးမြို့နှင့် ၅၁ မိုင်ကွာဝေးကြောင်း သိရသည်။

လွယ်ဂျယ်နယ်စပ်ဂိတ်မှာ ဗန်းမော်မြို့မှ ၅၆ မိုင် ၄ ဖာလုံအကွာတွင်ရှိပြီး တရုတ်နိုင်ငံ၊ လုံချွမ်ခရိုင်၊ ကျန်းဖုန်းမြို့နယ်၊ လိုင်းရင်း ကျေးရွာနှင့်ထိစပ်နေသည့် နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်သည်။ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကချင်ပြည်နယ်သို့တရားဝင် အဓိက ဆက်သွယ်သည့်ဝင်ပေါက်မှာ ကန်ပိုင်တည်ဝင်ပေါက်နှင့် လွယ်ဂျယ်ဝင်ပေါက် ၊ ပန်ဝါဝင် ပေါက်တို့ကို အသုံးပြုနေသည်။ ယင်းအပြင် လိုက်ဇာ၊ မန်ဝိန်းကြီး ဝင် ပေါက်များကိုလည်း အသုံးပြုနေကြသည်။

news-eleven.com

Read times
Rate this item
(0 votes)