Local Industry

ဗီယက်နမ် စတီးလုပ်ငန်း Hoa Phat Group ကွန်တိန်နာအသစ်များ ထုတ်လုပ်ရောင်းချမည်

ဗီယက်နမ် စတီးလုပ်ငန်း Hoa Phat Group ကွန်တိန်နာအသစ်များ ထုတ်လုပ်ရောင်းချမည်

ဗီယက်နမ်နိုင်ငံမှ စတီးလုပ်ငန်း Hoa Phat Group က ယခုနှစ် နောက်ဆုံး ၃ လပတ်အတွင်းမှာ ကွန်တိန်နာများ ထုတ်လုပ်ရောင်းချမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
Hoa Phat Group က ဗီယက်နမ်နိုင်ငံရှိ Ba Ria - Vung Tau ပြည်နယ်မှ Phu My II Industrial Park တွင် ကွန်တိန်နာ ထုတ်လုပ်ရေးစက်ရုံ ထားရှိပါတယ်။
စက်ရုံရဲ့ ကွန်တိန်နာ ထုတ်လုပ်နိုင်စွမ်းက တစ်နှစ်လျှင် 500,000 TEU ဖြစ်ပါတယ်။
"ရေကြောင်းကွန်တိန်နာက Hoa Phat ရဲ့ စီးပွားဝန်းကျင်ထဲမှာ အပိုင်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ပါတယ်" လို့ ကုမ္ပဏီ ဒုဥက္ကဋ္ဌ Nguyen Manh Tuan က ပြောကြားပါတယ်။

ကုန်ကြမ်းအဖြစ် အသုံးပြုတဲ့ စတီးကို Hoa Phat မှ ထုတ်လုပ်တဲ့ စတီးကို အသုံးပြုမှာ ဖြစ်ပါတယ်။
ဗီယက်နမ်မှာ Hoa Phat က ရေကြောင်းကွန်တိန်နာ အဦးဆုံး ထုတ်လုပ်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ ရာသီဥတုဒဏ်ခံ အပူလှိမ့် ကွိုင်စတီး weather-resistant hot-rolled coil steel ကို ကွန်တိန်နာ ပြုလုပ်ရာမှာ သုံးစွဲကြောင်း၊ ၎င်းစတီးအမျိုးအစားသည် ဈေးနှုန်း မြင့်မားကြောင်း၊ အကယ်၍ ပြည်ပမှ တင်သွင်းပြီး ကွန်တိန်နာ ထုတ်လုပ်မည်ဆိုပါက ထုတ်လုပ်သည့် ကုမ္ပဏီ အရှုံးပေါ်လိမ့်မယ်လို့ Nguyen Manh Tuan ကရှင်းပြပါတယ်။


Hoa Phat ရဲ့ ကွန်တိန်နာ ထုတ်လုပ်ရေးဌာနခွဲ အကြီးအကဲ Vu Duc Sinh က စက်ရုံမှာ တပ်ဆင်ထားရှိမယ့် စက်များ၊ စက်ကိရိယာများ ပထမအသုတ် ယခုလအတွင်းမှာ ရောက်ရှိလာမှာ ဖြစ်ပြီး ဆောက်လုပ်ရေးကို ဧပြီလမှာ အပြီးအစီး လုပ်ကိုင်မှာဖြစ်ကြောင်း ပြောကြားပါတယ်။

ကမ္ဘာတစ်လွှား ကွန်တိန်နာ ပြတ်လပ်မှုများ ဖြစ်ပွားနေစဉ် Hoa Phat က ကွန်တိန်နာစက်ရုံကို အကောင်အထည် ဖော်နေတာ ဖြစ်ပါတယ်။ Covid-19 ကြောင့် ကွန်တိန်နာ အလွတ်တွေ ဆိပ်ကမ်းအချို့မှာ အမြောက်အမြား သောင်တင်နေကြပါတယ်။

ယခုလို လိုအပ်နေတာကို အခွင့်အလမ်းကောင်း ရယူနိုင်ဖို့ စက်ရုံကို မြန်နိုင်သမျှ မြန်ဆန်စွာ ပြီးစီးအောင် လုပ်ကိုင်လိုတယ်လို့ Vu Duc Sinh က ပြောကြားပါတယ်။

"Hoa Phat က အဲဒီ စတီးအမျိုးအစားကို ထုတ်လုပ်ပေးနိုင်ပါတယ်"

 

 VN Express

Read times
Rate this item
(0 votes)