Local Industry

ဗီယက်နမ်- ထိုင်း ကမ်းရိုးတန်းခရီးစဉ် ပြေးဆွဲဖို့ တောင်းဆို

ဗီယက်နမ်- ထိုင်း ကမ်းရိုးတန်းခရီးစဉ် ပြေးဆွဲဖို့ တောင်းဆို

ဗီယက်နမ်နိုင်ငံ Phu Quoc ကျွန်းနှင့် ထိုင်းနိုင်ငံ Khlong Yai တို့အကြား ကမ်းရိုးတန်းရေကြောင်းခရီးစဉ် ပြေးဆွဲဖို့ ဗီယက်နမ်က ထိုင်းကို တောင်းဆိုထားပါတယ်။

အဆိုပါခရီးစဉ်အတွက် ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် ထိုင်း ၃ နိုင်ငံ ငဘောတူညီမှု ရရှိထားပြီးသား ဖြစ်ပါတယ်။

Phu Quoc - Khlong Yai ခရီးစဉ်မှာ ၃ နေရာ ရပ်နားမှာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ Sihanoukville နှင့် Kampot ၊ ဗီယက်နမ်နိုင်ငံ Ha Tien တို့မှာ ခရီးတစ်ထောက် ရပ်နားပါမယ်။

ခရီးစဉ်စီမံကိန်းအတွက် သဘောတူညီချက်ကို ၂၀၁၄ ခုနှစ်မှာ ထိုင်းနှင့် ဗီယက်နမ်တို့ရဲ့ ဝန်ကြီးချုပ်များ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ထိုင်း-ကမ္ဘောဒီးယား-ဗိယက်နမ် ကမ်းရိုးတန်းခရီးစဉ်ကို အသေးစားနှင့် အလတ်စား ကုန်တင်သင်္ဘောများ ပြေးဆွဲဖို့ ရည်ရွယ်ထားပါတယ်။

 

4258239.jpg

 

 

Read times
Rate this item
(0 votes)