Local Industry

စူးအက်တူးမြောင်း ဂုဏ်သိက္ခာ ဆယ်ဖို့ကြိုးပမ်း

စူးအက်တူးမြောင်း ဂုဏ်သိက္ခာ ဆယ်ဖို့ကြိုးပမ်း


ဧပြီလ ၁ ရက်မှစ၍ အကယ်၍ တူးမြောင်းအတွင်း ဘေးကင်းစွာဖြင့် ရေကြောင်းသွားလာရေးကို ယုတ်လျော့စေနိုင်ဖွယ်ရှိသော သင်္ဘော စက်ပစ္စည်းများ၊ စက်ကိရိယာများ၊ ကျောက်ဆူးများ သို့မဟုတ် အခြားချို့ယွင်းချက်များကို တမင်ရည်ရွယ်၍ ဖြစ်စေ နှင့်/သို့မဟုတ် ပေါ့လျော့၍ဖြစ်စေ အစီရင်ခံခြင်း မပြုထားကြောင်း ရေကြောင်းပြတစ်ဦး သို့မဟုတ် ဆိပ်ကမ်းအုပ် harbour master တစ္ဦး ကဲ့သို့သော စူးအက်တူးမြောင်း အာဏာပိုင် Suez Canal Authority (SCA) ကို ကိုယ်စားပြုသူတစ်ဦးဦးက တွေ့ရှိပါက ရေယာဉ် ဖြတ်သန်းခြင်းအတွက် အခကြေးတွင် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ထပ်ဆောင်းပြီး စည်းကြပ်မည်ဖြစ်ပါသည်။
SCA က မတ်လမှစ၍ တူးမြောင်းဖြတ်သန်းခကို ကုန်စည်ပါသည်ဖြစ်စေ၊ ကုန်မပါသည်ဖြစ်စေ ၁၀% တိုးမြှင့် ကောက်ခံခြင်း စတင်ခဲ့သည်။

ကုန်သွယ်ရေကြောင်းတွင် အကျင့်ပျက်ခြစားမှု ကမ္ဘာ့အများဆုံးဧရိယာအဖြစ် ကြိမ်ဖန်များစွာ ရှုံ့ချခံရသည့် အနေအထားကို ဂုဏ်သိက္ခာ ဆယ်ဖို့ ကြိုးပမ်းနေသည်။

ကုန်သွယ်ရေကြောင်းလောကတွင် စူးအက်တူးမြောင်းကို မာဘိုရိုတူးမြောင်း Marlboro Canal ဟု ခေါ်ကြသည်။ စူးအက်မှ ကြီးကြပ်ရေးမှူးများသည် မာဘိုရိုဆေးလိပ်ဘူး ၁၀ ဘူးပါ အတောင့်များကို တံစိုးလက်ဆောင်အဖြစ် ရယူသည့်အကျင့် ရှိသောကြောင့် ဖြစ်သည်။ အစဉ်အလာတစ်ခု ဖြစ်နေပြီး မာဘိုရိုဆေးလိပ်အတောင့်များ ပေးကမ်းမှ စူးအက်တူးမြောင်းကို ဖြတ်သန်းဖို့ ချောချောမွေ့မွေ့ ဖြစ်လိမ့်မည်။

SCA မှ မတ်လအစောပိုင်းတွင် International Chamber of Shipping သို့ ပေးပို့သောစာတွင် အီဂျစ်တွင် အမျိုးသားရေးအဖြစ် အကျင့်ပျက်ခြစားမှုများ တိုက်ဖျက်နေသည်နှင့်အညီ စူးအက်တူးမြောင်းကို ဖြတ်သန်းသော သင်္ဘောကုမ္ပဏီအားလုံးတို့သည် အဆင်ပြေချောမွေ့စေရန် မည်သည့်ပေးကမ်းခြင်းကိုမဆို ရှောင်ကြဉ်ရန် ဖော်ပြထားသည်။

ထိုစာကို အီဂျစ်မှ ရေကြောင်းဌာနများသို့လည်း ပေးပို့ထားသည်။ လာဘ်ပေးလာဘ်ယူ ရှောင်လွှဲဖို့ ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ပေးချေခြင်းကို ကျင့်သုံးလျက်ရှိသည်။ အကျင့်ပျက်ခြစားသည့် အမှုများ တိုင်ကြားထားသည်တို့ကို စုံစမ်းစစ်ဆေးနေကြောင်းလည်း စာတွင် ဖော်ပြထားသည်။


splash247.com

Read times
Rate this item
(0 votes)