ဂျပန်နိုင်ငံဟာ ကပ်ရောဂါကြောင့် နေရပ်ပြန်ဖို့ အခက်အခဲဖြစ်နေတဲ့ နိုင်ငံခြားသားတွေအတွက် အလုပ်ဆိုင်ရာ ကန့်သတ်ချက်တချို့ ရပ်ဆိုင်းပေးတဲ့ အစီအမံကို အဆုံးသတ်လိုက်ပါတယ်။
စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် အချိန်ပိုင်းအလုပ်တွေ လုပ်ကိုင်ခွင့်ပြုတဲ့ ယာယီအစီအမံကို လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက ၂၀၂၀ ပြည့်နှစ်မှာ စတင်ကျင့်သုံးခဲ့ပါတယ်။ အဲဒီအစီအမံဟာ ပုံမှန်အားဖြင့် ဂျပန်မှာနေထိုင်ချိန်အတွင်း အလုပ်လုပ်ခွင့်မရှိတဲ့ တချို့ဗီဇာအမျိုးအစား ကိုင်ဆောင်ထားသူတွေလည်း အကျုံးဝင်ပါတယ်။
တရားရေးဝန်ကြီး Furukawa Yoshihisa က အဲဒီကင်းလွတ်ခွင့်ကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး အဲဒီနေ့မှာပဲ စတင်အသက်ဝင်မှာ ဖြစ်တယ်လို့ သတင်းထောက်တွေကို အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
မစ္စတာ Furukawa က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ လတ်တလော တည်ငြိမ်လာနေပြီး ဝင်ရောက်၊ ထွက်ခွာတဲ့ နိုင်ငံခြားသားအရေအတွက် တိုးလာတာကို ထောက်ပြပြောဆိုခဲ့ပါတယ်။
သက်ဆိုင်ရာနိုင်ငံခြားသားတွေ နေရပ်ပြန်နိုင်ရေး ပြင်ဆင်နိုင်ဖို့ နေထိုင်ခွင့်ကို သက်တမ်းကုန်ဆုံးတဲ့အချိန်ပေါ်မူတည်ပြီး သက်တမ်းတိုးရမှာ ဖြစ်တယ်လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
အာဏာပိုင်တွေဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့အနေအထားတွေကို စဉ်းစားသုံးသပ်ပြီး သက်ဆိုင်သူတွေ ချောချောမွေ့မွေ့ ပြန်နိုင်ရေးအတွက် အစွမ်းကုန် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ တရားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။
Ref: nhk.or.jp
By Myanmar Logistic Guide