Local Industry

ပြည်တွင်း ရွှေ နှင့် ငွေဈေးတည်ငြိမ်မှုရှိစေရန် ရွှေနှင့်ငွေကြေးစျေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီကိုဖွဲ့စည်း

ပြည်တွင်း၊ ပြည်ပကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင်ရွှေနှင့် ငွေကြေးစျေးကွက်တည်ငြိမ်မှုသည် များစွာအရေးပါသည့်အတွက် ပြည်တွင်းရွှေနှင့် ငွေကြေးစျေးနှုန်းများ တည်ငြိမ်မှုရှိအောင် ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရွှေနှင့်ငွေကြေးစျေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီကိုဖွဲ့စည်းခဲ့ပါသည်။ လုပ်ငန်းကော်မတီသည် ပြည်တွင်းငွေကြေးစျေးနှုန်းများ တည်ငြိမ်မှုရှိအောင် ထိန်းကျောင်း ကြပ်မတ်ရာတွင်အထောက်အကူဖြစ်စေရန် တိုင်ကြားစာစိစစ်ရေးအဖွဲ့အား ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။

 

BCG_2.jpg

 

 

သို့ဖြစ်၍ငွေကြေးစျေးကွက်တည်ငြိမ်မှုကို ထိခိုက်စေနိုင်သောဆောင်ရွက်မှုများဖြစ်သည့် နိုင်ငံခြားငွေကြေးများအား တရားမဝင်ကိုင်ဆောင်ခြင်း၊ ဥပဒေမဲ့အရောင်း အဝယ်ပြုလုပ်ခြင်း၊ စျေးကစားခြင်း ပြုလုပ်သူများ၊ အိမ်ခြံမြေနှင့် မော်တော်ယာဉ်ကဲ့သို့ အခြေပစ္စည်းများအား ရောင်းဝယ်ပြီး ပိုင်ဆိုင်မှုလွှဲပြောင်းရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ငွေပေးချေမှု ကန့်သတ်ချက်များအတိုင်း လိုက်နာမှုမရှိသူများ; ဘဏ်များတွင်အပ်နှံထားသည့် ငွေသားထုတ်ယူရာ၌ရာခိုင်နှုန်းယူ၍ငွေသားထုတ်ပေးခြင်း; ဘဏ်ပြင်ပတွင် ငွေသား | လက်ဝယ်ထိန်းသိမ်းထားသူများက ဘဏ်အကောင့်တွင် အပ်နှံထား သည့်ကျပ်ငွေများကိုရာခိုင်နှုန်းယူရွ်ငွေသားဖြင့်လဲလှယ်ထုတ်ပေးခြင်းတွင် ပါဝင်ပတ်သက်သူများကို သိရှိပါက ရွှေနှင့်ငွေကြေးစျေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ၏ တိုင်ကြားစာစိစစ်ရေးအဖွဲ့ တယ်လီဖုန်းနံပါတ် ၀၆ဂု-၃၄၀၉၄၆၃ |လက်ကိုင်ဖုန်းနံပါတ် ၀၉-၄၃၀၀၆၈၃၃ နှင့် Email လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it. သို့ လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ပါ ကြောင်း အသိပေးကြေညာအပ်ပါသည်။

 

gold.JPG

 

Source: ရွှေနှင့် ငွေကြေးစျေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ

Read times
Rate this item
(0 votes)