တတိယအကြိမ် "မြန်မာ (လားရှိုး)- တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေး နှင့် ကုန်စည်ပြပွဲ" ကျင်းပရန် ကြိုတင်လုင်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၃၁ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ပြုလုပ်ရာ စီးပွားရေးနှင့် သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မြန်မာ- တရုတ်နှစ်နိုင်ငံ နယ်စဉ်စီးပွားရေးနှင့် ကုန်စည်ပြပွဲများကို မြန်မာနိုင်ငံ လားရှိုမြို့နှင့် တရုတ်နိုင်ငံ လင်ချန်းမြို့တို့၌ နှစ်စဉ်အလှည့်ကျ ကျင်းပနိုင်ရေးလက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီမှုစာချွန်လွှအရ ပထမအကြိမ်နှင်ဒုတိယအကြိမ်ပြပွဲများကို အောင်မြင်စွာ ကျင်းပနိင်ခဲ့ပြီးဖြစ် ကြောင်း ယခုတတိယအကြိမ် ကျင်းပမည့် "မြန်မာ(လားရှိုး)- တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲ"ကို မြန်မာနိုင်ငံက ဦးဆောင်၍အွန်လိုင်းဖြင့် အောက်တိုဘာ ၂၇ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ကြောင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ကုန်စည်ပြပွဲကျင်းပနိုင်ရေးအတွက် ပြင်ဆင်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ကုန်သွယ်မှု
ဖွံ့ဖြိုးရေးဌာနခွဲညွှန်ကြားရေးမှူးက Myanmar Online Expo Park တွင် ကုန်စည်ပြပွဲကျင်းပရန် စီစဉ်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်းရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများက သက်ဆိုင်ရာ
ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
Source : Myanmar Alinn