ရန်ကုန် ရေပေါ် ဘတ်စ် ၅ နှစ်ပြည့် အောက်တိုဘာလ ၆ ရက်တွင် အခမဲ့ စီးနင်းခွင့်ဖြင့် ပြန်လည်ပြေးဆွဲမည်
ရန်ကုန် ရေပေါ် ဘတ်စ် YANGON WATER BUS ကို ၂၀၂၂ အောက်တိုဘာ ၁ရက်နေ့တွင် ပြန်လည်စတင်ရန် စီစဉ်ခဲ့ပြီး ယခုအခါ အောက်တိုဘာလ ၆ ရက်တွင်စတင်ရန် ရက်ပြောင်းလဲ သတ်မှတ်ထားပါသည်။
YANGON WATER BUS ကို ၂၀၁၇ အောက်တိုဘာ ၆ ရက်နေ့တွင် စတင်ခဲ့သဖြင့် ၅ နှစ်ပြည့်မြောက်သည့်နေ့ အောက်တိုဘာလ ၆ ရက်တွင် ၅နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ပြန်လည်စတင်ရန် ပြောင်းလဲသတ်မှတ်လိုက်ခြင်း ဖြစ်ပါသည်။
ပြန်လည်ပြေးဆွဲမည့် ဖွင့်ပွဲနှင့် ၅နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကို မနက် ၇ နာရီ လမ်းသစ်ဆိပ်ကမ်းတွင် အကျဉ်းရုံး ကျင်းပသွားမည်ဟု သိရပါသည်။
၅နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၆ ရက်နေ့ တနေ့တာ ပြေးဆွဲခြင်းကို အခမဲ့စီးနင်းခွင့် ရရှိမည်ဟု သိရပါသည်။ ထို့ပြင် ရေယာဉ်ပေါ်တွင် အမှတ်တရ လက်ဆောင်များလည်း ဦးရာလူ ယူစနစ်ဖြင့်ပေးဝေမည် ဖြစ်ပါသည်။
K pay ,CB pay , AYA pay, A plus pay, UAB pay တစ်မျိုးမျိုးသုံးစွဲသူများအတွက် မိမိ၏ဖုန်းမှ application ကိုပြသရျ် Sunset ticket တစ်ကြိမ်စာကို လက်ဆောင်ရယူနိုင်မည်ဖြစ်ပါသည်။
အလှူအတန်းအနေဖြင့် မည်သူမဆို အလှူမနက်စာ လာရောက် သုံးဆောင်နိုင်ပါသည်။
Yangon Water Bus ပြေးဆွဲမှုကို ယခင်က ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် ရန်ကုန်မြစ်တစ်လျှောက်ရှိ ဗိုလ်တထောင်ဆိပ်ကမ်း၊ လမ်းသစ်ဆိပ်ကမ်း၊ ကြည့်မြင်တိုင်ဆိပ်ကမ်း၊ ရွှေပိတောက်ဆိပ်ကမ်းနှင့် အင်းစိန်ဆိပ်ကမ်းအစရှိသည့် ဆိပ်ကမ်းမှတ်တိုင် ၇ ခုကို Water Bus ၅ စီးဖြင့် ပြေးဆွဲခဲ့ပါသည်။
စီးနင်းခ ပေးချေရန် K pay ,CB pay , AYA pay, A plus pay, UAB pay တို့ကို အသုံးပြုနိုင်သည်ဟု သိရပါသည်။
Source YWB
#MyanmarLogisticsGuide
To join Telegram Channel https://t.me/Guid4U