၂၀၂၃-၂၄ တွင် ကွန်တိန်နာ သင်္ဘောအသစ်များ အလုံးအရင်းဖြင့် တိုးလာမည်
TO GET INSTANT UPDATE
Join Telegram Channel
.ကွန်တိန်နာသင်္ဘောကဏ္ဍသည် ၂၀၂၁-၂၂ တွင် သမိုင်းတစ်လျှောက် အမြတ်အများဆုံး ၂ နှစ်ကို ကြုံခဲ့သည်။ ပိုင်ရှင်တို့က ကွန်တိန်နာသင်္ဘောအသစ်များ မှာကြားကြသည်။ ယခုအခါ ပို့ဆောင်ခ နှုန်းထားများ ကျဆင်းလာနေပြီ ဖြစ်သော်လည်း သင်္ဘောကျင်းများတွင် ကွန်တိန်နာသင်္ဘောအသစ်များကို မှာကြားနေကြဆဲ ဖြစ်သည်။
"ကွန်တိန်နာသင်္ဘော အကြီးစားတွေ အရေအတွက် အတော်များများ မှာကြားခဲ့ကြတယ်။ ဈေးကွက်က အဲဒီသင်္ဘောအသစ်တွေ အကုန်လုံးအတွက် ကုန်စည်တွေ ပေးဖို့ အတော်ကြိုးစားရလိမ့်မယ်"ဟု Alphaliner က သတိပေးစကား ပြောကြားခဲ့သည်။
TEUs(twenty-foot equivalent units) ၇.၁ သန်းအတွက် ကွန်တိန်နာသင်္ဘောများ မှာကြားထားကြသည်ဟု Alphaliner မှ ရေကြောင်းကုန်စည်ဆိုင်ရာ ဆန်းစစ်သူ Stefan Verberckmoes က ဆိုသည်။
ယခင်က အများဆုံးစံချိန်မှာ ၂၀၀၈ ခုနှစ်တွင် TEUs ၆.၆ သန်း မှာကြားခဲ့ကြသည်။ ထိုစဉ်က ကမ္ဘာ့ကွန်တိန်နာသင်္ဘောကဏ္ဍတွင် ရှိနေသော TEUs စုစုပေါင်း၏ ၆၀% နှင့် ညီမျှသည်။
၎င်းသင်္ဘောများ ကမ္ဘာ့ကွန်တိန်နာသင်္ဘောကဏ္ဍထဲရောက်ရှိလာခဲ့သည်။ ယခုအခါ မှာကြားထားသည့် TEUs မှာ လက်ရှိကမ္ဘာ့ကွန်တိန်နာသင်္ဘောကဏ္ဍထဲမှ TEUs စုစုပေါင်း၏ ၃၀% နှင့်ညီမျှသည်ဟု Alphaliner က ဆိုသည်။
အများစုသည် လာမည့် ၂ နှစ်အတွင်း ကမ္ဘာ့ကွန်တိန်နာသင်္ဘောကဏ္ဍထဲ ရောက်ရှိလာမည် ဖြစ်သည်။
၂၀၂၃ တွင် TEUs ၂.၃၄ သန်း၊ ၂၀၂၄ တွင် TEUs ၂.၈၃ သန်း ရောက်ရှိလာမည် ဖြစ်သည်။
၂၀၂၁ နှင့် ၂၀၂၂ တို့တွင် TEUs ၁.၁ သန်း ဝန်းကျင်စီ တိုးခဲ့သည်ဟု Verberckmoes က ပြောကြားသည်။
ထပ်တိုးလာမည့် ပမာဏသည် မကြုံစဖူး ထူးကဲစွာဖြင့် များပြားလွန်းသည်။ Clarksons ၏ အချက်အလက်များအရ ၂၀၀၁ မှ ၂၀၂၀ အထိ နှစ်စဉ်ပျမ်းမျှ ၉၇၀,၀၀၀ TEUs ကြီးထွားခဲ့သည်။ ၎င်းပမာဏထက် ၂၀၂၃-၂၄ တွင် နှစ်စဉ်ပျမ်းမျှတိုးမည့် ပမာဏသည် ၂.၆ ဆ ပိုများသည်။
.
တစ်နှစ်တာ အကြီးထွားဆုံးဖြစ်ခဲ့သည်မှာ ၂၀၁၄ တွင် ဖြစ်ပြီး TEUs ၁.၇ သန်း ကြီးထွားခဲ့ကြောင်း Clarksons ၏ သမိုင်းစဉ်ဒေတာအရ သိရသည်။
.
ယခုအခါ ကွန်တိန်နာ ပို့ဆောင်ခ နှုန်းထားများ ကျဆင်းနေပြီဖြစ်သော်လည်း ကွန်တိန်နာသင်္ဘောအသစ်များ မှာကြားနေဆဲ ဖြစ်သည်။ ယခင်နှင့် မတူတော့သည့် ထူးခြားချက်မှာ ဘန်ကာ လောင်စာ ၂ မျိုးသုံးသင်္ဘောကို မှာယူကြခြင်းဖြစ်သည်။ တစ်မျိုးမှာ သုံးနေကျ ရေကြောင်းသုံးလောင်စာဆီ ဖြစ်ပြီး ကျန်တစ်မျိုးမှာ သဘာဝဓာတ်ငွေ့ရည် liquefied natural gas LNG သို့မဟုတ် မက်သနောကို သုံးစွဲနိုင်သည့် အင်ဂျင်ကို ရွေးချယ်ကြသည်။
.
Maersk က သမားရိုးကျလောင်စာ သို့မဟုတ် မီသနောကို အသုံးပြုနိုင်သည့် 17,000-TEU အရွယ်အစား ကွန်တိန်နာသင်္ဘော ၆ စင်းကို ၂၀၂၂ အောက်တိုဘာလ ၄ ရက်တွင် မှာကြားခဲ့သည်။ ၂၀၂၅ တွင် သင်္ဘောအားလုံး တည်ဆောက်ပြီးစီးမည် ဖြစ်သည်။ မက်သနောသုံး 2,500-TEU ကွန်တိန်နာသင်္ဘောများ မှာကြားဖို့လည်း အစီအစဉ် ရှိသည်။
.
MSC က LNG သုံး 16,000-TEU ကွန်တိန်နာသင်္ဘော ၁၂ စီး မှာကြားထားသည်။
.
Yang Ming ကလည်း LNG သုံး 15,000-TEU အနည်းဆုံး ၅ စီး တည်ဆောက်ဖို့ တင်ဒါ ခေါ်ထားသည်။
Source freightwaves
#MyanmarLogisticsGuide