Local Industry

RCEP Co Form အား ၁-၁၁-၂၀၂၂ ရက်နေ့မှစတင်ထုတ်ပေးသွားမည်

အသိပေးကြေညာချက်

 

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဩစတြေးလျ၊ တရုတ်၊ ကိုရီးယား၊ ဂျပန်နှင့် နယူးဇီလန်နိုင်ငံတို့ ပါဝင်သည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership-RCEP) သဘောတူစာချုပ် သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ စတင်၍ သက်ဝင်ပြီဖြစ်ပါသည်။

 

မြန်မာနိုင်ငံသည် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်အရ တရုတ်နိုင်ငံသို့ တင်ပို့မည့် မြန်မာ့ပင်ရင်းထုတ်ကုန်များ အကောက်ခွန်သက်သာခွင့်အတွက် CO Form RCEP ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအောက်ရှိ သက်ဆိုင်ရာပို့ကုန်သွင်းကုန်ရုံးများနှင့် ကုန်သွယ်ရေးစခန်းများတွင် ၁-၁၁-၂၀၂၂ ရက်နေ့မှစတင်၍ စိစစ်ခွင့်ပြုထုတ်ပေးမည်ဖြစ်ပါသဖြင့် ပို့ကုန်လုပ်ငန်းရှင်များသည် CO Form RCEP များကို လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထားနိုင်ပြီဖြစ်ပါသည်။

 

ထို့အပြင်သဘောတူစာချုပ်အရ အတည်ပြုပို့ကုန်တင်ပို့သူ (Approved Exporter) အဖြစ် လျှောက်ထားလိုသည့် ပို့ကုန်တင်ပို့သူများသည် Online CO Application System https://onlineco.myanmartradenet.com/ တွင် ၁-၁၁-၂၀၂၂ ရက်နေ့မှ စတင်၍ လျှောက်ထားနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

 

ကုန်သွယ်ရေးဦးစီးဌာန

Read times
Rate this item
(0 votes)