Local Industry

ရန်ကုန်စတော့ အိတ်ချိန်း

ရန်ကုန်စတော့ အိတ်ချိန်း google

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီများအနက် ဘဏ်အုပ်စုများသည် လက်ရှိတွင် အရောင်းအဝယ် အေးနေကြောင်း KTZ Ruby Hill Securities ကုမ္ပဏီမှ တာဝန်ရှိ သူတစ်ဦး၏ ပြောပြချက်အရ သိရပါတယ်။

 

''ရင်းနှီးမြှုပ်နှံသူတွေက FMI ကို ပိုစိတ်ဝင်စားတယ်။ MTSH ကိုလည်း စိတ်ဝင်စားတယ်။ MTSH က Property Develop-ment တွေ၊ Project တွေကို လုပ်နေတယ်။ TMH ဆိုရင်လည်း Telecom ကို လုပ်နေတယ်။ FMI မှာလည်း ဝယ်ရောင်းရှိတယ်။ TMH မှာလည်း ဝယ်ရောင်းရှိတယ်။ ကျန်တဲ့ဘဏ် အုပ်စုတွေကတော့ အရောင်း အဝယ်အေးနေတယ်''ဟု ၎င်းကပြောခဲ့ပါတယ်။

 

ရန်ကုန်စတော့အိတ်ချိန်းတွင် ရင်းနှီးမြှုပ်နှံမည့်သူများ အနေဖြင့် စာရင်းဝင် အစု ရှယ်ယာများကို ကာလတို ရင်းနှီးမြှုပ်နှံမှု၊ ကာလရှည် ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သော အကြောင်းအရာများနှင့် အတူ အစုရှယ်ယာဝင်ခြင်းများနှင့် သက်ဆိုင်သည့် ဗဟုသုတ အကြောင်းအရာများကို KTZ Ruby Hill Securities ကုမ္ပဏီက ရန်ကုန်စတော့အိတ်ချိန်း၌ ရှင်းလင်း ပြောကြားချက်အရ သိရပါတယ်။

 

ဘဏ်အုပ်စုဝင်များ၏ စတော့ဈေးကွက် အရောင်းအဝယ် အေးနေရခြင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာမှု မရှိခြင်းနှင့် ရင်းနှီးမြှုပ်နှံသူတို့၏ အတွေးအခေါ်များနှင့် သက်ဆိုင်ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာပါက စတော့ရှယ်ယာများအားလုံး အရောင်းအဝယ် အေးမည်မဟုတ်ဘဲ စတော့ဈေးနှုန်းများ ပြန်တက်လာ နိုင်ကြောင်း၊ အဝယ်အေးသည့်အပေါ် ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်မှုများကြောင့် အရောင်းအဝယ်ငြိမ်သွားပြီး အခြေအနေ အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်နေကြောင်း၊ စတော့ဈေး ကျနေသော်လည်း ကုမ္ပဏီ၏ ပုံမှန်လည်ပတ်မှု၊ ငွေကြေးစီးဆင်းမှု၊ ဆောင်ရွက်ချက်များ၊ တိုးတက်မှုများ ရှိနေပါက စတော့ဈေးသာ ကျဆင်းနေပြီး ကုမ္ပဏီ ၏လုပ်ငန်းများ ကျဆင်းမှု မရှိသည့်အတွက် ဝယ်ယူသင့်ကြောင်း သိရပါတယ်။

 

စတော့အိတ်ချိန်းတွင် အချိန်ကြာမြင့်စွာ ရင်းနှီးမြှုပ်နှံမှသာ အကျိုးအမြတ် ပိုမိုခံစားရနိုင်ပြီး ဝယ်ယူရာတွင်လည်းကုမ္ပဏီ၏ သတင်းအချက်အလက် အသေးစိတ်သေချာ စုံစမ်းရန်နှင့် ကုမ္ပဏီများ၏ Final သတင်းအချက်အလက်များကို ပိုမိုသိရှိထားရန် လိုအပ်ကြောင်း၊ စတော့ရှယ်ယာဈေးနှုန်း အတက်အကျကိုလည်း လေ့လာစောင့် ကြည့်ရန် လိုအပ်ကြောင်း သိခဲ့ရပါတယ်။

 

Source : မြဝတီ

 

Myanmar Logistics Guide

 

 

 

 

 

Read times
Rate this item
(0 votes)

Related items