Local Industry

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကိုးနှစ်အတွင်း အခွန်နှင့် ဂျီဒီပီအချိုး

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကိုးနှစ်အတွင်း အခွန်နှင့် ဂျီဒီပီအချိုး google

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ စတင်ပြီး ဘဏ္ဍာနှစ် ကိုးနှစ်အတွင်း အခွန်နှင့် ဂျီဒီပီအချိုး အမြင့်ဆုံးနှစ်မှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ဖြစ်ပြီး ၉ ဒသမ ၈၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ရာမှ ငါးနှစ်ဆက်တိုက် ပြန်လည် လျော့ကျနေပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အနိမ့်ဆုံးအဖြစ် ၆ ဒသမ ၆၁ ရာခိုင်နှုန်းအထိ လျော့ကျလာခဲ့ကြောင်း သိရပါတယ်။

 

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစ၍ အခွန်ရရှိမှု နှစ်စဉ် တိုးတက်နေပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ယာယီ အမှန်စာရင်းတွင် ကျပ် ၇၄၂၃ ဘီလျံအထိ အခွန်အမြင့်ဆုံး ရခဲ့ကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြုပြင်ပြီး ခန့်မှန်းခြေ၌ ကျပ် ၇၇၉၁ ဘီလျံအထိ တိုးမြှင့် ခန့်မှန်းခဲ့သော်လည်း၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အခွန်ရငွေကိုမူ မူလခန့်မှန်းခြေ၌ ကျပ် ၇၈၆၉ ဘီလျံသာ မျှော်မှန်းနိုင်ခဲ့ပါတယ်။

 

အာဆီယံနိုင်ငံများတွင် အနိမ့်ဆုံးဖြစ်နေသည့် မြန်မာနိုင်ငံ၏ အခွန်နှင့် ဂျီဒီပီအချိုးမှာ မြန်မာ့နိုင်ငံရေး အကူးအပြောင်း ဖြစ်သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၆၃ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂၀၁၄-၂၀၁၅ စည်းကြပ်နှစ်တွက် ၉ ဒသမ ၈၄ ရာခိုင်နှုန်းအထိ အမြင့်ဆုံးဖြစ်ခဲ့ပြီး ငါးနှစ် ဆက်တိုက် နိမ့်ကျခဲ့ကာ ၂၀၁၉-၂၀၂၀ စည်းကြပ်နှစ်တွင် ၆ ဒသမ ၆၁ ရာခိုင်နှုန်းဖြင့် အနိမ့်ဆုံးဖြစ်ခဲ့ကြောင်း သိရပါတယ်။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပထမ ခြောက်လပတ် အခွန်ရငွေ စာရင်းများအရ ယစ်မျိုးခွန်၊ မော်တော်ယာဉ် အခွန်အခ အပါအဝင် အခွန်ခြောက်မျိုးမှာ လျာထားချက်ထက် ရာခိုင်နှုန်း ၁၂၀ အထက် ကျော်လွန် ကောက်ခံနိုင်ခဲ့သော်လည်း အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အကောက်ခွန် အပါအဝင် အခွန် ၁၀ မျိုးမှာ လျာထားချက် ပြည့်မီခဲ့ခြင်း မရှိကြောင်း သိရပြီး ၂၀၁၈ -၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်တွင် အခွန်ကောက်ခံရရှိမှုသည် ကျပ် ၄၀၄၂ ဒသမ ၇၃၉ ဘီလျံ ဖြစ်၍ ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ကျပ် ၉၆၃ ဒသမ ၉၄၁ ဘီလျံ ပိုမိုကောက်ခံရရှိခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရပါတယ်။

 

“ကျွန်တော်တို့နိုင်ငံမှာ နှစ်အလိုက် အခွန်အကောက်ရရှိမှု တိုးလာပါတယ်။ ဂျီဒီပီလည်း တိုးလာပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ သာမန်ရငွေလည်း တိုးလာပါတယ်။ ဒါပေမဲ့ ဂျီဒီပီနဲ့ အခွန်ရငွေကို ပြန်နှိုင်းယှဉ်ရင် ၇ ဒသမ ၃ (၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြုပြင်ပြီး ခန့်မှန်းခြေ) ဖြစ်သွားတာတော့ ရှိတာပေါ့။ တကယ်တော့ နှစ်အလိုက် အခွန်ရငွေကို ခန့်မှန်းကြည့်မယ်ဆိုရင် အများကြီး တိုးလာပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ လက္ခဏာ ဖြစ်ပါတယ်” ဟု ဦးသန်းစိုးက ပြောကြားချက်အရ သိရပါတယ်။

 

မြန်မာနိုင်ငံတွင် အခွန် ၂၁ မျိုးကို ကဏ္ဍလေးခု ခွဲ၍ ကောက်ခံနေခြင်းဖြစ်ပြီး အခွန်ကောက်ခံရရှိမှု အခြေအနေမှာ ပြည်တွင်းထွက်ကုန်နှင့် ပြည်သူပြည်သားများ သုံးစွဲမှုအပေါ်တွင် ကောက်ခံသည့် အခွန်အကောက် ကျပ် ၁၉၂၃ ဒသမ ၆၆၄ ဘီလျံ၊ ဝင်ငွေနှင့် ပိုင်ဆိုင်မှုအပေါ်တွင် ကောက်ခံသည့် အခွန်အကောက် ကျပ် ၁၂၄၇ ဒသမ ၁၇၁ ဘီလျံ၊ အကောက်ခွန် ကျပ် ၂၃၉ ဒသမ ၂၀၅ ဘီလျံ နှင့် နိုင်ငံပိုင် သယံဇာတများ ထုတ်ယူသုံးစွဲမှုအပေါ်တွင် ကောက်ခံသည့် အခွန်အကောက် ကျပ် ၆၃၂ ဒသမ ၆၉၇ ဘီလျံတို့ ဖြစ်ကာ လက်ရှိ ကောက်ခံသည့် အခွန်အကောက် ၂၂ မျိုးအနက် လျာထားချက် ပြည့်မီကျော်လွန်အောင် ကောက်ခံနိုင်သည့် အခွန် ၁၁ မျိုး၊ လျာထားချက်အောက် လျော့နည်း ကောက်ခံရရှိသည့် အခွန် ၁၀ မျိုးနှင့် မူလခန့်မှန်းခြေတွင် လျာထားချက် ရှိသော်လည်း ပထမ ခြောက်လပတ်တွင် လျာထားချက်လည်း မရှိ ကောက်ခံရရှိခြင်းလည်း မရှိသည့် အခွန် တစ်မျိုးတို့ ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုခဲ့ပါတယ်။

 

လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အခွန်အကောက်ရငွေကို ကျပ် ၇၈၆၉ ဘီလျံကျော် ရရှိရန် မျှော်မှန်းထားပြီး ပြည်တွင်း ထွက်ကုန်နှင့် ပြည်သူ ပြည်သားများ သုံးစွဲမှုအပေါ် ကောက်ခံသည့်အခွန်မှ ကျပ် ၄၀၇၁ ဘီလျံဖြင့် အများဆုံး ကောက်ခံရရှိရန် ခန့်မှန်းထားခဲ့ပါတယ်။

 

ထို့အတူ ဝင်ငွေနှင့် ပိုင်ဆိုင်မှုအပေါ် ကောက်ခံသည့် အခွန်အကောက်ကိုလည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၂၃၈၉ ဘီလျံကျော် ရရှိရန် မျှော်မှန်းခဲ့ပြီး ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် (ရှေ့ပြေးအမှန်) ထက် ကျပ် ၁၂၅ ဘီလျံကျော် ပိုမိုရရှိရန်နှင့် ၂၀၁၈ -၂ ၀၁၉ ဘဏ္ဍာနှစ်ကထက် ၆၄ ဘီလျံကျော် ပိုမိုရရှိရန် ခန့်မှန်းထားကြောင်း သိရပါတယ်။

 

အကောက်ခွန် ကဏ္ဍအတွက်မူ ယခင်နှစ်များကထက် ရရှိမှု လျှော့ချမျှော်မှန်းခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (ရှေ့ပြေးအမှန်) က ကျပ် ၅၂၃ ဘီလျံကျော်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ကျပ်ဘီလျံ ၅၃၀ နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်မူ ကျပ်ဘီလျံ ၅၂၀ သာ ရရှိရန် မျှော်မှန်းခဲ့ပြီး အကောက်ခွန်ကဏ္ဍမှ အခွန်ရရှိမှုမှာ နှစ်စဉ်လျှော့ချ ခန့်မှန်းနေသည်ကို တွေ့ရပါတယ်။

 

ထို့အတူ နိုင်ငံပိုင် သယံဇာတများ ထုတ်ယူသုံးစွဲမှုအပေါ် ကောက်ခံသည့် အခွန်အကောက်မှာလည်း အခွန်ရရှိမှု လျှော့ချ မျှော်မှန်းနေရသည့် အခြေအနေဖြစ်ပေါ်နေပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (ရှေ့ပြေးအမှန်) က ကျပ် ၁၀၁၅ ဘီလျံကျော်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ကျပ် ၁၀၃၈ ဘီလျံကျော်အထိ တိုးမြှင့်ခန့်မှန်းခဲ့ရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်မူ ကျပ် ဘီလျံ ၈၈၀ သာ ရရှိရန် လျှော့ချမျှော်မှန်းခဲ့ရခြင်း ဖြစ်ပါတယ်။

 

နိုင်ငံခြားအာမခံလုပ်ငန်းများ ယခုနှစ်အတွင်း လုပ်ငန်းစတင်နိုင်ရန် ဆောင်ရွက်ပေးမည်

 

Source : eleven

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)