Local Industry

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့၌ ထိုင်းဘတ်ငွေဈေးစံချိန်တင်မြင့်တက်လာမှုကြောင့် ကုန်သည်များ အဝယ်ရပ်နားထားရ

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့၌ ထိုင်းဘတ်ငွေဈေးစံချိန်တင်မြင့်တက်လာမှုကြောင့် ကုန်သည်များ အဝယ်ရပ်နားထားရ google

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် ထိုင်းဘတ်ငွေဈေး စံချိန်တင်မြင့်တက်လာမှုကြောင့် မြဝတီမှကုန်သည်များ ထိုင်းကုန်ပစ္စည်းများ ဝယ်ယူခြင်းမရှိတော့ဘဲ အဝယ်ရပ်နားထားရကြောင်း သိပါတယ်။

 

" မြဝတီမှာက ထိုင်းကနေပြီး စားကုန်ပစ္စည်းနဲ့ လူသုံးကုန်ပစ္စည်းတွေကို အများဆုံးဝယ်ယူပြီး ပြန် လည်ရောင်းချနေကြတယ်။ အခုတလော ထိုင်းဘတ် ငွေဈေးက စံချိန်တင်မြင့်တက်လာခဲ့တာ ထိုင်း ဘတ် ငွေ ၂၀ဝ၀ ကို မြန်မာငွေ ကျပ် ၁၀ဝဝဝ၀ ဖြစ်သွားပြီ၊ အဲဒါ တဖြည်းဖြည်းတက်လာလိုက်တာ ဒီနှစ် စက်တင်ဘာလမှာ ပုံမှန်ဘတ်ဈေးကျရမှာဖြစ်ပေမယ့် မကျတော့ဘဲ ဆက်တက်လာတာက ထူးခြားမှုတစ်ခု လို့ဆိုရမှာပေါ့။ ကျွန်တော်တို့က မဲဆောက်မှာ ခေါက် ပြန်ပေးဈေးဝယ်တယ်။ မြဝတီမှာ မြန်မာငွေနဲ့ရောင်း ပြီး ထိုင်းကိုဘတ်ငွေနဲ့ပြန်ရှင်းရတော့ အခုလိုဘတ် ဈေးမြင့်တဲ့အတွက် အရှုံးပေါ်တာပေါ့။ ဒါကြောင့် ထိုင်းပစ္စည်းဝယ်ရောင်းနေတဲ့ကုန်သည်တွေ ထိုင်းကုန်တွေကို ဒီနေ့ကစပြီး အဝယ်ရပ်ထားလိုက်ပါပြီ "ဟု မြဝတီမြို့မှ ကုန်သည်တစ်ဦးက ပြောကြားချက်အရ သိရပါတယ်။

 

>>> Insurance Agents အာမခံဝန်ဆောင်မှုပေါင်း ၈၃ခုကိုရှာရန်နှိပ်ပါ <<<

 

ယခုအခါမြဝတီမြို့၌ ထိုင်းဘတ်ငွေဈေးစံချိန် တင်မြင့်တက်လာမှုကြောင့် ထိုင်းဘတ်ငွေ ၂၀ဝ၀ လျှင်မြန်မာငွေကျပ် ၁၀ဝဝဝ၀ အထိဖြစ်သွားပြီဖြစ်ပါတယ်။ ယခင်လက ထိုင်းဘတ်ငွေ ၂၀၅၀ လျှင် မြန်မာငွေကျပ် ၁၀ဝဝဝ၀ ဈေးရှိခဲ့ပြီး ယခင်နှစ်က ထိုင်းဘတ်ငွေ ၃၀ဝ၀ လျှင် မြန်မာငွေကျပ် ၁၀ဝဝဝ၀ အထိရှိလာခဲ့ပါတယ်။

 

" ဘတ်ဈေးနှုန်းတက်နေတဲ့အတွက် အရင်လ တွေထက်အိမ်ကို ငွေပိုပြီးပို့နိုင်တယ်။ လစာမတိုးပေ မယ့် မြန်မာကျပ်ငွေလဲတော့ ဈေးပိုရတာကြောင့် အရင်ထက် ငွေပိုရတဲ့အတွက် အလုပ်လုပ်ရတာပိုပြီး ပျော်တယ်" ဟု မဲဆောက်မြို့မှ မြန်မာအလုပ်သမား ကိုအေးမောင်က ပြောကြားခဲ့ပါတယ်။

 

>>> Map Publishers မြို့တွင်းလမ်းညွှန်ဝန်ဆောင်မှုများကိုရှာဖွေရန်နှိပ်ပါ <<<

 

ထိုင်းနယ်စပ် မြဝတီမြို့တွင် တစ်နှစ်လျှင် နှစ်ကြိမ်ခန့်ဘတ်ငွေ ဈေးမြင့်တက်ခဲ့သော်လည်း ယခုလို စက်တင်ဘာလရောက်တိုင်းဘတ်ငွေဈေးပြန်ကျ မြဲဖြစ်သော်လည်း ယခုနှစ်တွင် ဘတ်ငွေဈေး ပြန်လည် ကျဆင်းမှုမရှိဘဲ ဆက်တိုက်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါတယ်။

 

Source : democracy

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)