Local Industry

ယခင်နှစ် သြဂုတ်လကုန်အထိ မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ နယ်စပ်ကုန်သွယ်မှုပမာဏ

ယခင်နှစ် သြဂုတ်လကုန်အထိ မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ နယ်စပ်ကုန်သွယ်မှုပမာဏ google

ယခင်ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက် မှ သြဂုတ်လကုန်အထိ မြန်မာ-တရုတ်နယ် စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ နယ်စပ်ကုန် သွယ်မှုပမာဏ ဒေါ်လာသန်း ၆၄၇၀ ကျော် ရရှိခဲ့သော်လည်း ယခုနှစ်အတွင်း ဒေါ်လာ သန်း ၅၄၅၀ ကျော်သာရရှိပြီး အထူးသဖြင့် မူဆယ်နှင့် လွယ်ဂျယ်နယ်စပ်တွင် ဒေါ်လာ သန်း ၁၂၇၀ ကျော် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

 

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ်လကုန်အထိ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှကုန်သွယ်မှု ပမာဏ ဒေါ်လာ ၅၆၈၅ ဒသမ ၁၅၇ သန်း၊ လွယ် ဂျယ်နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၁၉ ဒသမ ၀၇၃ သန်း၊ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၂၆ ဒသမ ၆၀၅ သန်း၊ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၁၄၀ ဒသမ ၀၁၂ သန်း ရရှိခဲ့ပါတယ်။

 

>>> Packing/Filling & Wrapping Materials & Equipment ထုတ်ပိုးဖြည့်ဆည်း ပစ္စည်းကိရိယာများနှင့်သက်ဆိုင်သောလုပ်ငန်း ၁၇၈ ခုကိုရှာရန်နှိပ်ပါ<<<

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တို ဘာ ၁ ရက်မှ သြဂုတ်လကုန်အထိ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၅၃၅ ဒသမ ၇၆၉ သန်း၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ် လာ ၁၃၈ ဒသမ ၉၅၂ သန်း၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄၉၁ ဒသမ ၀၅၈ သန်း၊ ကန်ပိုက်တီးနယ်စပ်ကုန် သွယ်မှု ပမာဏ ဒေါ်လာသန်း ၂၈၄ ဒသမ ၆၇၅ သန်း ရရှိခဲ့ပါတယ်။

 

အဆိုပါ ကာလတူနှစ်ခုကို နှိုင်းယှဉ် ကြည့်ပါက မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၁၉၄ ဒသမ ၃၈၈ သန်းနှင့် လွယ်ဂျယ်နယ်စပ် ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၈၀ ဒသမ ၁၂၁ သန်း လျော့ ကျခဲ့ပါတယ်။ချင်းရွှေဟော် နယ်စပ်ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၆၄ ဒသမ ၄၅၃ သန်းနှင့် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ် လာ ၁၄၄ ဒသမ ၆၆၃ သန်းပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရပါတယ်။

 

>>> Transportation Services သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါင်း ၇၉၀ ကိုရှာရန်နှိပ်ပါ <<<

 

မြန်မာနိုင်ငံနှင့် အဓိကကုန်သွယ်မှုပြုနေသည့်နိုင်ငံများတွင် တရုတ်၊ ထိုင်း၊ အိန္ဒိ ယ၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူနှင့် မလေးရှား နိုင်ငံတို့ဖြစ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေး တွင် တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့ဖြင့် ကုန်သွယ်မှုပြုလုပ်နေခဲ့ပါတယ်။

 

နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုအနက် မြန်မာ-တရုတ်နယ်စပ်တွင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီးနယ်စပ် ကုန် သွယ်ရေးစခန်း၊ မြန်မာ-ထိုင်းနယ်စပ်တွင် ကျိုင်းတုံ၊ တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ နဘူလယ်/ထီးခီး၊ မောတောင်၊ မယ်စဲ့နယ်စပ် ကုန်သွယ်ရေးစခန်းတို့ဖြစ်သည်။ ကျန်သည့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့ဖြင့် ကုန်သွယ်မှု ပြုလုပ်နေ ခြင်းဖြစ်ပါတယ်။

 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများကြောင့် အဓိကကျသည့် မူဆယ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်ခဲ့ရပါတယ်။

 


Source : Eleven

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)