Local Industry

ပြည်တွင်းရှိ ပွင့်လင်းမြင်သာမှု အရှိဆုံးစီးပွားရေး လုပ်ငန်းထိပ်တန်း ၁ဝ နေရာတွင် သီလဝါအများပိုင် ကုမ္ပဏီပါဝင်လာ

ပြည်တွင်းရှိ ပွင့်လင်းမြင်သာမှု အရှိဆုံးစီးပွားရေး လုပ်ငန်းထိပ်တန်း ၁ဝ နေရာတွင် သီလဝါအများပိုင် ကုမ္ပဏီပါဝင်လာ google.com

မြန်မာ့ စီးပွားရေးကဏ္ဍတွင် တာဝန်ယူမှု ရှိစေရေးအတွက် အထောက်အကူပြုဌာန(MCRB)၏ နောက်ဆုံး ထုတ်ပြန်ခဲ့သော ပွင့်သစ်စ အစီရင်ခံစာတွင် သီလဝါ အများပိုင် ကုမ္ပဏီ (MTSH) သည် မြန်မာနိုင်ငံရှိ

ပွင့်လင်းမြင်သာမှု အရှိဆုံး စီးပွားရေး လုပ်ငန်းများတွင် အဆင့် (၉) ရရှိခဲ့သောကြောင့် လာမည့်နှစ်များတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာ နိုင်ကြောင်း သိခဲ့ရပါတယ်။

 

 

သီလဝါ အထူးစီးပွားရေးဇုန် အတွင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု့ များသည်လည်း တဖြည်းဖြည်း တိုးလာခဲ့ပါတယ်။ ထိုကဲ့သို့ ပွင့်လင်းမြင်သာတဲ့ စီးပွားရေးပုံစံနဲ့ လုပ်ခဲ့မယ်ဆိုရင်ဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုက လာမယ့် နှစ်တွေမှာ ဒီထက်မက ပိုပြီးတိုးတက် လာမယ်လို့လည်း ယုံကြည်ပါတယ်ဟု Myanmar Japan Thilawa Development Ltd. ( MJTD ) ၏ ဥက္ကဋ္ဌ Mr. Tomoyasu Shimizu က ပြောဆိုချက်အရ သိခဲ့ရပါတယ်။

 

 

ထိုပွင့်သစ်စ အစီရင်ခံစာတွင် ကောင်းမွန်သည့် စီးပွားရေးလုပ်ငန်းများ စီမံအုပ်ချုပ်မှု၊ စီးပွားရေး လုပ်ငန်း၌ ကျင့်သုံးသော ယဉ်ကျေးမှုစနစ်၊ အစီရင်ခံသည့်စနစ်၊ ရေရှည်တည်တံ့မှု နှင့် ဆက်သွယ်ရေး ကောင်းမွန်မှု စသည့်စံနှုန်း များကို MCRB မှ အစီရင်ခံစာ ပြုစုခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရပါတယ်။

 

 

ယခု MCRB၏ နောက်ဆုံးအစီရင်ခံစာတွင်လည်း သီလဝါအများပိုင် ကုမ္ပဏီသည် မူလအဆင့်ထက် ၁ဝဆင့်နီးပါး ခုန်တက်ကာ ထိပ်တန်း၁ဝနေရာ၌ အဆင့်(၉)ရရှိခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း သိခဲ့ရပါတယ်။

 

 

သီလဝါအထူး စီးပွားရေးဇုန်က အကဲဖြတ်ခံစာရင်းမှာ ရွေးချယ်ခံရမှုကြောင့် ပိုမိုကောင်းမွန် အောင်လုပ်ဖို့ တွန်းအားဖြစ် လာစေခဲ့ပါတယ်။ထိုအစီရင်ခံစာ ထွက်လာတဲ့အချိန်မှာ MCRB လမ်းညွှန် စာအုပ်တစ်ခုကိုပဲ ထုတ်ရသေးပေ။ထိုစာရင်းထဲတွင် ပါဝင်ခဲ့ကာ တခြားသက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေကို ပိုပြီးမြင်တွေ့ခဲ့ရပါတယ် ဟု MCRB ၏ Director Ms. Vicky Bowman က ပြောကြားချက်အရ သိခဲ့ရပါတယ်။

 

Source ; The myawady daily

Read times
Rate this item
(0 votes)