Port News

Friday, 27 December 2019 04:48

မြို့သာစက်မှု ဥယျာဉ်စီမံကိန်းမှ ဆီမီးခုံ နိုင်ငံတကာအဆင့်မီ သင်္ဘောဆိပ်ကမ်း တည်ဆောက်ပြီးစီး

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာအနီးရှိ ဧရာဝတီမြစ်ဆိပ်ကမ်း၌ မြို့သာစက်မှု ဥယျာဉ် စီမံကိန်းနှင့်အတူ ယခုအခါ ယင်းစီမံကိန်း လုပ်ငန်းတစ်ခုဖြစ်သည့် ဆီမီးခုံ နိုင်ငံတကာအဆင့်မီ သင်္ဘောဆိပ်ကမ်း မှာ တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

Wednesday, 11 December 2019 06:54


မနေ့ညနေ (December 9) က ဘယ်လဂျီယမ်နိုင်ငံ Antwerp ဆိပ်ကမ်း၊ Scheldt မြစ် ဘယ်ဘက်ကမ်းရှိ DP World Antwerp Gatewayကုန်သေတ္တာ တံတားမှာ ဆိုက်ကပ်ထားတဲ့ APL Mexico City ကုန်သေတ္တာ သင်္ဘောဟာ လေပြင်းတိုက်လို့ ချီထားတဲ့ ဆိုင်းကြိုး ပြတ်ပြီး မျော်သွားစဉ် ဆိပ်ကမ်းဝန်ချီစက်လက်တန် (ship to shore crane) ကို တိုက်မိသွားပါတယ်။ ဝန်ချီစက်ကပြိုလဲသွားပြီ တစ်စုံတစ်ဦးမှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိပါဘူး။ သင်္ဘောဝန်ချီစက်ကို ပြုပြင်နေစဉ်ဖြစ်ပြီး ဝန်ချီစက်မောင်းသူ ကရိန်းပေါ်မှဆင်းပြီး ၅ မိနစ်ခန့် အကြာမှာ သင်္ဘောက တိုက်မိတာကြောင့် လူထိခိုက်မှု မရှိတာဖြစ်ပါတယ်လို့ အချို့သတင်းတွေ မှာ ဖော်ပြထားပါတယ်။

Thursday, 05 December 2019 03:39

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဒဂုံဆိပ်ကမ်းသင်္ဘောကျင်းမှ အသစ်တည်ဆောက်သည့် ဇက်ရေယာဉ်သုံးစီး စမ်းသပ်မောင်းနှင်

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဒဂုံဆိပ်ကမ်း သင်္ဘောကျင်းမှ အသစ်တည်ဆောက်ပြီးစီးသည့် ဌာနပိုင်ဇက်-၂၀၁၊ ၂၀၂၊ ၂၀၃ ရေယာဉ်သုံးစီးကို ဒီဇင်ဘာလ (၄) ရက် နံနက်ပိုင်းက စမ်းသပ်မောင်းနှင်ခဲ့ကြောင်း သိရပါတယ်။

Friday, 29 November 2019 04:22

ပုသိမ်တွင် နိုင်ငံတကာ အဆင့်မီ ဆိပ်ကမ်းတခု ယခုလအတွင်း တည်ဆောက်မည်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် နိုင်ငံအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုကို ယခုလအတွင်း၊ စတင်တည်ဆောက်မည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် အသားရေးဝန်ကြီးဌာနမှ သိရသည်အဆိုပါင်းတွင်းစီမံကိန်းကို ဧရာ ဝတီရဲ့ ဖြိုးတိုးတက်ရေး၊ အများပိုင်ကုမ္ပဏီ လီမိတက်က ပုသိမ် ငပုတော ကားလမ်း ပေါ်ရှိ Master Plan ဇက ၆၇၀၀ အကျယ်အဝန်းရှိ ပုသိမ်စက်မှုမြို့တော်ကိန်းအတွင်း ဖော်ဆာင်မည်ဖြစ်ကြောင်း သိရပါတယ်။

Saturday, 23 November 2019 04:20

ဆိပ်ကမ်းတွေ့ရဲ့ကျပ်တည်းလာမှုနဲ့ ကုန်စည်စီးဆင်းမှုအခက်ခဲ အကျပ်တည်းကိစ္စ ဘယ်လိုဖြေရှင်းမလဲ ?

ကျွန်တော်ဟိုနေ့က NES - National Export Strategy ရဲ့ Logisticts ဆိုင်ရာ အခန်းကဏ္ဍ နဲ့ပတ်သက်ပြီး နိင်ငံတော်ကို အကြံပြုမှုပိုင်းဆိုင်ရာမှာ ကိစ္စတခုကို သေချာသိခဲ့တယ် တကယ်ဆွေးနွေးကြတဲ့ အချိန် ညနေပိုင်းမှာ အကောက်ခွန်ဝန်ဆောင်မှုအသင်းလဲ မရှိတော့ဘူး ဒီတော့ ဒီကဏ္ဍကို သေချာမဆွေးနွေးနိင်ခဲ့ဘူး ဖြစ်ခဲ့ပါတယ်။

Saturday, 16 November 2019 07:28

မန္တလေးမြို့ မရမ်းခြံဆိပ်ကမ်း အဆင့်မြှင့်တင်ရေးအတွက် ဆိပ်ကမ်းရှိလုပ်ငန်းအချို့ စတင်ပြောင်းရွှေ့

မန္တလေးမြို့ ဧရာဝတီမြစ်၊ မရမ်းခြံဆိပ်ကမ်းကို အဆင့်မြှင့်တင်ရေးစီမံကိန်း ဆောင်ရွက်မည်ဖြစ်ရာ လက်ရှိဆိပ်ကမ်းတွင် အ‌ခြေချလုပ်ကိုင်နေသော လုပ်ငန်းများအား နေရာပြောင်းရွှေ့ချထားပေးခြင်း ပြုလုပ်ထားပြီး လုပ်ငန်းရှင်အချို့ စတင်ပြောင်းရွှေ့နေပြီဖြစ်ကာ ကျန်လုပ်ငန်းရှင်များ ပြောင်းရွှေ့ရန်အတွက် အသိပေးစာထပ်မံပေးပို့ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Wednesday, 13 November 2019 11:11

ပလက်ဝနှင့် စစ်တွေ ဆိပ်ကမ်းလုပ်ဆောင်ခွင့် ကုမ္ပဏီစာရင်းကို ဒီဇင်ဘာတွင် ထုတ်ပြန်မည်

အိန္ဒိယနိုင်ငံက ဆောင်ရွက်နေသည့် ကုလားတန်ဘက်စုံ သုံးစီမံကိန်း၏ ပလက်ဝနှင့် စစ်တွေဆိပ်ကမ်းများ လုပ်ဆောင်ခွင့်ရကုမ္ပဏီများကို လာမည့် ဒီဇင်ဘာတွင် ထုတ်ပြန်ကြေညာမည်ဟု အိန္ဒိယပြည်တွင်းရေကြောင်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားခဲ့ပါတယ်။

Thursday, 07 November 2019 09:44

သင်္ဘောမီးလောင်မှုကြောင့် ကုန်စည် ဆုံးရှုံးပျက်စီးမှု အတွက် carrier ဖြစ်သည့် သင်္ဘောပိုင်ရှင် (သို့) သင်္ဘောဌားရမ်းသူက လျော်ပေးဖို့လိုပါသလား?

၂၀၁၅ ခုနှစ်မေလ ၁၅ရက်က ဂရိနိုင်ငံ Atlas Maritime ကပိုင်တဲ့ Aframax အရွယ်အစားLady M (DWT 115,400) ရေနံတင်သင်္ဘောဟာ gasoline ၉၀၀၀၀ တန် တင်ဆောင်ပြီး ရုရှားက အမေရိကန်နိုင်ငံ Houston အသွားလမ်းခရီး မြောက်အတ္တလန်တစ် သမုဒ္ဒရာထဲမှာ အင်ဂျင်ခန်းမှာ မီးလောင်လို့ ဆက်မသွားနိုင်တော့ပါဘူး။ သင်္ဘောပိုင်ရှင်က သင်္ဘောဆယ်တဲ့အဖွဲ့ကို ငှားရမ်းပြီး ဆွဲသင်္ဘော tug Hellas နဲ့ ရေမိုင် ၂၀၀ အကွာမှာရှိတဲ့ ကနေရီကျွန်း Las Palmas ဆိပ်ကမ်းကိုဆွဲယူ သွားပါတယ်။ သင်္ဘောပိုင်ရှင်က သင်္ဘောဆွဲခ အတွက် General Average ကြေညာလိုက်ပါတယ်။

Saturday, 02 November 2019 06:53

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် ရှေးအကျဆုံးနှင့် အကြီးမားဆုံးသင်္ဘောကျင်းဖြစ်သည့် ဒလသင်္ဘောကျင်း

၁၈၇၅ ခုနှစ်တွင် အင်္ဂလိပ်အစိုးရက ဧရာဝတီမြစ်အတွင်း ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းလုပ်ဆောင်ခွင့်အား ဧရာဝတီဖလိုတီလာကုမ္ပဏီကို နှစ်ရှည်လုပ်ပိုင်ခွင့်ငှားရမ်းခဲ့သည်။ ၁၉၀၈ ခုနှစ်တွင် ဧရာဝတီဖလိုတီလာကုမ္ပဏီမှ အပြီးအပိုင်ဝယ်ယူလိုက်ပြီး လွန်းကျင်းလုပ်ငန်းများကို တိုးချဲ့မွမ်းမံတည်ဆောက်ခဲ့သည်။ ၁၉၄၈ ခုနှစ်၊ ဇွန်လ (၁) ရက်တွင် ဧရာဝတီဖလိုတီလာကုမ္ပဏီကို ပြည်သူပိုင်ပြုလုပ်ခဲ့ရာ ဒလသင်္ဘောကျင်းသည်လည်း ထိုနေ့မှစ၍ နိုင်ငံပိုင် သင်္ဘောကျင်းတစ်ခုဖြစ်လာခဲ့သည်။ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့် အသီးအပွင့်ဟုဆိုချင်ပါသည်။