Port News

Wednesday, 03 August 2022 05:15

ယူကရိန်းဆိပ်ကမ်းက နှံစားသီးနှံတွေ ပထမဆုံးအကြိမ် ပြန်လည် တင်ပို့

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့မှစတင်ကာ ယူကရိန်းနိုင်ငံ Odesa ဆိပ်ကမ်းကနေ နှံစား သီးနှံတွေကို ပြန်တင်ပို့ပါတယ်။ ဆီယာရာ လီယွန် အလံတင် ကုန်တင်သင်္ဘော Razoni ဟာ လက်ဘနွန်ကိုတင်ပို့မယ့် ပြောင်းတွေကို တင်ဆောင်ပြီး ဆိပ်ကမ်းကနေ ပထမဆုံးအဖြစ် ထွက်ခွာသွားတာပါ။ နောက်ထပ် ကုန်သင်္ဘောတွေ ဆက်ပြီးထွက်ခွါဖို့ရှိတယ်လို့လည်း တူရကီ ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။ ယူကရိန်းကို ရုရှားကျူးကျော်ချိန်ကစပြီး ပိုဆိုးလာတဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းကြောင့် ယူကရိန်းကသီးနှံတွေ တင်ပို့နိုင်ဖို့ သဘောတူညီချက်ကို တူရကီနဲ့ ကုလသမဂ္ဂတို့က ကြားဝင်ညှိုနှိုင်းခဲ့ပြီး ဇူလိုင်လနှောင်းပိုင်းတုန်းက သဘောတူညီချက်ရခဲ့တာပါ။ ဖေဖော်ဝါရီလနှောင်းပိုင်း စစ်ပွဲစကတည်းက ရုရှားထိန်းချုပ်ထားတဲ့ ပင်လယ်နက်ထဲက ရေပြင်မှာ ကုန်တင်သင်္ဘောတွေ ဘေးကင်းကင်း ဖြတ်သန်းသွားလာခွင့်ရဖို့ တောင်းဆိုခဲ့ပါတယ်။ Odesa ဆိပ်ကမ်းကနေ အခုလို ပို့ကုန်တွေ ပြန်ပြီးတင်ပို့နိုင်တာကို ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ကြိုဆိုလိုက်ပါတယ်။ လူသားချင်း စာနာထောက်ထားမှုအရ ယူကရိန်းကသီးနှံတွေ ကမ္ဘာ့ဈေးကွက်ကို ပြန်တင်ပို့ခွင့်ရဖို့ မရှိမဖြစ်လိုအပ်သလို နောက်ထပ်လည်း ကုန်တင်သင်္ဘောတွေ ယူကရိန်းကနေ ဆက်တိုက်ထွက်ခွါခွင့်ရဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres က မျှော်လင့်ထားကြောင်း ပြောခွင့်ရ Stephane Dujarric က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ယူကရိန်းကနေ ဂျုံမက်ထရစ်တန် သုံးသောင်းဝယ်ယူဖို့ စီစဉ်ထားတယ်လို့လည်း ပြောခွင့်ရ Stephane Dujarric ကပြောပါတယ်။ ဒီ အချိန်မှာပဲ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘဒေသက ရုရှားတပ်တချို့ကို ယူကရိန်းတောင်ပိုင်းကိုရွှေ့ဖို့အနေအထားမှာ ရှိနေတယ်လို့ ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ Source: VOA

Monday, 01 August 2022 09:38

1st August 2022 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း

1st August 2022 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း

Friday, 29 July 2022 10:37

29th July 2022 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း

29th July 2022 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း

Friday, 29 July 2022 05:10

မြန်မာနိုင်ငံ၏ (၁၀) ခုမြောက် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသစ်ကို မော်လမြိုင်မြို့တွင် တည်ဆောက်ရန်စီစဉ်နေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီး၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသစ်တည်ဆောက်ရန် ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီများစတင် ဖိတ်ခေါ်ထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံမှ သိရှိရသည်။ မော်လမြိုင်မြို့ရဲ့ အနီး မုဒုံမှာတည်ဆောက်ဖို့ စိစစ်ဆောင်ရွက်ထားတယ်၊ လုပ်ငန်းဖြစ်နိုင်ခြေ လေ့လာဆန်းစစ်မှုတွေအတွက်တော့ ပုဂ္ဂလိကကုမ္ပဏီတွေကို အိတ်ဖွင့်တင်ဒါခေါ်ဆောင်ရွက်နေတယ်၊ ဒါ လတ်တလောလုပ်နေတာပါ” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသစ်ကို မော်လမြိုင်မြို့အနီး မုဒုံမြို့နယ် ဘလောက် ညောင်ဝိုင်းကျေးရွာနှင့် ဝဲကလိကျေးရွာအကြားတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ နိုင်ငံတကာကုန်သွယ်ရေးသင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား စုစုပေါင်း ၄၅ စင်း ရှိလာပြီဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ (၉) ခုရှိပြီး ရန်ကုန်၊ ကော့သောင်း၊ မြိတ်၊ ထားဝယ်၊ မော်လမြိုင်၊ပုသိမ်၊ သံတွဲ၊ စစ်တွေနှင့် ကျောက်ဖြူမြို့တို့တွင်ရှိကြောင်း သိရသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုမှအပ နိုင်ငံတကာကုန်သွယ်ရေးသင်္ဘောကြီးများ ဆိုက်ကပ်နိုင်ပြီး ကျန်မြို့ (၈)မြို့နယ်ရှိ ဆိပ်ကမ်းများသည် ပင်လယ်ရေကြောင်းလမ်းဖြင့် ကုန်သွယ်မှုဆောင်ရွက်နေသော်လည်း ပြည်တွင်းဆိပ်ကမ်းအဆင့်သာရှိကြောင်း သိရသည်။ နိုင်ငံတကာနှင့်ကုန်သွယ်မှုဆောင်ရွက်ရာတွင် ပင်လယ်ရေကြောင်းလမ်းများကို အများဆုံး အသုံးပြုလုပ်ဆောင်လျက်ရှိပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် တိုးတက်လာသော နိုင်ငံတကာကုန်သွယ်ရေးလုပ်ငန်းများနှင့်အညီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသစ်တည်ဆောက်ရာ ၌ စက်ကိရိယာများဖြည့်တင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။ Source: Xinhua

Wednesday, 27 July 2022 10:18

27th July 2022 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း

27th July 2022 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း

Monday, 25 July 2022 04:05

25th July 2022 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း

25th July 2022 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း

Friday, 22 July 2022 03:06

22nd July 2022 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း

22nd July 2022 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း

Tuesday, 19 July 2022 15:09

20th July 2022 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း

20th July 2022 Berthing List ရန်ကုန်ဆိပ်ကမ်း သင်္ဘောစာရင်း

Tuesday, 19 July 2022 05:14

အင်ချွန်းဆိပ်ကမ်းနှင့် အရှေ့တောင်အာရှအကြား ကွန်တိန်နာသင်္ဘောဝန်ဆောင်မှုအသစ် စတင်

အင်ချွန်းဆိပ်ကမ်းနှင့် အရှေ့တောင်အာရှအကြား ကွန်တိန်နာသင်္ဘောဝန်ဆောင်မှုအသစ် စတင်