Port News

Wednesday, 21 October 2020 06:45

အမေရိကန်က IRISL နှင့်ဆက်ဆံမှုအတွက် တရုတ်သင်္ဘောလိုင်းအချို့ကို နာမည်ပျက်စာရင်းသွင်း

အမေရိကန်ပြည်ထောင်စုသည် အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုအရ အီရန်မှ Islamic Republic of Iran Shipping Lines (IRISL) နှင့် စီးပွားရေးလုပ်ကိုင်သည့် တရုတ်သင်္ဘောလိုင်း ၆ ခုနှင့် လူပုဂ္ဂိုလ် နှစ်ဦးတို့ကို နာမည်ပျက်စာရင်းသွင်းကြောင်း အသိပေးကြေညာခဲ့သည်။

Wednesday, 21 October 2020 01:14

ဗင်နီဇွဲလား ရေပိုင်နက်တွင် ‌မြုပ်တော့မည့် ဟန်နဲ့ FSO Nabarima

အင်တာနက်တစ်ခွင် လောင်စာဆီတွေ ပြည့်နေအောင်တင်ဆောင်ထားတဲ့ Floating Storage and Offshore သင်္ဘောကြီး FSO Nabarima တိမ်းမှောက်တော့မည့်ပုံစံနှင့်စောင်းနေတာကို သင်တို့မြင်တွေ့ကြမှာပါ။ဒီသင်္ဘောကြီးကြောင့် ဗင်နီဇွဲလား ကမ်းခြေဒေသတွေဟာ ၎င်းရေနံစိမ်တွေ ဖိတ်စင် ပြီး သဘာ၀ပတ်ဝန်းကျင် စိုးရိမ်စရာ ဖြစ်မယ်ဆိုကာ အတော်လေး ပြဿနာများနေကြပါတယ်။

Monday, 19 October 2020 02:13

နိုင်ငံတကာသင်္ဘောသားပြောင်းလဲမှုအတွက် တရုတ်ဆိပ်ကမ်း ၁၀ ခု ခွင့်ပြုမည်

တရုတ်နိုင်ငံသည် ဆိပ်ကမ်း ၁၀ ခုကို နိုင်ငံခြားသင်္ဘောသားများ ပြောင်းလဲမှုလုပ်ငန်းစဉ် လည်ပတ်မှုအသစ်အား 'circuit breaker' စနစ်ဖြင့်ပြန်လည်လုပ်ကိုင်ခွင့်ပြုရန် စီစဉ်ထားပြီးဖြစ်ကြောင်း Bimco မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Saturday, 17 October 2020 08:35

အနာဂတ်ဆိပ်ကမ်းအတွက် တည်ဆောက်ရမည့် အုတ်ချပ် ၇ ခု

ပြောင်းလဲမှု၏ ခြေလှမ်းနှင့်အဟန့်အတား၊ တားဆီးနှောက်ယှက်မှု အရေအတွက်များ တိုးပွားလာဆဲဖြစ်သည်။

Tuesday, 06 October 2020 03:36

COVID-19 ကြောင့် အရည်ကြို ရောက်သွားတဲ့ ဇိမ်ခံခရီးသွားသင်္ဘောများ

အမေရိကန်၊ ဗြိတိန်နှင့်အီတလီ နိုင်ငံများမှ ဇိမ်ခံသင်္ဘောများသည် တူရကီနိုင်ငံ Aliaga ဆိပ်ကမ်းမြို့ရှိသင်္ဘောကျင်းတစ်ခုတွင် သတ္တုအပိုင်းအစများအဖြစ် ဖြတ်ထုတ်ပြီး သံရည်ကြိုခံဖို့ စောင့်ဆိုင်းနေကြရသည်မှာ COVID-19 ကူးစက်ရောဂါကြောင့် ဇိမ်ခံခရီးသွားသင်္ဘောများ လုပ်ငန်းကဏ္ဍ အကြီးအကျယ် ထိခိုက်ခဲ့သောကြောင့် ဖြစ်သည်။အဆိုပါ တူရကီသင်္ဘောကျင်းသည် ဇိမ်ခံခရီးသွားသင်္ဘော ၅ စီးကို တစ်ပြိင်တည်း အပိုင်းပိုင်း ဖြတ်တောက်နေသည်။ လူအင်အား နှစ်သောင်းခွဲဝန်းကျင်ဖြင့် လုပ်ကိုင်လျက် ရှိသည်။ သောကြာနေ့တွင်ငါးဖမ်းလှေငါးစီးအားခွဲထုတ်။ ဖြိုဖျက်ခဲ့သည်။ လူပေါင်း ၂၅၀၀၀ ခန့်သည်အဖွဲ့များတွင်အလုပ်လုပ်နေကြသည်။ သူတို့သည် သင်္ဘောမှာ တပ်ဆင်ထားသေ တံခါးများ၊ ပြတင်းများ အစရှိသည့် အစိတ်အပိုင်းများကို ဖြုတ်ထုတ်ကြသည်။ သင်္ဘောတစ်စီးကို အခွံချည်း ကျန်တော့သည်အထိ လုပ်ကိုင်ပေးကြမည် ဖြစ်သည်။ ခရီးသွားပင်လယ်ကူးသင်္ဘောကြီးတစ်စီးကို ခွာထုတ်သည့်အလုပ်သည် ၆ လဝန်းကျင်ခန့်ကြာမြင့်သည်။ ခရီးသွားလုပ်ငန်းမှ အပျော်ခရီး ဇိမ်ခံသင်္ဘော ငါးစီး အဖျက်ခံနေကြရာ၌ တစ်စီး၏ အမည်မှာ Carnival Fantasy ဖြစ်သည်။ Carnival Cruise Line ပိုင် သင်္ဘောဖြစ်ပြီး တစ်စီးလုံး ပြန်သ ထားသည်မှာ တစ်နှစ်သာသာမျှသာ ရှိသေးသည်။ ၂၀၂၀ ခုနှစ် ဒုတိဘ သုံးလပတ်တွင် အမေရိကန်ဒေါ်လာ ၄.၄ ဘီလျံ အရှုံးပေါ်ခဲ့ပြီးသည့်နောက်တွင် သင်္ဘော အရည်ကြိုဈေးဖြင့် ရောင်းထုတ်ပစ်ခဲ့ရသည်။ သင်္ဘောအရည်ကြိုလုပ်ငန်းကဏ္ဍမှ အသင်းဥက္ကဋ္ဌတစ်ဦးဖြစ်သူ Kamil Onal က Carnival Cruise Line ပိုင် နောက်ထပ် သင်္ဘော သုံးစီး အရည်ကြိုရန် ရောင်းချထားပြီး ဖြစ်ကြောင်း အတည်ပြုပြောကြားသည်။ ၂၀၂၀ ခုနှစ် အစောပိုင်းလများအတွင်း ဇိမ်ခံခရီးသွားသင်္ဘော(cruise ship)များ ပေါ်တွင် COVID-19 ကူးစက်မှုများ အစုလိုက်အပြုံလိုက် ဖြစ်ပွားခဲ့သည်။ မတ်လ ၂၅ ရက်တွင် coronavirus ကူးစက်ခံထားရသည့် ဇိမ်ခံခရီးသွားသင်္ဘောကြီးများ၏ စီးရေသည် ၃၆ စီးအထိ ဖြစ်လာခဲ့သည်။ သို့်ဖြစ်ရာ အမေရိကန် အာဏာပိုင်တို့က ခရုစ်သင်္ဘောများ ဆိပ်ကမ်းမှ ထွက်ခွာခွင့် မပေးတော့ဘဲ ရောက်သည့်အရပ်တွင် ကျောက်ချရပ်နားထားခိုင်းလိုက်သည်။ သို့ဖြစ်ရာ ဇိမ်ခံခရီးသွားသင်္ဘောလုပ်ငန်း အကြီးအကျယ် ထိခိုက်သည်။ Kamil Onal က ပြောပြသည်မှာ ကိုဗစ်ကူးစက်ရောဂါကပ်ဘေး မတိုင်ခင်က တူရကီ သင်္ဘောကျင်းများတွင် ကုန်တင်သင်္ဘောများ၊ ကွန်တိန်တာသင်္ဘောများကိုသာ အရည်ကြိုရန် ဆောင်ရွက်ခဲ့ကြရပြီး ခရုစ်သင်္ဘော မရှိခဲ့ချေ။"ဒါပေမဲ့ ကိုဗစ်ကပ်ဘေးမှာတော့ ခရုစ်သင်္ဘောတွေ Aliaga ကို ရောက်လာကြတာ တော်တော်များတယ်။ ခရီးစဉ်တွေ ဖျက်သိမ်းကြရပြီး စရိတ်တွေတက်၊ အလုပ်ကလည်း မရှိတော့ ဖျက်ပစ်ဖို့ကို ရွေးချယ်ကြတယ်" ဟု သူက ပြောသည်။ သင်္ဘောကျင်းအနေဖြင့် လုပ်ကိုင်ပေးနိုင်သည့် ပမာဏကို တိုးချဲ့ရန် ဆောင်ရွက်လျက်ရှိရာ နှစ်ကုန်ပိုင်းတွင် စတီးထည် တန်ချိန် ၁၁ သိန်းအထိ ဖျက်ပေးနိုင်မည် ဖြစ်သည်။ နှစ်ဆန်းတုန်းက တန်ချိန် ၇ သိန်းအထိသာ လုပ်ကိုင်ပေးနိုင်ခဲ့သည်။ "အခွင့်အလမ်းတွေ ပေါ်နေချိန်မှာ လက်လွှတ်ခံလို့ မဖြစ်ဘူး" ဟု Kamil Onal က ဖြည့်စွက် ပြောကြားသည်။ Source: Daily Mail

Sunday, 04 October 2020 09:49

နေ့စဉ် ဝါးတန်း-ဒလ ကားကူးဇက်၌ ကားအစီးရေ ၈၀ ခန့်သာ ကူးသန်းသွားလာ

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလ ပန်းဆိုးတန်း/ဒလ သင်္ဘောဆိပ်ကမ်း၌ ခရီးသည် ၆၀၀ ကျော် နှင့် ဝါးတန်း-ဒလ ကားကူးဇက်၌ ကားအစီးရေ ၈၀ ခန့် သာ

Sunday, 04 October 2020 06:51

"ငါတို့ကို ကူညီပါ အစားအစာ မရှိ လခမရ"

ပိုင်ရှင်စွန့်ပစ် ဆီတင်သင်္ဘောပေါ်မှ သင်္ဘောသား ဒုက္ခသည်များသတင်းကို ဖော်ပြထားသော

Thursday, 01 October 2020 07:38

Sea-Going Service Approval လျှောက်ထားခြင်းအား Online မှ ဆောင်ရွက်နိုင်

Sea-Going Service Approval လျှောက်ထားခြင်းအား Online မှ ဆောင်ရွက်သွားရန် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်ထားသည်။

Monday, 28 September 2020 10:18

ပန်းဆိုးတန်း-ဒလ ကူးတို့ယာဉ်များ အသွားအပြန် အခေါက်ရေလျှော့ချပြေးဆွဲ

ရန်ကုန် ပန်းဆိုးတန်း-ဒလ ကူးတို့ဆိပ်ကမ်းသည် အနယ်နယ်အရပ်ရပ်မှ ခရီးသွားမိဘပြည်သူများ၊အစိုးရဝန်ထမ်းများ၊