Port News

Wednesday, 28 August 2019 06:40

ကံမကောင်းတဲ့ C/V Soul of Luck

မနေ့က့ ညနေပိုင်း (၁၄/၇/၂၀၁၉)က မလေးရှားနိုင်ငံ Port Klang မှ အင်ဒိုနီးရှားနိုင်ငံ Semerang ဆိပ်ကမ်းသို့ဝင်ရောက်လာတဲ့ ကုန်သေတ္တာ feeder သင်္ဘော SOUL of LUCK ဟာ ဆိပ်ခံတံတားပေါ် က gantry crane တစ်လက်ကို သင်္ဘောရဲ့ဦးပိုင်း flare of the bow နဲ့တိုက်မိလို့ ကရိန်းလဲကျ သွားပါတယ်။

Friday, 23 August 2019 05:28

Multifunctional Buoy Handling Vessel “BH101”

ဒီသင်္ဘောက Class NK နဲ့ တည်ဆောက်ခဲ့ တာဖြစ်ပါတယ်။ တန်ဘိုး (US$ 2.1 Millions) ဖြစ်ပါတယ်။ တည်ဆောက်ချိန် (၉-လခန့်) ကြာခဲ့ပါတယ်။ ပိုင်ရှင်ကတော့ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဖြစ်ပါတယ်။ Keel Laying အား (၃၀-၁၀-၂၀၁၈) နေ့တွင် ဆောင်ရွက်ခဲ့ပြီး (၂၇-၇-၂၀၁၉) ရက်နေ့တွင် ပိုင်ရှင်သို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

Friday, 16 August 2019 04:10

သင်္ဘောလိုင်းများနှင့် ယှဉ်ပြိုင်မှုဥပဒေ

ဂျပန်နိုင်ငံ၏ အဓိက သင်္ဘောလိုင်းကြီးတစ်ခု ဖြစ်တဲ့ K လိုင်းဟာ အခြားသင်္ဘောလိုင်းများနှင့် အချင်းချင်းညှိ၍ အမြတ်ထွက်ရန်ပြစ်မှုမြောက်သော် ကြံစည်သဘောတူညီမှု (cartel conduct) ပြုလုပ်သည့်အတွက် သြစတြေးလျနိုင်ငံ ယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင် (ACCC) ကစစ်ဆေးပြီး ဖက်ဒရယ်တရားရုံးက ဒဏ်ငွေတပ်ရိုက်ခဲ့ပါတယ်။

Tuesday, 06 August 2019 11:10

Shipment နှင့် Cargo ခြားနားချက်

Shipment နှင့် Cargo နှစ်မျိုးစလုံးသည် သယ်ယူပို့ဆောင်သည့်ပို့ကုန်များ (သို့မဟုတ်) ကုန်စည်များကို ရည်ညွှန်းသည်။

Friday, 26 July 2019 08:56

ရန်ကုန်မြစ်အတွင်း ဆိပ်ကမ်းတစ်ခုတည်ဆောက်ရန် လေ့လာဆန်းစစ်နေ

ကုန်တန်ချိန်များစွာ တင်ဆောင်နိုင်သည့် သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သော ဆိပ်ကမ်းတစ်ခုကို ရန်ကုန်မြစ်အတွင်း အသစ်ထပ်မံတည်ဆောက်ရန် နယ်သာလန်နိုင်ငံမှ ကုမ္ပဏီတစ်ခု၏ အကူအညီဖြင့် လေ့လာဆန်းစစ်နေကြောင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောခဲ့ပါတယ်။

Thursday, 25 July 2019 07:08

သုံးနှစ်အတွင်း ဆိပ်ခံတံတားရှစ်စင်းအထိ တိုးချဲ့တည်ဆောက်ခဲ့သည့် သီလဝါဆိပ်ကမ်းဒေသတွင် ဆိပ်ခံတံတားကို တိုးချဲ့တည်ဆောက်ရန် ဂျပန်နိုင်ငံနှင့် ညှိနှိုင်းနေ

သုံးနှစ်တာအတွင်း ဆိပ်ခံတံတားရှစ်စင်းအထိ တိုးချဲ့တည်ဆောက်ခဲ့သည့် သီလဝါဆိပ်ကမ်းဒေသတွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ အထွေထွေကုန်စည်နှင့် ကုန်သေတ္တာတင်ချ ဆိပ်ခံတံတားသစ် (TMIT) အား တိုးချဲ့တည်ဆောက်ရန် ဂျပန်နိုင်ငံနှင့် ညှိနှိုင်းမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။

Thursday, 25 July 2019 04:42

စင်္ကာပူနိုင်ငံ၏ ထောက်ပံ့ဖြည့်ဆည်း စီမံဆောင်ရွက်မှုနှင့် ဆိပ်ကမ်းလုပ်ငန်း

မြန်မာနိုင်ငံအနေနဲ့ Logistics ဝန်ဆောင်မှု လုပ်ငန်းများ၊ ထောက်ပံ့ဖြည့်ဆည်းမှု ကွင်းဆက် လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဖက်ဖက်က ဝိုင်းဝန်းပြီးများစွာ ကြိုးစား ကြရဦးမှာ ဖြစ်ပါတယ်။ Logistics ကဏ္ဍနှင့် ပတ်သက်ပြီး ကမ္ဘာမှာ ဦးဆောင် နေရာက ရပ်တည်နေပြီး အာဆီယံ ဒေသတွင်း နိုင်ငံတစ်ခု ဖြစ်တဲ့ စင်္ကာပူနိုင်ငံရဲ့ ထောက်ပံ့ဖြည့်ဆည်း စီမံဆောင်ရွက်မှု (Logistics) နှင့် ထောက်ပံ့ဖြည့်ဆည်းမှု ကွင်းဆက် (Supply Chain) ကဏ္ဍ ဖွံ့ဖြိုး တိုးတက်လာမှုကို လေ့လာပြီး အတုယူ ကြိုးစား ပြင်ဆင်နိုင်မယ်ဆိုရင် အကျိုး တစ်စုံတစ်ရာ ရနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

Thursday, 11 July 2019 07:07

ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဂျပန်က ဆိပ်ကမ်းတည်ဆောက်ရန် ညှိနှိုင်း

မြန်မာနိုင်ငံ တောင်ပိုင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ပထမဦးစားပေး စီမံကိန်းသုံးခုအနက် ဂျပန်က ဆိပ်ကမ်းတည်ဆောက်မည်ဟု ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီထံမှ သတင်းရရှိခဲ့ပါတယ်။

Saturday, 29 June 2019 03:09

အဓိကဆောင်ရွက်ပေးရသည့်လုပ်ငန်းများနှင့် ရေယာဉ်အင်အား

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဓိကဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများမှာ-