Port News

Thursday, 06 June 2019 10:36

Liner operator များက သ​င်္ဘောကို အချိန်​ဖြင့်​ဌားရမ်းခြင်း နှင့်​ လူမပါ စင်းလုံးဌားခြင်း အ​ကြောင်းသိ​ကောင်း စရာများ။ (ပထမပိုင်း)

မတ်​လ ၃ရက်​​နေ့က ရာသီဥတု ဆိုးဝါးသဖြင့်​ Oregon Inlet ကမ်းရိုးတန်းမှ ၁၇ မိုင်​ အကွာတွင်​ Maersk Shanghai သ​င်္ဘော​၏ Bay ၄၂ ​ပေါ်မှ ပြုတ်​ကျသွား​သော်​ ကုန်​​သေတ္တာ ၇၆ လုံး တွင်​ ဆာလဖျုရစ်​အက်​စစ်​ ၅၉၀၀ ​ပေါင်​ ​ပါ​သော်​ကုန်​​သေတ္တာတစ်​လုံးပါ​ကြောင်း Maersk လိုင်းက ​ကြေညာချက်​ထုတ်​ပြန်​ထားပါသည်​။

Wednesday, 05 June 2019 07:41

သီလဝါ TMIT ဆိပ်ကမ်းလုပ်ကွက်ကို ဂျပန် Kmaigumi ကုမ္ပဏီက လုပ်ကိုင်ခွင့်ရ

ဂျပန်နိုင်ငံ ချေးငွေကန်ဒေါ်လာ သန်း ၂၀ဝဖြင့် တည်ဆောက်ထားသည့် ဧက ၄၀ရှိ TMIT ဆိပ်ကမ်း လုပ်ကွက်ကို မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ဂျပန် Kamigumi ကုမ္ပဏီအား ၃၈ နှစ်လုပ်ငန်းလုပ် ကိုင်ခွင့်ပြုခဲ့သည်။

Wednesday, 05 June 2019 04:06

တ​စ္ဆေ သ​င်္ဘော လိမ်​လည်​မှု

ကုလသမဂ္ဂ အရေးယူပိတ်ဆို့ခြင်း ခံထားရသည့် မြောက်ကိုရီးယား နိုင်ငံနှင့် အဆက်အသွယ် ပြုလုပ်သည်ဟု သံသယရှိကြောင်း အောက်ပါ သင်္ဘော ၉ စီးအား Office of Foreign Assets Control (OFAC) မှ တရားဝင် ထုတ်ပြန်လိုက်သဖြင့် အောက်ပါ သင်္ဘောများတွင် သွားရောက် တာဝန်ထမ်းဆောင်ရန် မသင့်ကြောင်း Department of Maritime Administration (DMA) အသိပေးတဲ့ ၂၀၁၈ ဧပြီလ ၉ ရက်​စွဲဖြင့်​ ဖြန့်​​ဝေစာကို ဖတ်​လိုက်​ရပါတယ်​။ တရုတ်နဲ့ ကိုရီးယား နိုင်ငံတွေမှာ ကုလသမဂ္ဂရဲ့ အရေးယူ ပိတ်ဆို့ခြင်း ခံထားရတဲ့ မြောက်ကိုရီးယား နိုင်ငံပိုင်သင်္ဘော ​တွေ နဲ့ ကုန်သွယ်လို့ ဆိုပြီး မြန်မာသင်္ဘောသားတွေ အများကြီး အထိန်းသိမ်းခံနေရ​ကြောင်းလည်း Social media မှာဖတ်​ရပါတယ်​။

Tuesday, 04 June 2019 08:08

ရန်ကုန်ဆိပ်ကမ်း

ရန်ကုန်မြို့သည် ၁၈ရာစု အလယ်အထိ ဒဂုံဟု အမည်တွင်ခဲ့ပြီး တံငါသည်ရွာငယ်ကလေးသာ ဖြစ်ခဲ့ကာ ဆိပ်ကမ်းမြို့အဖြစ် မတည်ရှိသေးဘဲသန်လျင်၊ ပုသိမ်၊ မုတ္တမနှင့် ပဲခူးမြို့များကိုသာ ဆိပ်ကမ်းမြို့များအဖြစ် အသုံးများခဲ့သည်။ ၁၇၅၅ ခုနှစ်တွင် အလောင်းဘုရားမင်းသည် ဧရာဝတီမြစ်တစ်လျှောက်ရှိ ဒသများကို သိမ်းပိုက်ရာမှ ဒဂုံသို့ ရောက်ရှိခဲ့ပြီး၊ ရန်ကုန်မြို့ဟုခေါ်တွင်စေကာ ပင်မဆိပ်ကမ်းမြို့အဖြစ် စတင် တည်ထောင်ခဲ့သည်။

Monday, 03 June 2019 04:43

သီလဝါဆိပ်ကမ်းတွင် TMIT အထွေထွေကုန်စည်၊ ကုန်သေတ္တာတင်ချ ဆိပ်ခံတံတားနှင့် IBTT ဆိပ်ခံတံတားသစ်များဖွင့်လှစ်

ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့ ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်း၌ နိုင်ငံတကာ အဆင့်မီ အထွေထွေ ကုန်စည်နှင့် ကုန်သေတ္တာတင်/ချ ဆိပ်ကမ်းသစ် (TMIT) ဖွင့်လှစ်ခြင်းနှင့် ကုန်သေတ္တာဖြင့်မဟုတ်သော စိုက်ပျိုးရေးထွက် ကောက်ပဲ သီးနှံ ကုန်စည်များ သင်္ဘောအစင်းလိုက် ကုန်စည်တင်/ချ ဆိပ်ကမ်းသစ် (IBTT) ၏ အကြို ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဆိပ်ကမ်းနေရာများ၌ ကျင်းပခဲ့ပါတယ်။

Saturday, 01 June 2019 05:17

သင်္ဘောကုန်တင်တန်ဆာတွေမှာ ဘာကြောင့် တံဆိပ်ခေါင်းခွန် မကပ်နှိပ်ထားကြတာလဲ?

တံဆိပ်ခေါင်းခွန်ထိုက်သင့်သော စာချုပ်စာတမ်းများ အားလုံးကို တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည်ဟု အသိပေးထားပြီး မလိုက်နာပါက လျော့နည်းနေသော အခွန်နှင့် ယင်း၏ ၁၀ ဆ ဒဏ်ငွေချမှတ်ကာ ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း ပြည်တွန်းအခွန်များဦးစီးဌာနက အသိပေးကြေညာချက် ထုတ်ပြန်ထားပါသည်။

Tuesday, 28 May 2019 10:43

အိန္ဒိယက ရန်ကုန်တွင် ကုန်သေတ္တာတင်သင်္ဘောဆိုက်ကပ်နိုင်သည် ဆိပ်ကမ်း ရှေ့လ၌ တည်ဆောက်မည်

အိန္ဒိယနိုင်ငံ၏ ဆိပ်ကမ်းတည်ဆောက်မှုတွင် အကြီးဆုံးကုမ္မဏီဖြစ်သည့် Adani Ports and Special Economic Zone (APSEZ) က ရန်ကုန်တွင် အမေရိကန်ဒေါ်လာ သန်း ၂၉၀ ရင်းနှီးမြှုပ်နှံ၍ ကုန်သေတ္တာတင် သင်္ဘောများဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းကို ဇွန်လတွင် စတင်တည်ဆောက်မည် ဖြစ်ကြောင်း Indiatimes သတင်းဖော်ပြချက်အရ သိရပါတယ်။

Monday, 27 May 2019 05:19

မြန်မာနိုင်ငံ ဆိပ်ကမ်းများသို့ ဆိုက်ရောက်လာသော သင်္ဘောများ၏ ကုန်လုပ်ငန်းဌာန

ကုန်လုပ်ငန်းဌာန အဓိကတာဝန်မှာ မြန်မာနိုင်ငံ ဆိပ်ကမ်းများသို့ ဆိုက်ရောက်လာသော သင်္ဘောများ၏ သွင်းကုန်/ပို့ကုန်နှင့် တစ်ဆင့်လွှဲပြောင်းကုန်များကို တင်/ချ ရှင်းလင်းခြင်း ဖြစ်သည်။

Thursday, 23 May 2019 04:22

သင်္ဘောဆိပ်၊ ဆိပ်ကမ်းနှင့် ကုန်တင်၊ ချဆိပ်ခံများအကြားက ခြားနားချက်များ

Port နှင့် Harbour ဝေါဟာရနှစ်ခုကို မြန်မာပြန်ဆိုရာတွင် အလွယ်တကူဆိပ်ကမ်းဟု ရေးသားလေ့ရှိကြသည်။ ဥပမာအားဖြင့် Pearl Authority ကို ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ ဟုလည်းကောင်း ခေါ်ဆိုခြင်းမျိုးဖြစ်သည်။ အမှန်တကယ်အားဖြင့် Port နှင့် Harbour စကားလုံးနှစ်ခုမှာ ရောထွေးနေလျက်ရှိသဖြင့် ဆိပ်ကမ်းဟု မြန်မာမှုပြုခြင်းဖြစ်သည်။ ထိုနည်းတူ Terminal ဟူသော ဝေါဟာရမှာလည်း သုံးနှုန်းသည့် နေရာသဘာဝအရ ရောထွေးနေလျက်ရှိသည်။