Port News

Thursday, 09 May 2019 08:04

ကုန်းတွင်းဆိပ်ကမ်းတစ်ခု၏ ခင်းကျင်းမှုပုံစံ

ကုန်းတွင်းဆိပ်ကမ်းတစ်ခု၏ ခင်းကျင်းမှုပုံစံသည် ရရှိသည့် နေမြေရာ အကျယ်အဝန်း၊ ပုံသဏ္ဍာန်၊ ရည်ရွယ်ထားသည့် ကုန်စည်ပမာဏ၊ ဆက်စပ်မှုရှိသည့် သယ်ယူပို့ဆောင်ရေးနည်းလမ်းတို့အပေါ် မူတည်၍ အပြောင်းအလဲများစွာလဲ ရှိပါတယ်။ ပုံတွင်ဖော်ပြထားသည့် ခင်းကျင်းမှုပုံစံမှာ ရထားပို့ဆောင်ရေးလမ်းကြောင်းကို အခြေခံ၍ တည်ဆောက်ထားသည့် ပုံစံတခုပဲ ဖြစ်ပါတယ်။

Wednesday, 08 May 2019 04:19

သင်္ဘောဆိပ်ကမ်း ဝန်ဆောင်မှု

ဆိပ်ကမ်းဝန်ဆောင်ရာ ဆိုသည်မှာ နိုင်ငံအစိုးရ (သို့) အာဏာပိုင်အဖွဲ့ အစည်းမှ သတ်မှတ်ထားသည့် သင်္ဘောနှင့်ဆိပ်ကမ်း ဆက်စပ်စေသည့်နေရာကိုဆိုလိုသည်။ ဤတွင်ကျောက်ချစခန်းများ၊ ကမ်းကပ်ရန် စောင့်ဆိုင်းနေရာများနှင့် ပင်လယ်ဘက်မှ ချည်းကပ်ရာ လမ်းကြောင်း ကဲ့သို့သော နေရာများ ပါဝင်သည်။

Tuesday, 30 April 2019 03:42

ပခုက္ကူမြို့အရှေ့ဘက် “အေး” ကျွန်းပေါ်တွင် ဆိပ်ကမ်းအသစ်တစ်ခု တည်ဆောက်

ပခုက္ကူမြို့ရှိ လက်ရှိဆိပ်ကမ်းကို ရေကြောင်းပြောင်းလဲမှု အခြေအနေများကြောင့် တည်ငြိမ်ဆိပ်ကမ်းအဖြစ် အသုံးမပြုနိုင်သဖြင့် မြို့၏ အရှေ့ဘက် “အေး” ကျွန်းပေါ်တွင် ဆိပ်ကမ်းအသစ်တစ်ခုကို တည်ဆောက်သွားမည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားချက်အရ သိခဲ့ရပါတယ်။

Monday, 29 April 2019 04:51

အလုပ်အကိုင် (၁၀၀၀)ကျော် ဖန်တီးပေးနိုင်မည့် ဆိပ်ကမ်းနှင့် ကုန်သေတ္တာ သိုလှောင်သည့်နေရာတည်ဆောက်ခြင်းလုပ်ငန်းအား MIC ခွင့်ပြု

BOT စနစ်ဖြင့်စင်္ကာပူနိုင်ငံမှ ဆိပ်ကမ်းနှင့် ကုန်သေတ္တာ သိုလှောင်သည့်နေရာ တည်ဆောက်ခြင်း လုပ်ငန်းအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)မှ ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။

Thursday, 11 April 2019 05:01

ရုပ်ပိုင်းဆိုင်ရာပျက်စီးမှု (physical damage) မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ် ဆောင်ရွက်ချက်များ

ရုပ်ပိုင်းဆိုင်ရာပျက်စီးမှု (physical damage) မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ် ဆောင်ရွက်ချက်များ

Thursday, 11 April 2019 04:29

ပြောင်းလဲလဲလှယ်ပေးသည့် ကုန်တင်တန်ဆာ Switch Bill of Lading

ပထမဦးဆုံးထုတ်ပေးထားသော ကုန်တင်တန်ဆာ မူရင်းသုံးစောင် (တစ်စုံ) ကို သင်္ဘောလိုင်းသို့ ပြန်လည်အပ်နှံသည့်အခါ သင်္ဘောလိုင်းမှ ကုန်တင်တန်ဆာအသစ်တစ်စုံ ပြန်လည်ထုတ်ပေးခြင်း ဖြစ်ပါသည်။ မူလကုန်သွယ်သည့် အခြေအနေနှင့် အနေအထားပြောင်းလဲသွားသည့် အခါ Switch bills ကို ထုတ်ပေးရန်တောင်းဆိုလေ့ရှိပါသည်။ အချို့သောအကြောင်းရင်းများမှာ

Thursday, 11 April 2019 04:24

ပနားမားတူးမြောင်း

ပနားမားတူးမြောင်းသည် ခန့်မှန်းခြေ ၈၀ ကီလိုမီတာခန့် ရှည်လျား၍ အတ္တလန်တစ်သမုဒ္ဓရာနှင့် ပစိဖိတ်သမုဒ္ဓရာ အကြားတွင် တည်ရှိသည်။ မြောက်အမေရိကနှင့် တောင်အမေရိကတိုက်ကြီးနှစ်ခု ဆက်စပ်နေသည့် အကျဉ်းမြောင်းဆုံး နေရာတွင် ရေလမ်းကြောင်းအဖြစ် ဖောက်လုပ် တည်ဆောက် ထားသည်။ ပနားမားတူးမြောင်း၏ အဝင်နှင့် အထွက်နေရာများတွင် အကန့်အလိုက် ခွဲခြားထားသော ရေထိန်းတံခါး စနစ်ကိုအသုံးပြုထားသည်။

Thursday, 11 April 2019 04:19

စူးအက်တူးမြောင်း Suez Canal

စူးအက်တူးမြောင်းသည် မြေထဲပင်လယ်နှင့် စူးအက်ပင်လယ်ကွေ့ကို ဆက်စပ်ပေးထားပြီး ထိုမှတစ်ဆင့် ဧဒုံပင်လယ် (ပင်လယ်နီ) သို့ ဆက်သွယ်ထားသည့် အီဂျစ်ပြည်ရှိ လူလုပ်တူးမြောင်း ဖြစ်သည်။ စူးအက်တူးမြောင်းသည် ၁၆၃ ကီလိုမီတာ ရှည်လျားကာ အကျယ်အနေဖြင့် အနည်းဆုံး ၆၀ မီတာရှိသည်။

Thursday, 11 April 2019 04:12

သင်္ဘောတင်ခနှုန်းထားပြောင်းလဲမှုဖြစ်စဉ် (Freight Rate Mechanism)

ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်မှုသည် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ ဆင့်ပွားပေါ်ပေါက်လာသည့် တောင်းဆိုမှု (ဝယ်လိုအား) ဖြစ်ပါသည်။ အဆိုပါ ဝယ်လိုအားအပေါ် အကျိုးသက်ရောက်သော အချက်များမှာ အစိုးရအဖွဲ့အစည်း၊ နိုင်ငံရေး အခြေအနေများ၊ ကမ္ဘာ့စီးပွားရေး၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှု၊ ပျမ်းမျှခရီး အကွာအဝေးနှင့် ပို့ဆောင်ရေး ကုန်ကျစရိတ် တို့ဖြစ်ပါသည်။ အခြားတစ်ဘက်တွင် သင်္ဘောလုပ်ငန်း ပံ့ပိုးနိုင်မှု (ရောင်းလိုအား) အပေါ် အကျိုးသက်ရောက်သော အချက်များမှာ သင်္ဘော အရေအတွက်၊ ကုန်တင် ဆောင်နိုင်သည့် ပမာဏနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ထိရောက်မှုတို့ ဖြစ်ပါသည်။